Joshua 3:1 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
နောက်တစ်နေ့နံနက်စောစောအချိန်၌ ယောရှု နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် အကေရှစခန်းမှယော်ဒန်မြစ်သို့ထွက်ခွာ လာကြသည်။ မြစ်ကိုမဖြတ်ကူးမီမြစ်နား တွင်စခန်းချကြ၏။-
Burmese 1835 Version Judson
ယောရှုသည် နံနက်စောစောထ၍ ဣသရေလ အမျိုးသားအပေါင်းတို့နှင့်တကွ ရှိတ္တိမ်မြို့မှပြောင်း၍ ယော်ဒန်မြစ်ကို မကူးမှီ မြစ်နားတွင် စားခန်းချကြ၏။
Burmese 1928
ယော ရှု သည် နံ နက် အ ချိန် ထ ပြီး လျှင်၊ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ နှင့် တ ကွ၊ ရှိ တ္တိမ် မြို့ မှ ထွက် ချီ လျက်၊ ယော် ဒန် မြစ် ကို မ ကူး မီ မြစ် နား တွင် စ ခန်း ချ ကြ ၏။
Burmese 2021
ယောရှုသည် နံနက်စောစောထ၍ ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ရှိတ္တိမ်မြို့မှပြောင်း၍ ယော်ဒန်မြစ်ကိုမကူးမီ မြစ်နားတွင် စခန်းချကြ၏။
Burmese JBZV
ေယာရွုသည္ နံနက္ေစာေစာထ၍ ဣသေရလအမ်ိဳးသားအေပါင္းတို႔ႏွင့္တကြ ရွိတၱိမ္ၿမိဳ႕မွေျပာင္း၍ ေယာ္ဒန္ျမစ္ကိုမကူးမီ ျမစ္နားတြင္ စခန္းခ်ၾက၏။
Burmese MCLZV
ေနာက္တစ္ေန႔နံနက္ေစာေစာအခ်ိန္၌ ေယာရွု ႏွင့္ဣသေရလအမ်ိဳးသားအေပါင္းတို႔သည္ အေကရွစခန္းမွေယာ္ဒန္ျမစ္သို႔ထြက္ခြာ လာၾကသည္။ ျမစ္ကိုမျဖတ္ကူးမီျမစ္နား တြင္စခန္းခ်ၾက၏။-
Burmese MSBU
ယောရှုသည် နံနက်စောစောထပြီး အစ္စရေးအမျိုးသားအပေါင်းတို့နှင့်အတူ ရှိတ္တိမ်အရပ်မှခရီးပြု၍ ဂျော်ဒန်မြစ်သို့ရောက်လာကြ၏။ မြစ်ကိုမကူးသေးဘဲ ထိုမြစ်နား၌ စခန်းချကြ၏။
Burmese MSBZ
ေယာရႈသည္ နံနက္ေစာေစာထၿပီး အစၥေရးအမ်ိဳးသားအေပါင္းတို႔ႏွင့္အတူ ရွိတၱိမ္အရပ္မွခရီးျပဳ၍ ေဂ်ာ္ဒန္ျမစ္သို႔ေရာက္လာၾက၏။ ျမစ္ကိုမကူးေသးဘဲ ထိုျမစ္နား၌ စခန္းခ်ၾက၏။