Judges 16:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဖိလိတ္တိဘုရင်ငါးပါးတို့သည်ဒေလိလထံ သို့လာ၍``ရှံဆုန်သည်အဘယ်ကြောင့်ဤမျှ ခွန်အားကြီးရကြောင်းကိုလည်းကောင်း၊ သူ့ အားအဘယ်သို့နှိမ်နင်း၍ချည်နှောင်ထား နိုင်ကြောင်းကိုလည်းကောင်းသိရှိရန်သူ့အား ဖြားယောင်း၍မေးပါ။ ငါတို့တစ်ယောက်လျှင် ငွေတစ်ဆယ့်တစ်ပိဿာစီပေးပါမည်'' ဟုပြော၏။
Burmese 1835 Version Judson
ဖိလိတ္တိမင်းတို့သည် ထိုမိန်းမဆီသို့ လာ၍၊ ရှံဆုန်၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သနည်း၊ သူ့ကို ချည်နှောင်၍ နှိပ်စက်ခြင်းငှါ အဘယ်သို့ တတ်နိုင်မည်နည်းဟု သူ့ကို ချော့မော့၍ စူးစမ်းပါ။ ငါတို့သည် ဝိုင်း၍ ငွေဆယ်တပိဿာကို ပေးမည်ဟု ဆိုကြ၏။
Burmese 1928
ဖိ လိ တ္တိ မင်း တို့ သည် ထို မိန်း မ ထံ လာ ရောက်၍ မည် သည့် နည်း နှင့် ကြီး စွာ သော ခွန် အား တည် သည် ကိုလည်း ကောင်း၊ နှိပ် စက် ခွင့် ရ စေ ခြင်း ငှာ မည် သည့် နည်း နှင့် ချည် နှောင် ရ သည် ကိုလည်း ကောင်း သင် သိ ရန် ရှံ ဆုန် အား ဖြား ယောင်း ပါ။ ငါ တို့ တစ် ယောက် လျှင် ငွေ ဆယ့် တစ် ပိဿာ စီ ပေး ပါ မည် ဟု ဝန် ခံ ကြ ပြီး သော်၊
Burmese 2021
ဖိလိတ္တိမင်းတို့သည် ထိုမိန်းမဆီသို့လာ၍၊ ရှံဆုန်၌ ကြီးသောခွန်အားသည် အဘယ်အရာအားဖြင့်တည်သနည်း၊ သူ့ကို ချည်နှောင်၍ နှိပ်စက်ခြင်းငှာ အဘယ်သို့ တတ်နိုင်မည်နည်းဟု သူ့ကိုချော့မော့၍ စူးစမ်းပါ။ ငါတို့သည် ဝိုင်း၍ ငွေဆယ်တစ်ပိဿာကို ပေးမည်ဟု ဆိုကြ၏။
Burmese JBZV
ဖိလိတၱိမင္းတို႔သည္ ထိုမိန္းမဆီသို႔လာ၍၊ ရွံဆုန္၌ ႀကီးေသာခြန္အားသည္ အဘယ္အရာအားျဖင့္တည္သနည္း၊ သူ႔ကို ခ်ည္ေႏွာင္၍ ႏွိပ္စက္ျခင္းငွာ အဘယ္သို႔ တတ္နိုင္မည္နည္းဟု သူ႔ကိုေခ်ာ့ေမာ့၍ စူးစမ္းပါ။ ငါတို႔သည္ ဝိုင္း၍ ေငြဆယ္တစ္ပိႆာကို ေပးမည္ဟု ဆိုၾက၏။
Burmese MCLZV
ဖိလိတၱိဘုရင္ငါးပါးတို႔သည္ေဒလိလထံ သို႔လာ၍``ရွံဆုန္သည္အဘယ္ေၾကာင့္ဤမၽွ ခြန္အားႀကီးရေၾကာင္းကိုလည္းေကာင္း၊ သူ႔ အားအဘယ္သို႔ႏွိမ္နင္း၍ခ်ည္ေႏွာင္ထား နိုင္ေၾကာင္းကိုလည္းေကာင္းသိရွိရန္သူ႔အား ျဖားေယာင္း၍ေမးပါ။ ငါတို႔တစ္ေယာက္လၽွင္ ေငြတစ္ဆယ့္တစ္ပိႆာစီေပးပါမည္'' ဟုေျပာ၏။
Burmese MSBU
ထို့ကြောင့် ဖိလိတ္တိမင်းတို့သည် ဒေလိလထံသို့လာ၍ “ရှံဆုန်၏ကြီးမားသောခွန်အားသည် အဘယ်ကဖြစ်ကြောင်း၊ သူ့ကို မည်သည့်နည်းဖြင့် ဖမ်းဆီးချုပ်နှောင်နှိပ်စက်နိုင်ကြောင်းကို သူ့အား ချော့မော့မေးမြန်းကြည့်လော့။ ငါတို့သည် သင့်အား ငွေစ တစ်ထောင့်တစ်ရာစီ ပေးမည်”ဟု ဆိုကြ၏။
Burmese MSBZ
ထို႔ေၾကာင့္ ဖိလိတၱိမင္းတို႔သည္ ေဒလိလထံသို႔လာ၍ “ရွံဆုန္၏ႀကီးမားေသာခြန္အားသည္ အဘယ္ကျဖစ္ေၾကာင္း၊ သူ႔ကို မည္သည့္နည္းျဖင့္ ဖမ္းဆီးခ်ဳပ္ေႏွာင္ႏွိပ္စက္ႏိုင္ေၾကာင္းကို သူ႔အား ေခ်ာ့ေမာ့ေမးျမန္းၾကည့္ေလာ့။ ငါတို႔သည္ သင့္အား ေငြစ တစ္ေထာင့္တစ္ရာစီ ေပးမည္”ဟု ဆိုၾက၏။