Joshua 6:25 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ပြည့်တန်ဆာမရာခပ်သည်ယေရိခေါမြို့ အခြေအနေကိုထောက်လှမ်းရန် စေလွှတ်လိုက် သောသူနှစ်ယောက်တို့ကိုဝှက်ထားခဲ့ခြင်း ကြောင့် ယောရှုသည်သူနှင့်သူ၏ဆွေမျိုးအား လုံးတို့ကိုအသက်ချမ်းသာပေး၏။ (သူ၏ အဆက်အနွယ်တို့သည်ယနေ့တိုင်အောင် ဣသရေလအမျိုးသားတို့နှင့်အတူနေ ထိုင်လျက်ရှိကြသည်။)
Burmese 1835 Version Judson
ယောရှုသည်လည်း၊ ပြည်တန်ဆာ ရာခပ်နှင့် သူ့ပေါက်ဘော်၊ သူ၌ရှိသမျှတို့ကို အသက်ချမ်းသာပေး၍၊ သူသည် ဣသရေလအမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ၏။ အကြောင်းမူကား၊ ယေရိခေါမြို့ကို စူးစမ်း စေခြင်းငှါ၊ ယောရှုစေလွှတ်သော တမန်တို့ကို သူသည် ဝှက်ထားသောကြောင့်တည်း။
Burmese 1928
ယော ရှု သည် ယေ ရိ ခေါ မြို့ သို့ အ စူး အ စမ်း စေ လွှတ် သော တ မန် တို့ ကို ဝှက် ထား သူ ပြည် တန် ဆာ ရာ ခပ် နှင့် ဆွေ မျိုး သား ချင်း၊ ရှိ ရှိ သ မျှ အား အ သက် ချမ်း သာ ပေး သည် နှင့် အ ညီ ဣ သ ရေ လ အ မျိုး ဘောင် တွင် ယ နေ့ တိုင် အောင် နေ ရ ကြ သ တည်း။
Burmese 2021
ယောရှုသည်လည်း၊ ပြည့်တန်ဆာရာခပ်နှင့် သူ့ပေါက်ဖော်၊ သူ၌ရှိသမျှတို့ကို အသက်ချမ်းသာပေး၍၊ သူသည် ဣသရေလအမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ၏။ အကြောင်းမူကား၊ ယေရိခေါမြို့ကို စူးစမ်းစေခြင်းငှာ၊ ယောရှုစေလွှတ်သော တမန်တို့ကို သူသည်ဝှက်ထားသောကြောင့်တည်း။
Burmese JBZV
ေယာရွုသည္လည္း၊ ျပည့္တန္ဆာရာခပ္ႏွင့္ သူ႔ေပါက္ေဖာ္၊ သူ၌ရွိသမၽွတို႔ကို အသက္ခ်မ္းသာေပး၍၊ သူသည္ ဣသေရလအမ်ိဳးသားတို႔တြင္ ယေန႔တိုင္ေအာင္ ေနရေလ၏။ အေၾကာင္းမူကား၊ ေယရိေခါၿမိဳ႕ကို စူးစမ္းေစျခင္းငွာ၊ ေယာရွုေစလႊတ္ေသာ တမန္တို႔ကို သူသည္ဝွက္ထားေသာေၾကာင့္တည္း။
Burmese MCLZV
ျပည့္တန္ဆာမရာခပ္သည္ေယရိေခါၿမိဳ႕ အေျခအေနကိုေထာက္လွမ္းရန္ ေစလႊတ္လိုက္ ေသာသူႏွစ္ေယာက္တို႔ကိုဝွက္ထားခဲ့ျခင္း ေၾကာင့္ ေယာရွုသည္သူႏွင့္သူ၏ေဆြမ်ိဳးအား လုံးတို႔ကိုအသက္ခ်မ္းသာေပး၏။ (သူ၏ အဆက္အႏြယ္တို႔သည္ယေန႔တိုင္ေအာင္ ဣသေရလအမ်ိဳးသားတို႔ႏွင့္အတူေန ထိုင္လ်က္ရွိၾကသည္။)-
Burmese MSBU
ဂျေရိခေါမြို့ကိုစူးစမ်းရန် ယောရှုစေလွှတ်သောသူလျှိုတို့ကို ပြည့်တန်ဆာရာခပ်သည် ဝှက်ထားသောကြောင့် ယောရှုသည် ရာခပ်အပါအဝင် သူ့ဖခင်၏မိသားစုနှင့် သူ့အိမ်၌ရှိသောသူအပေါင်းတို့ကို အသက်ချမ်းသာခွင့်ပေးလေ၏။ ရာခပ်သည် ယနေ့တိုင်အောင် အစ္စရေးလူမျိုးတို့နှင့်အတူ နေထိုင်လေ၏။
Burmese MSBZ
ေဂ်ရိေခါၿမိဳ႕ကိုစူးစမ္းရန္ ေယာရႈေစလႊတ္ေသာသူလွ်ိဳတို႔ကို ျပည့္တန္ဆာရာခပ္သည္ ဝွက္ထားေသာေၾကာင့္ ေယာရႈသည္ ရာခပ္အပါအဝင္ သူ႔ဖခင္၏မိသားစုႏွင့္ သူ႔အိမ္၌ရွိေသာသူအေပါင္းတို႔ကို အသက္ခ်မ္းသာခြင့္ေပးေလ၏။ ရာခပ္သည္ ယေန႔တိုင္ေအာင္ အစၥေရးလူမ်ိဳးတို႔ႏွင့္အတူ ေနထိုင္ေလ၏။