Judges 1:3 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယုဒအနွယ်ဝင်တို့ကရှိမောင်အနွယ်ဝင် တို့အား``ငါတို့အတွက်သတ်မှတ်သည့်ပြည်သို့ ငါတို့နှင့်အတူလိုက်ပါ။ ငါတို့သည်ခါနာန် ပြည်သားတို့အားတိုက်ခိုက်ကြမည်။ ထိုနောက် ငါတို့သည်သင်တို့အတွက်သတ်မှတ်သည့် ပြည်သို့လိုက်ခဲ့ပါမည်'' ဟုပြောကြားကြ ၏။ သို့ဖြစ်၍ရှိမောင်အနွယ်ဝင်တို့သည်၊-
Burmese 1835 Version Judson
ယုဒသည် မိမိအစ်ကိုရှိမောင်အား၊ ခါနနိလူတို့ကို တိုက်ခြင်းငှါ ငါ့အမွေမြေသို့ ငါနှင့်အတူ လိုက်ပါ။ သင့်အမွေမြေသို့လည်း သင်နှင့်အတူ ငါလိုက်သွားမည်ဟုဆိုသည်အတိုင်း ရှိမောင်သည် လိုက်သွား လေ၏။
Burmese 1928
ဆွေ မျိုး သား ချင်း ရှိ မောင့် အ နွယ် အား ယု ဒ အ နွယ် က ခါ န နိ လူ မျိုး နှင့် စစ် ပြိုင် ရန် ကျွန် တော် တို့ ပိုင် စု နယ် သို့ လိုက် ခဲ့ ပါ။ ကျွန် တော် တို့ လည်း သင် တို့ ပိုင် စု နယ် သို့ လိုက် ပါ မည် ဟု ဆို သည့် အ တိုင်း ရှိ မောင့် အ နွယ် လိုက် ပါ လေ ၏။
Burmese 2021
ယုဒသည် မိမိအစ်ကိုရှိမောင်အား၊ ခါနနိလူတို့ကိုတိုက်ခြင်းငှာ ငါ့အမွေမြေသို့ ငါနှင့်အတူလိုက်ပါ။ သင့်အမွေမြေသို့လည်း သင်နှင့်အတူ ငါလိုက်သွားမည်ဟုဆိုသည်အတိုင်း ရှိမောင်သည်လိုက်သွားလေ၏။
Burmese JBZV
ယုဒသည္ မိမိအစ္ကိုရွိေမာင္အား၊ ခါနနိလူတို႔ကိုတိုက္ျခင္းငွာ ငါ့အေမြေျမသို႔ ငါႏွင့္အတူလိုက္ပါ။ သင့္အေမြေျမသို႔လည္း သင္ႏွင့္အတူ ငါလိုက္သြားမည္ဟုဆိုသည္အတိုင္း ရွိေမာင္သည္လိုက္သြားေလ၏။
Burmese MCLZV
ယုဒအႏြယ္ဝင္တို႔ကရွိေမာင္အႏြယ္ဝင္ တို႔အား``ငါတို႔အတြက္သတ္မွတ္သည့္ျပည္သို႔ ငါတို႔ႏွင့္အတူလိုက္ပါ။ ငါတို႔သည္ခါနာန္ ျပည္သားတို႔အားတိုက္ခိုက္ၾကမည္။ ထိုေနာက္ ငါတို႔သည္သင္တို႔အတြက္သတ္မွတ္သည့္ ျပည္သို႔လိုက္ခဲ့ပါမည္'' ဟုေျပာၾကားၾက ၏။ သို႔ျဖစ္၍ရွိေမာင္အႏြယ္ဝင္တို႔သည္၊-
Burmese MSBU
ထိုအခါ ယုဒအမျိုးတို့က မိမိတို့အစ်ကိုရှိမောင်အမျိုးတို့အား “ခါနာန်လူမျိုးတို့ကို တိုက်ခိုက်ရန် ငါတို့အမွေမြေသို့ ငါတို့နှင့်အတူ ချီတက်ပါလော့။ ငါတို့သည်လည်း သင်တို့အမွေမြေသို့ သင်တို့နှင့်အတူ ချီတက်မည်”ဟု ဆိုသဖြင့် ရှိမောင်အမျိုးတို့လည်း သူတို့နှင့်အတူ ချီတက်လေ၏။
Burmese MSBZ
ထိုအခါ ယုဒအမ်ိဳးတို႔က မိမိတို႔အစ္ကိုရွိေမာင္အမ်ိဳးတို႔အား “ခါနာန္လူမ်ိဳးတို႔ကို တိုက္ခိုက္ရန္ ငါတို႔အေမြေျမသို႔ ငါတို႔ႏွင့္အတူ ခ်ီတက္ပါေလာ့။ ငါတို႔သည္လည္း သင္တို႔အေမြေျမသို႔ သင္တို႔ႏွင့္အတူ ခ်ီတက္မည္”ဟု ဆိုသျဖင့္ ရွိေမာင္အမ်ိဳးတို႔လည္း သူတို႔ႏွင့္အတူ ခ်ီတက္ေလ၏။