Judges 16:2 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဂါ​ဇ​မြို့​သား​တို့​သည်​ရှံ​ဆုန်​ရောက်​ရှိ​နေ​ကြောင်း ကို​ကြား​သိ​ကြ​သ​ဖြင့် ထို​အိမ်​ကို​ဝိုင်း​ရံ​ထား ပြီး​လျှင်​တစ်​ည​လုံး​မြို့​တံ​ခါး​ဝ​မှ​စောင့်​နေ ကြ​၏။ ``ငါ​တို့​သည်​သူ့​အား​မိုး​လင်း​သည်​တိုင် အောင်​စောင့်​ဆိုင်း​ပြီး​မှ​သတ်​ပစ်​မည်'' ဟု​ကြံ စည်​ကာ​ဆိတ်​ငြိမ်​စွာ​နေ​ကြ​၏။-
Burmese 1835 Version Judson
ရှံဆုန်ရောက်ကြောင်းကို ဂါဇမြို့သားတို့သည် ကြားလျှင် ဝိုင်းထားလျက်၊ မြို့တံခါးဝ၌ တညဉ့်လုံး ချောင်းမြောင်းလျက်၊ နံနက်မိုဃ်းလင်းသောအခါ သူ့ကို သတ်မည်ဟု ဆို၍ တညဉ့်လုံး ငြိမ်သက်စွာ နေကြ၏။
Burmese 1928
ဂါ ဇ မြို့ သား တို့ ဝန်း ဝိုင်း လျက် နံ နက် မိုး သောက် လျင် သတ် ရ တော့ မည် ဟု အောက် မေ့၍ တစ် ညဉ့် ပတ် လုံး မြို့ တံ ခါး အ နီး မှာ တိတ် ဆိတ် စွာ ချောင်း နေ ကြ လေ ၏။
Burmese 2021
ရှံ​ဆုန်​ရောက်​ကြောင်း​ကို ဂါ​ဇ​မြို့​သား​တို့​သည် ကြား​လျှင် ဝိုင်း​ထား​လျက်၊ မြို့​တံ​ခါး​ဝ၌ တစ်​ည​လုံး​ချောင်း​မြောင်း​လျက်၊ နံ​နက်​မိုး​လင်း​သော​အ​ခါ သူ့​ကို​သတ်​မည်​ဟု​ဆို၍ တစ်​ည​လုံး ငြိမ်​သက်​စွာ နေ​ကြ၏။
Burmese JBZV
ရွံ​ဆုန္​ေရာက္​ေၾကာင္း​ကို ဂါ​ဇ​ၿမိဳ႕​သား​တို႔​သည္ ၾကား​လၽွင္ ဝိုင္း​ထား​လ်က္၊ ၿမိဳ႕​တံ​ခါး​ဝ၌ တစ္​ည​လုံး​ေခ်ာင္း​ေျမာင္း​လ်က္၊ နံ​နက္​မိုး​လင္း​ေသာ​အ​ခါ သူ႔​ကို​သတ္​မည္​ဟု​ဆို၍ တစ္​ည​လုံး ၿငိမ္​သက္​စြာ ေန​ၾက၏။
Burmese MCLZV
ဂါ​ဇ​ၿမိဳ႕​သား​တို႔​သည္​ရွံ​ဆုန္​ေရာက္​ရွိ​ေန​ေၾကာင္း ကို​ၾကား​သိ​ၾက​သ​ျဖင့္ ထို​အိမ္​ကို​ဝိုင္း​ရံ​ထား ၿပီး​လၽွင္​တစ္​ည​လုံး​ၿမိဳ႕​တံ​ခါး​ဝ​မွ​ေစာင့္​ေန ၾက​၏။ ``ငါ​တို႔​သည္​သူ႔​အား​မိုး​လင္း​သည္​တိုင္ ေအာင္​ေစာင့္​ဆိုင္း​ၿပီး​မွ​သတ္​ပစ္​မည္'' ဟု​ႀကံ စည္​ကာ​ဆိတ္​ၿငိမ္​စြာ​ေန​ၾက​၏။-
Burmese MSBU
“​ဤ​မြို့​သို့ ရှံဆုန်​ရောက်လာ​ပြီ​”​ဟူသော​သတင်း​ကို ဂါဇ​မြို့သား​တို့ ကြားသိ​သောအခါ ထို​နေရာ​ကို​ဝိုင်းထား​၍ မြို့​တံခါး​၌ တစ်ညလုံး​ချောင်းမြောင်း​နေ​ကြ​၏​။ သူ​တို့​က “​နံနက်​မိုးလင်း​လျှင် သူ့​ကို ငါ​တို့​သတ်​မည်​”​ဟု ဆို​လျက် တစ်ညလုံး တိတ်ဆိတ်​စွာ​နေ​ကြ​၏​။
Burmese MSBZ
“​ဤ​ၿမိဳ႕​သို႔ ရွံဆုန္​ေရာက္လာ​ၿပီ​”​ဟူေသာ​သတင္း​ကို ဂါဇ​ၿမိဳ႕သား​တို႔ ၾကားသိ​ေသာအခါ ထို​ေနရာ​ကို​ဝိုင္းထား​၍ ၿမိဳ႕​တံခါး​၌ တစ္ညလုံး​ေခ်ာင္းေျမာင္း​ေန​ၾက​၏​။ သူ​တို႔​က “​နံနက္​မိုးလင္း​လွ်င္ သူ႔​ကို ငါ​တို႔​သတ္​မည္​”​ဟု ဆို​လ်က္ တစ္ညလုံး တိတ္ဆိတ္​စြာ​ေန​ၾက​၏​။