Judges 14:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ရာတွင်ထာဝရဘုရားသည်ဖိလိတ္တိအမျိုး သားတို့အား တိုက်ခိုက်ရန်အခွင့်အခါကိုရှာ လျက်ရှိသဖြင့် ရှံဆုန်အားဤအမှုအရာကို ပြုစေတော်မူလျက်ရှိကြောင်းကိုမူသူ၏ မိဘတို့သည်မသိကြ။ ထိုကာလသည်ကား ဣသရေလအမျိုးသားတို့အပေါ်ဝယ် ဖိလိတ္တိအမျိုးသားတို့ကြီးစိုးလျက်နေ သောကာလတည်း။
Burmese 1835 Version Judson
ထာဝရဘုရားစီရင်တော်မူသောအားဖြင့်၊ ရှံဆုန်သည် ဖိလိတ္တိလူတို့၌ အမှုရှာကြောင်းကို မိဘတို့သည် မရိပ်မိကြ။ ထိုကာလ၌ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို အုပ်စိုးသတည်း။
Burmese 1928
ထို အ ခါ ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် ဖိ လိ တ္တိ လူ မျိုး အ စိုး ရ သည် ဖြစ်၍ ဖိ လိ တ္တိ လူ မျိုး၌ ရန် မူ ရန် အ ကြောင်း ထာ ဝ ရ ဘုရား ပြု တော် မူ သည့် အ တိုင်း အ ထံ တော် မှ ဖြစ် ပွား သည် ကို မိ ဘ တို့ မ သိ ကြ ချေ။
Burmese 2021
ထာဝရဘုရား စီရင်တော်မူသောအားဖြင့်၊ ရှံဆုန်သည် ဖိလိတ္တိလူတို့၌ အမှုရှာကြောင်းကို မိဘတို့သည် မရိပ်မိကြ။ ထိုကာလ၌ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို အုပ်စိုးသတည်း။
Burmese JBZV
ထာဝရဘုရား စီရင္ေတာ္မူေသာအားျဖင့္၊ ရွံဆုန္သည္ ဖိလိတၱိလူတို႔၌ အမွုရွာေၾကာင္းကို မိဘတို႔သည္ မရိပ္မိၾက။ ထိုကာလ၌ ဖိလိတၱိလူတို႔သည္ ဣသေရလအမ်ိဳးကို အုပ္စိုးသတည္း။
Burmese MCLZV
သို႔ရာတြင္ထာဝရဘုရားသည္ဖိလိတၱိအမ်ိဳး သားတို႔အား တိုက္ခိုက္ရန္အခြင့္အခါကိုရွာ လ်က္ရွိသျဖင့္ ရွံဆုန္အားဤအမွုအရာကို ျပဳေစေတာ္မူလ်က္ရွိေၾကာင္းကိုမူသူ၏ မိဘတို႔သည္မသိၾက။ ထိုကာလသည္ကား ဣသေရလအမ်ိဳးသားတို႔အေပၚဝယ္ ဖိလိတၱိအမ်ိဳးသားတို႔ႀကီးစိုးလ်က္ေန ေသာကာလတည္း။
Burmese MSBU
ဖိလိတ္တိလူမျိုးတို့ကို ရန်ရှာတိုက်ခိုက်ခွင့်ရအောင် ထာဝရဘုရားပြုတော်မူသည်ကို သူ့မိဘမသိ။ ထိုစဉ်က ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို အုပ်စိုးနေချိန်ဖြစ်၏။
Burmese MSBZ
ဖိလိတၱိလူမ်ိဳးတို႔ကို ရန္ရွာတိုက္ခိုက္ခြင့္ရေအာင္ ထာဝရဘုရားျပဳေတာ္မူသည္ကို သူ႔မိဘမသိ။ ထိုစဥ္က ဖိလိတၱိလူမ်ိဳးတို႔သည္ အစၥေရးလူမ်ိဳးတို႔ကို အုပ္စိုးေနခ်ိန္ျဖစ္၏။