Judges 10:16 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သူတို့သည်လူမျိုးခြားတို့ကိုးကွယ်သည့် ဘုရားများကိုလည်း စွန့်ပယ်ကာထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ကြကုန်၏။ ကိုယ် တော်သည်လည်းထိုသူတို့ခံရသောဆင်းရဲ ဒုက္ခအတွက်ကရုဏာသက်တော်မူ၏။
Burmese 1835 Version Judson
တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့ကို ပယ်၍ ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထိုအခါ ထာဝရဘုရားသည် ဣသရေလအမျိုး ခံရသော ဒုက္ခဆင်းရဲကြောင့် ကြင်နာသော စိတ်နှလုံးရှိတော်မူ၏။
Burmese 1928
ရှိ သ မျှ သော လူ မျိုး ခြား တို့ ဘု ရား များ ကို ပစ် ပယ်၍ ထာ ဝ ရ ဘု ရား ကို ဝတ် ပြု ကြ သော်၊ ဣ သ ရေ လ လူ မျိုး တို့ ပင် ပန်း ခြင်း ကြောင့် စိတ် တော် မ သာ မ ယာ ရှိ တော် မူ၏။
Burmese 2021
တစ်ပါးအမျိုးသားကိုးကွယ်သော ဘုရားတို့ကိုပယ်၍ ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထိုအခါ ထာဝရဘုရားသည် ဣသရေလအမျိုးခံရသော ဒုက္ခဆင်းရဲကြောင့် နာကျင်သောစိတ်နှလုံးရှိတော်မူ၏။
Burmese JBZV
တစ္ပါးအမ်ိဳးသားကိုးကြယ္ေသာ ဘုရားတို႔ကိုပယ္၍ ထာဝရဘုရားကို ဝတ္ျပဳၾက၏။ ထိုအခါ ထာဝရဘုရားသည္ ဣသေရလအမ်ိဳးခံရေသာ ဒုကၡဆင္းရဲေၾကာင့္ နာက်င္ေသာစိတ္ႏွလုံးရွိေတာ္မူ၏။
Burmese MCLZV
သူတို႔သည္လူမ်ိဳးျခားတို႔ကိုးကြယ္သည့္ ဘုရားမ်ားကိုလည္း စြန႔္ပယ္ကာထာဝရ ဘုရားအားဝတ္ျပဳကိုးကြယ္ၾကကုန္၏။ ကိုယ္ ေတာ္သည္လည္းထိုသူတို႔ခံရေသာဆင္းရဲ ဒုကၡအတြက္က႐ုဏာသက္ေတာ္မူ၏။
Burmese MSBU
ထို့နောက် သူတို့သည် တိုင်းတစ်ပါးသားဘုရားများကို သူတို့ထံမှ ဖယ်ရှားပြီး ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။ အစ္စရေးလူမျိုးတို့ ကြုံတွေ့ရသော အခက်အခဲပြဿနာများကြောင့် ကိုယ်တော်သည် သူတို့ကို သနားတော်မူ၏။
Burmese MSBZ
ထို႔ေနာက္ သူတို႔သည္ တိုင္းတစ္ပါးသားဘုရားမ်ားကို သူတို႔ထံမွ ဖယ္ရွားၿပီး ထာဝရဘုရားကိုသာ ဝတ္ျပဳၾက၏။ အစၥေရးလူမ်ိဳးတို႔ ႀကဳံေတြ႕ရေသာ အခက္အခဲျပႆနာမ်ားေၾကာင့္ ကိုယ္ေတာ္သည္ သူတို႔ကို သနားေတာ္မူ၏။