Joshua 8:20 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
အာ​ဣ​မြို့​သား​တို့​သည်​နောက်​သို့​လှည့်​ကြည့် သော​အ​ခါ မြို့​မှ​မီး​ခိုး​လုံး​ကြီး​များ​အ​ထက် သို့​တက်​လျက်​ရှိ​သည်​ကို​မြင်​ရ​လေ​သည်။ ထို အ​ခါ​မြို့​ပြင်​ဘက်​သို့​ထွက်​ပြေး​ခဲ့​ကြ​သော ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​တို့​ကို​တိုက်​ခိုက်​ကြ​သ​ဖြင့် သူ​တို့​ထွက်​ပေါက်​မ​ရှိ​ဘဲ​ပိတ်​မိ​နေ​ကြ​၏။-
Burmese 1835 Version Judson
အာဣမြို့သားတို့သည် ပြန်ကြည့်၍၊ မြို့ကို လောင်သော မီး၏အခိုးသည် မိုဃ်းကောင်းကင်သို့ တက် လျက်ရှိသည်ကို မြင်သောအခါ၊ အဘယ်အရပ်ကိုမျှ ပြေး ခြင်းငှါ မတတ်စွမ်းနိုင်ကြ။ တောသို့ပြေးသောသူတို့သည် လည်း လိုက်သောသူတို့ကို ပြန်လှန်၍ တိုက်ကြ၏။
Burmese 1928
အာ ဣ စစ် သား တို့ လှည့် ကြည့်၍ မြို့ မှ ကောင်း ကင် သို့ မီး ခိုး တက် သည် ကို မြင် ကြ လျှင်၊ လက် လျော့ သည် နှင့် ဝဲ ယာ သို့ မ ဆုတ် မ ပြေး နိုင် သည့် အ တွင်း မြို့ ကို တပ် ပုန်း သိမ်း ယူ သည် ကိုလည်း ကောင်း၊ မြို့ မှ မီး ခိုး တက် သည် ကိုလည်း ကောင်း၊ သဲ က န္တာ ရ လမ်း ဖြင့် ဆုတ် ခဲ့ သော ယော ရှု နှင့် ဣ သ ရေ လ တစ် တပ် လုံး မြင် ကြ သော်၊ လိုက် လံ သူ အာ ဣ စစ် သား တို့ ကို ပြန် လှည့် လုပ် ကြံ ကြ ရာ၊
Burmese 2021
အာ​ဣ​မြို့​သား​တို့​သည် ပြန်​ကြည့်၍၊ မြို့​ကို​လောင်​သော မီး၏​အ​ခိုး​သည် မိုး​ကောင်း​ကင်​သို့ တက်​လျက်​ရှိ​သည်​ကို မြင်​သော​အ​ခါ၊ အ​ဘယ်​အ​ရပ်​ကို​မျှ ပြေး​ခြင်း​ငှာ မ​တတ်​စွမ်း​နိုင်​ကြ။ တော​သို့​ပြေး​သော​သူ​တို့​သည်​လည်း လိုက်​သော​သူ​တို့​ကို ပြန်​လှန်၍ တိုက်​ကြ၏။
Burmese JBZV
အာ​ဣ​ၿမိဳ႕​သား​တို႔​သည္ ျပန္​ၾကည့္၍၊ ၿမိဳ႕​ကို​ေလာင္​ေသာ မီး၏​အ​ခိုး​သည္ မိုး​ေကာင္း​ကင္​သို႔ တက္​လ်က္​ရွိ​သည္​ကို ျမင္​ေသာ​အ​ခါ၊ အ​ဘယ္​အ​ရပ္​ကို​မၽွ ေျပး​ျခင္း​ငွာ မ​တတ္​စြမ္း​နိုင္​ၾက။ ေတာ​သို႔​ေျပး​ေသာ​သူ​တို႔​သည္​လည္း လိုက္​ေသာ​သူ​တို႔​ကို ျပန္​လွန္၍ တိုက္​ၾက၏။
Burmese MCLZV
အာ​ဣ​ၿမိဳ႕​သား​တို႔​သည္​ေနာက္​သို႔​လွည့္​ၾကည့္ ေသာ​အ​ခါ ၿမိဳ႕​မွ​မီး​ခိုး​လုံး​ႀကီး​မ်ား​အ​ထက္ သို႔​တက္​လ်က္​ရွိ​သည္​ကို​ျမင္​ရ​ေလ​သည္။ ထို အ​ခါ​ၿမိဳ႕​ျပင္​ဘက္​သို႔​ထြက္​ေျပး​ခဲ့​ၾက​ေသာ ဣ​သ​ေရ​လ​တပ္​သား​တို႔​သည္​ျပန္​လွည့္​၍ အာ​ဣ​ၿမိဳ႕​သား​တို႔​ကို​တိုက္​ခိုက္​ၾက​သ​ျဖင့္ သူ​တို႔​ထြက္​ေပါက္​မ​ရွိ​ဘဲ​ပိတ္​မိ​ေန​ၾက​၏။-
Burmese MSBU
အာဣ​မြို့သား​တို့​သည် အနောက်​သို့​လှည့်​ကြည့်​သောအခါ မြို့​ထဲမှ​မီးခိုး​များ ကောင်းကင်​သို့​တက်​နေ​သည်​ကို မြင်​၏​။ ထိုအခါ မည်သည့်​ဘက်​သို့ ပြေး​ရ​မည်​ကို မ​သိ​ဖြစ်​ကြ​၏​။ တောကန္တာရ​ဘက်​သို့​ပြေးသွား​သော​စစ်သည်​တို့​က​လည်း အနောက်မှလိုက်​သော​သူ​တို့​ထံ ပြန်လှည့်​လာ​၏​။
Burmese MSBZ
အာဣ​ၿမိဳ႕သား​တို႔​သည္ အေနာက္​သို႔​လွည့္​ၾကည့္​ေသာအခါ ၿမိဳ႕​ထဲမွ​မီးခိုး​မ်ား ေကာင္းကင္​သို႔​တက္​ေန​သည္​ကို ျမင္​၏​။ ထိုအခါ မည္သည့္​ဘက္​သို႔ ေျပး​ရ​မည္​ကို မ​သိ​ျဖစ္​ၾက​၏​။ ေတာကႏၲာရ​ဘက္​သို႔​ေျပးသြား​ေသာ​စစ္သည္​တို႔​က​လည္း အေနာက္မွလိုက္​ေသာ​သူ​တို႔​ထံ ျပန္လွည့္​လာ​၏​။