Judges 2:12 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်၊ မိမိတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့တော်မူသောဘုရားသခင်ထာဝရဘုရား အား ကိုးကွယ်မှုမပြုကြတော့ဘဲမိမိတို့ ပတ်ဝန်းကျင်မှ လူတို့ကိုးကွယ်သောဘုရား များကိုကိုးကွယ်ကြလေသည်။ သူတို့သည် ထိုဘုရားများရှေ့တွင်ဦးညွှတ်ကြသဖြင့် ထာဝရဘုရားအမျက်တော်ကိုထွက်စေ ကြလေသည်။-
Burmese 1835 Version Judson
အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ ဘုရားတပါးတို့နောက်သို့ လိုက်လျက် ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။
Burmese 1928
အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သော ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စွန့် ပယ်၍ ထက် ဝန်း ကျင် ရှိ လူ မျိုး တို့ ဘု ရား များ အ နက် အ ချို့ သော ဘု ရား နောက် သို့ လိုက် လျက် ရှိ ခိုး ကြ သ ဖြင့် ထာ ဝ ရ ဘု ရား အား အ မျက် တော် တိုက် ကြ ၏။
Burmese 2021
အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကိုစွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ ဘုရားတစ်ပါးတို့နောက်သို့ လိုက်လျက်ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။
Burmese JBZV
အဲဂုတၱဳျပည္မွ သူတို႔ကို ေဆာင္ခဲ့ေတာ္မူေသာ ဘိုးေဘးတို႔၏ ဘုရားသခင္ ထာဝရဘုရားကိုစြန္႔၍၊ ပတ္ဝန္းက်င္၌ရွိေသာ လူမ်ိဳးတို႔၏ ဘုရားတစ္ပါးတို႔ေနာက္သို႔ လိုက္လ်က္ဦးညႊတ္သျဖင့္ ထာဝရဘုရား အမ်က္ေတာ္ကို ထြက္ေစၾက၏။
Burmese MCLZV
သူတို႔သည္မိမိတို႔ဘိုးေဘးမ်ား၏ဘုရားသခင္၊ မိမိတို႔ကိုအီဂ်စ္ျပည္မွထုတ္ေဆာင္ ခဲ့ေတာ္မူေသာဘုရားသခင္ထာဝရဘုရား အား ကိုးကြယ္မွုမျပဳၾကေတာ့ဘဲမိမိတို႔ ပတ္ဝန္းက်င္မွ လူတို႔ကိုးကြယ္ေသာဘုရား မ်ားကိုကိုးကြယ္ၾကေလသည္။ သူတို႔သည္ ထိုဘုရားမ်ားေရွ႕တြင္ဦးညႊတ္ၾကသျဖင့္ ထာဝရဘုရားအမ်က္ေတာ္ကိုထြက္ေစ ၾကေလသည္။-
Burmese MSBU
သူတို့သည် အီဂျစ်ပြည်မှ မိမိတို့ကိုထုတ်ဆောင်တော်မူခဲ့သည့် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ပြီး မိမိတို့ပတ်လည်ရှိလူမျိုးတို့၏ဘုရားများနောက်သို့လိုက်၍ ထိုဘုရားများကိုရှိခိုးကိုးကွယ်ခြင်းဖြင့် ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်ကြ၏။
Burmese MSBZ
သူတို႔သည္ အီဂ်စ္ျပည္မွ မိမိတို႔ကိုထုတ္ေဆာင္ေတာ္မူခဲ့သည့္ ဘိုးေဘးတို႔၏ဘုရားသခင္ထာဝရဘုရားကိုစြန႔္ပယ္ၿပီး မိမိတို႔ပတ္လည္ရွိလူမ်ိဳးတို႔၏ဘုရားမ်ားေနာက္သို႔လိုက္၍ ထိုဘုရားမ်ားကိုရွိခိုးကိုးကြယ္ျခင္းျဖင့္ ထာဝရဘုရား၏အမ်က္ေတာ္ကိုႏႈိးေဆာ္ၾက၏။