Joshua 6:24 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုနောက်သူတို့သည်မြို့နှင့်တကွမြို့တွင်း ၌ရှိသမျှသောအရာအားလုံးကိုမီးရှို့ ဖျက်ဆီးကြ၏။ သို့ရာတွင်သူတို့သည် ရွှေ၊ ငွေ၊ ကြေးနီ၊ သံတို့ဖြင့်ပြုလုပ်သောဝတ္ထုပစ္စည်း များကိုသိမ်းယူ၍ ထာဝရဘုရား၏ဘဏ္ဍာ တော်တိုက်ထဲသို့သွင်းကြသည်။-
Burmese 1835 Version Judson
မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို မီးရှို့ကြ၏။ သို့ရာ တွင် ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာတို့ကို၎င်း၊ ထာဝရဘုရား၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ၏။
Burmese 1928
ရွှေ ငွေ မှ စ သော ကြေး သံ အ သုံး အ ဆောင် များ ကို ထာ ဝ ရ ဘု ရား၏ စံ ရာ တော် ရှိ ဘ ဏ္ဍာ ထိုက် လျက် မြို့ နှင့် တ ကွ၊ ရှိ သ မျှ ပါ မီး တိုက် ကြ၏။
Burmese 2021
မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို မီးရှို့ကြ၏။ သို့ရာတွင် ရွှေငွေကိုလည်းကောင်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာတို့ကိုလည်းကောင်း၊ ထာဝရဘုရား၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ၏။
Burmese JBZV
ၿမိဳ႕ႏွင့္တကြ ၿမိဳ႕၌ရွိသမၽွတို႔ကို မီးရွို႔ၾက၏။ သို႔ရာတြင္ ေရႊေငြကိုလည္းေကာင္း၊ ေၾကးဝါတန္ဆာ၊ သံတန္ဆာတို႔ကိုလည္းေကာင္း၊ ထာဝရဘုရား၏ ဘ႑ာေတာ္ထဲသို႔ သြင္းထားၾက၏။
Burmese MCLZV
ထိုေနာက္သူတို႔သည္ၿမိဳ႕ႏွင့္တကြၿမိဳ႕တြင္း ၌ရွိသမၽွေသာအရာအားလုံးကိုမီးရွို႔ ဖ်က္ဆီးၾက၏။ သို႔ရာတြင္သူတို႔သည္ ေရႊ၊ ေငြ၊ ေၾကးနီ၊ သံတို႔ျဖင့္ျပဳလုပ္ေသာဝတၳဳပစၥည္း မ်ားကိုသိမ္းယူ၍ ထာဝရဘုရား၏ဘ႑ာ ေတာ္တိုက္ထဲသို႔သြင္းၾကသည္။-
Burmese MSBU
ထို့နောက် သူတို့သည် မြို့နှင့်တကွ မြို့ထဲ၌ရှိသမျှတို့ကို မီးရှို့ပစ်၏။ ရွှေ၊ ငွေမှစ၍ ကြေးနီ၊ သံအသုံးအဆောင်တို့ကိုမူကား ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်ထဲသို့ သွင်းလေ၏။
Burmese MSBZ
ထို႔ေနာက္ သူတို႔သည္ ၿမိဳ႕ႏွင့္တကြ ၿမိဳ႕ထဲ၌ရွိသမွ်တို႔ကို မီးရႈိ႕ပစ္၏။ ေ႐ႊ၊ ေငြမွစ၍ ေၾကးနီ၊ သံအသုံးအေဆာင္တို႔ကိုမူကား ထာဝရဘုရား၏အိမ္ေတာ္ဘ႑ာတိုက္ထဲသို႔ သြင္းေလ၏။