Joshua 8:14 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
အာ​ဣ​မင်း​သည်​ယော​ရှု​၏​စစ်​သူရဲ​များ​တပ်​ချ လျက်​ရှိ​သည်​ကို​မြင်​လျှင် မိ​မိ​၏​စစ်​သူရဲ​အ​ပေါင်း တို့​ကို​အ​လျင်​အ​မြန်​စု​ရုံး​၍ ဣ​သ​ရေ​လ​တပ် ကို​တိုက်​ခိုက်​ရန်​ယော်​ဒန်​မြစ်​ချိုင့်​ဝှမ်း​ဘက် ယ​ခင် တိုက်​ခိုက်​ခဲ့​သော​အ​ရပ်​သို့​ချီ​တက်​လေ​သည်။ သို့​ရာ​တွင်​သူ​သည်​မြို့​၏​အ​နောက်​ဘက်​၌ ဣ​သ​ရေ​လ​တပ်​ပုန်း​များ​ချ​ထား​ကြောင်း ကို​မ​ရိပ်​မိ​ချေ။-
Burmese 1835 Version Judson
ထိုအခြင်းအရာတို့ကို အာဣမင်းကြီးသည် မြင် လျှင်၊ မြို့သားယောက်ျားတို့သည် စောစောထ၍ အလျင် အမြန်ပြင်ဆင်ပြီးမှ၊ မင်းကြီးသည် လူအပေါင်းတို့နှင့်တကွ ဣသရေလအမျိုးသားတို့ကို တိုက်ခြင်းငှါ၊ ချိန်းချက်သော အချိန်၌ လွင်ပြင်သို့ ချီသွားလေ၏။ သို့ရာတွင် မြို့နောက် မှာ ကင်းတပ်ရှိမှန်းကို မသိ။
Burmese 1928
ထို အ ခြင်း အ ရာ ကို အာ ဣ ဘု ရင် သိ မြင် လျှင်၊ ဘက် ပါ မြို့ သား အ ပေါင်း တို့ နှင့် တ ကွ အ သော့ ထ ၍၊ မြို့ နောက် ဖေး ၌ တပ် ပုန်း ချ သည် ကို မ သိ ဘဲ ဣ သ ရေ လ တပ် ကို တိုက် ခိုက် ရန် စီ မံ ထား သော အ ရာ ဗာ ချိုင့် သို့ ချီ ထွက် ကြ ကုန် ၏။
Burmese 2021
ထို​အ​ခြင်း​အ​ရာ​တို့​ကို အာ​ဣ​မင်း​ကြီး​သည်​မြင်​လျှင်၊ မြို့​သား​ယောက်ျား​တို့​သည် စော​စော​ထ၍ အ​လျင်​အ​မြန်​ပြင်​ဆင်​ပြီး​မှ၊ မင်း​ကြီး​သည် လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ၊ ချိန်း​ချက်​သော အ​ချိန်၌ လွင်​ပြင်​သို့ ချီ​သွား​လေ၏။ သို့​ရာ​တွင် မြို့​နောက်​မှာ ကင်း​တပ်​ရှိ​မှန်း​ကို​မ​သိ။
Burmese JBZV
ထို​အ​ျခင္း​အ​ရာ​တို႔​ကို အာ​ဣ​မင္း​ႀကီး​သည္​ျမင္​လၽွင္၊ ၿမိဳ႕​သား​ေယာက္်ား​တို႔​သည္ ေစာ​ေစာ​ထ၍ အ​လ်င္​အ​ျမန္​ျပင္​ဆင္​ၿပီး​မွ၊ မင္း​ႀကီး​သည္ လူ​အ​ေပါင္း​တို႔​ႏွင့္​တ​ကြ ဣ​သ​ေရ​လ​အ​မ်ိဳး​သား​တို႔​ကို တိုက္​ျခင္း​ငွာ၊ ခ်ိန္း​ခ်က္​ေသာ အ​ခ်ိန္၌ လြင္​ျပင္​သို႔ ခ်ီ​သြား​ေလ၏။ သို႔​ရာ​တြင္ ၿမိဳ႕​ေနာက္​မွာ ကင္း​တပ္​ရွိ​မွန္း​ကို​မ​သိ။
Burmese MCLZV
အာ​ဣ​မင္း​သည္​ေယာ​ရွု​၏​စစ္​သူရဲ​မ်ား​တပ္​ခ် လ်က္​ရွိ​သည္​ကို​ျမင္​လၽွင္ မိ​မိ​၏​စစ္​သူရဲ​အ​ေပါင္း တို႔​ကို​အ​လ်င္​အ​ျမန္​စု​႐ုံး​၍ ဣ​သ​ေရ​လ​တပ္ ကို​တိုက္​ခိုက္​ရန္​ေယာ္​ဒန္​ျမစ္​ခ်ိဳင့္​ဝွမ္း​ဘက္ ယ​ခင္ တိုက္​ခိုက္​ခဲ့​ေသာ​အ​ရပ္​သို႔​ခ်ီ​တက္​ေလ​သည္။ သို႔​ရာ​တြင္​သူ​သည္​ၿမိဳ႕​၏​အ​ေနာက္​ဘက္​၌ ဣ​သ​ေရ​လ​တပ္​ပုန္း​မ်ား​ခ်​ထား​ေၾကာင္း ကို​မ​ရိပ္​မိ​ေခ်။-
Burmese MSBU
ထိုသို့​တပ်ချ​လျက်​ရှိ​သည်​ကို အာဣ​ဘုရင် သိမြင်​သောအခါ သူ​နှင့်​သူ​၏​မြို့သား​စစ်သည်​အပေါင်း​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို​တိုက်ခိုက်​ရန် ချိန်းချက်​ထား​သည့်​အတိုင်း စောစောထ​၍ အရာဗ​လွင်ပြင်​အရှေ့ဘက်​သို့ အလျင်အမြန်​စစ်ချီထွက်​လေ​၏​။ သို့ရာတွင် သူ​သည် မြို့​အနောက်ဘက်​၌ ကင်းပုန်း​ချထား​ကြောင်း​ကို မ​သိ​။
Burmese MSBZ
ထိုသို႔​တပ္ခ်​လ်က္​ရွိ​သည္​ကို အာဣ​ဘုရင္ သိျမင္​ေသာအခါ သူ​ႏွင့္​သူ​၏​ၿမိဳ႕သား​စစ္သည္​အေပါင္း​တို႔​သည္ အစၥေရး​လူမ်ိဳး​တို႔​ကို​တိုက္ခိုက္​ရန္ ခ်ိန္းခ်က္​ထား​သည့္​အတိုင္း ေစာေစာထ​၍ အရာဗ​လြင္ျပင္​အေရွ႕ဘက္​သို႔ အလ်င္အျမန္​စစ္ခ်ီထြက္​ေလ​၏​။ သို႔ရာတြင္ သူ​သည္ ၿမိဳ႕​အေနာက္ဘက္​၌ ကင္းပုန္း​ခ်ထား​ေၾကာင္း​ကို မ​သိ​။