Joshua 24:17 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား သည် အကျွန်ုပ်တို့၏ဖခင်များနှင့်အကျွန်ုပ်တို့ အားကျွန်ခံရာအီဂျစ်ပြည်မှကယ်တင်တော် မူခဲ့ပါပြီ။ ကိုယ်တော်ပြုတော်မူသောအံ့သြ ဖွယ်ရာအမှုများကိုအကျွန်ုပ်တို့မြင်ခဲ့ရ ကြပါပြီ။ နိုင်ငံအသီးသီးကိုဖြတ်သန်း ရာခရီးတစ်လျှောက်တွင်ကိုယ်တော်သည် အကျွန်ုပ်တို့အားကာကွယ်စောင့်ရှောက် တော်မူခဲ့ပါသည်။-
Burmese 1835 Version Judson
ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှ အဘတို့နှင့် ငါတို့ကို နှုတ်ဆောင်၍၊ ကြီးစွာသော နိမိတ်လက္ခဏာတို့ကို ငါတို့မျက်မှောက်၌ ပြတော်မူပြီ။ ငါတို့သွားလေရာရာအရပ်၊ ရှောက်လေရာ ရာလူမျိုးတို့တွင် စောင့်တော်မူပြီ။
Burmese 1928
ထာ ဝ ရ ဘု ရား သည် ဘိုး ဘေး တို့ နှင့် ကျွန် တော် တို့ ကို အ စေ ခံ နေ ရာ အိ ဂျစ် ပြည် မှ ထုတ် ဆောင်၍ မျက် မှောက် ထင် ထင် မ ဟာ နိ မိတ် များ ကို ပြ လျက် လူ အ မျိုး မျိုး တို့ ပြည် နယ် တွင် ဖြတ် သွား ရာ လမ်း ခ ရီး တစ် လျှောက် စောင် မ တော် မူ သော ကျွန် တော် တို့ ဘု ရား ဖြစ် ပါ၏။
Burmese 2021
ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ အဘတို့နှင့် ငါတို့ကိုနုတ်ဆောင်၍၊ ကြီးစွာသောနိမိတ်လက္ခဏာတို့ကို ငါတို့မျက်မှောက်၌ ပြတော်မူပြီ။ ငါတို့သွားလေရာရာအရပ်၊ လျှောက်လေရာရာလူမျိုးတို့တွင် စောင့်တော်မူပြီ။
Burmese JBZV
ငါတို႔ဘုရားသခင္ ထာဝရဘုရားသည္၊ ကၽြန္ခံေနရာ အဲဂုတၱဳျပည္မွ အဘတို႔ႏွင့္ ငါတို႔ကိုႏုတ္ေဆာင္၍၊ ႀကီးစြာေသာနိမိတ္လကၡဏာတို႔ကို ငါတို႔မ်က္ေမွာက္၌ ျပေတာ္မူၿပီ။ ငါတို႔သြားေလရာရာအရပ္၊ ေလၽွာက္ေလရာရာလူမ်ိဳးတို႔တြင္ ေစာင့္ေတာ္မူၿပီ။
Burmese MCLZV
အကၽြန္ုပ္တို႔၏ဘုရားသခင္ထာဝရဘုရား သည္ အကၽြန္ုပ္တို႔၏ဖခင္မ်ားႏွင့္အကၽြန္ုပ္တို႔ အားကၽြန္ခံရာအီဂ်စ္ျပည္မွကယ္တင္ေတာ္ မူခဲ့ပါၿပီ။ ကိုယ္ေတာ္ျပဳေတာ္မူေသာအံ့ၾသ ဖြယ္ရာအမွုမ်ားကိုအကၽြန္ုပ္တို႔ျမင္ခဲ့ရ ၾကပါၿပီ။ နိုင္ငံအသီးသီးကိုျဖတ္သန္း ရာခရီးတစ္ေလၽွာက္တြင္ကိုယ္ေတာ္သည္ အကၽြန္ုပ္တို႔အားကာကြယ္ေစာင့္ေရွာက္ ေတာ္မူခဲ့ပါသည္။-
Burmese MSBU
အကြောင်းမူကား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တကွ ဘိုးဘေးတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်ပေးခဲ့သောအရှင်၊ အကျွန်ုပ်တို့ မျက်စိရှေ့တွင်ပင် ကြီးမားသောနိမိတ်လက္ခဏာများကို ပြတော်မူသောအရှင်၊ လူမျိုးခြားတို့အကြား ဖြတ်ကျော်လာရသောလမ်းခရီးတစ်လျှောက်လုံးတွင် အကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။
Burmese MSBZ
အေၾကာင္းမူကား အကြၽႏ္ုပ္တို႔၏ဘုရားသခင္ထာဝရဘုရားသည္ အကြၽႏ္ုပ္တို႔ႏွင့္တကြ ဘိုးေဘးတို႔ကို ကြၽန္ခံရာအိမ္အီဂ်စ္ျပည္မွ ထုတ္ေဆာင္ေပးခဲ့ေသာအရွင္၊ အကြၽႏ္ုပ္တို႔ မ်က္စိေရွ႕တြင္ပင္ ႀကီးမားေသာနိမိတ္လကၡဏာမ်ားကို ျပေတာ္မူေသာအရွင္၊ လူမ်ိဳးျခားတို႔အၾကား ျဖတ္ေက်ာ္လာရေသာလမ္းခရီးတစ္ေလွ်ာက္လုံးတြင္ အကြၽႏ္ုပ္တို႔ကို ေစာင့္ေရွာက္ေတာ္မူေသာအရွင္ ျဖစ္ေတာ္မူ၏။