Judges 18:14 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုအခါလဲရှနယ်သို့သွားရောက်စူးစမ်း ထောက်လှမ်းခဲ့သောလူငါးယောက်တို့က မိမိ တို့၏အပေါင်းအဖော်များအား``ဤအိမ်စု အနက်အိမ်တစ်လုံးတွင်ငွေဖြင့်မွမ်းမံထား သည့်ရုပ်တုတစ်ခုရှိသည်ကို သင်တို့သိကြ ပါ၏လော။ ထိုအိမ်တွင်အခြားရုပ်တုများ နှင့်သင်တိုင်းတော်တစ်ခုလည်းရှိ၏။ ငါတို့ အဘယ်သို့ပြုသင့်သည်ဟုသင်တို့ထင် မြင်ကြပါသနည်း'' ဟုမေး၏။-
Burmese 1835 Version Judson
ထိုအခါ လဲရှမြို့ကို စူးစမ်းခြင်းငှါ သွားသော သူငါးယောက်တို့က၊ ဤအိမ်တို့၌ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုရှိကြောင်းကို သိသလော။ အဘယ်သို့ ပြုရမည်ကို ဆင်ခြင်ကြလော့ဟု အမျိုးသားချင်းတို့အားဆိုသော်၊-
Burmese 1928
လဲ ရှ နယ် ကို အ စူး အ စမ်း သွား ဖူး သူ ငါး ယောက် တို့ က ထို အိမ် စု တွင် ဧ ဖုဒ် အ ရုပ်၊ တေ ရပ် အ ရုပ်၊ သွန်း ထု ပြီး ရုပ် ပွား ဆင်း တု များ တည် ထား ကြောင်း မ သိ ပါ သ လော။ မည် သို့ ပြု လုပ် ရ မည် ကို ဆင် ခြင် ကြ ဦး လော့ ဟု ဆွေ မျိုး သား ချင်း တို့ အား ဆို သော်
Burmese 2021
ထိုအခါ လဲရှမြို့ကို စူးစမ်းခြင်းငှာသွားသော သူငါးယောက်တို့က၊ ဤအိမ်တို့၌ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုရှိကြောင်းကို သိသလော။ အဘယ်သို့ပြုရမည်ကို ဆင်ခြင်ကြလော့ဟု အမျိုးသားချင်းတို့အားဆိုသော်၊
Burmese JBZV
ထိုအခါ လဲရွၿမိဳ႕ကို စူးစမ္းျခင္းငွာသြားေသာ သူငါးေယာက္တို႔က၊ ဤအိမ္တို႔၌ သင္တိုင္းေတာ္၊ ေတရပ္႐ုပ္တု၊ ထုေသာ႐ုပ္တု၊ သြန္းေသာ႐ုပ္တုရွိေၾကာင္းကို သိသေလာ။ အဘယ္သို႔ျပဳရမည္ကို ဆင္ျခင္ၾကေလာ့ဟု အမ်ိဳးသားခ်င္းတို႔အားဆိုေသာ္၊
Burmese MCLZV
ထိုအခါလဲရွနယ္သို႔သြားေရာက္စူးစမ္း ေထာက္လွမ္းခဲ့ေသာလူငါးေယာက္တို႔က မိမိ တို႔၏အေပါင္းအေဖာ္မ်ားအား``ဤအိမ္စု အနက္အိမ္တစ္လုံးတြင္ေငြျဖင့္မြမ္းမံထား သည့္႐ုပ္တုတစ္ခုရွိသည္ကို သင္တို႔သိၾက ပါ၏ေလာ။ ထိုအိမ္တြင္အျခား႐ုပ္တုမ်ား ႏွင့္သင္တိုင္းေတာ္တစ္ခုလည္းရွိ၏။ ငါတို႔ အဘယ္သို႔ျပဳသင့္သည္ဟုသင္တို႔ထင္ ျမင္ၾကပါသနည္း'' ဟုေမး၏။-
Burmese MSBU
ထိုအခါ လဲရှမြို့ကိုသွားရောက်စူးစမ်းခဲ့သောလူငါးယောက်က အမျိုးသားချင်းတို့အား “ဤအိမ်၌ ဧဖုဒ် ရုပ်တု၊ တေရပ်ရုပ်တုများနှင့် သွန်းလုပ်ထားသောရုပ်တုတို့ရှိသည်ကို သင်တို့သိသလော။ ယခု သင်တို့မည်သို့ပြုရမည်ကို ဆင်ခြင်ကြလော့”ဟု ဆိုကြ၏။
Burmese MSBZ
ထိုအခါ လဲရွၿမိဳ႕ကိုသြားေရာက္စူးစမ္းခဲ့ေသာလူငါးေယာက္က အမ်ိဳးသားခ်င္းတို႔အား “ဤအိမ္၌ ဧဖုဒ္ ႐ုပ္တု၊ ေတရပ္႐ုပ္တုမ်ားႏွင့္ သြန္းလုပ္ထားေသာ႐ုပ္တုတို႔ရွိသည္ကို သင္တို႔သိသေလာ။ ယခု သင္တို႔မည္သို႔ျပဳရမည္ကို ဆင္ျခင္ၾကေလာ့”ဟု ဆိုၾက၏။