Judges 2:19 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ရာတွင်သူတို့သည်မိမိတို့၏ခေါင်းဆောင် ကွယ်လွန်သွားသောအခါ၌မူ ဒုံရင်းသို့ပြန် လည်ဆိုက်ရောက်ကြလျက် ယခင်လူမျိုးဆက် မှလူတို့ထက်ပင်ပိုမိုဆိုးရွားစွာပြုမူကျင့် ကြံတတ်ကြ၏။ အခြားဘုရားများကိုကိုး ကွယ်ကာ မိမိတို့၏ဆိုးညစ်သည့်လမ်းစဉ်ကို လိုက်မြဲလိုက်ကြကုန်သည်။-
Burmese 1835 Version Judson
တရားသူကြီး သေသောနောက်၊ သူတို့သည် တဖန်ဘိုးဘေးထက်သာ၍ ဆိုးသဖြင့်၊ အခြားတပါးသော ဘုရားတို့နောက်သို့ လိုက်လျက် ဝတ်ပြု၍ ဦးညွှတ်ကြ၏။ မိမိတို့ အကျင့်ဓလေ့နှင့် ကြမ်းတမ်းသော လမ်းကို မစွန့်မပယ်ကြ။
Burmese 1928
တ ရား မင်း ကွယ် လွန် သော အ ခါ မှာ မူ သူ တို့ သည် ဘိုး ဘေး တို့ ထက် ဖောက် ပြန် ဆုတ် ယုတ် လျက်၊ အ ခြား ဘု ရား တို့ နောက် သို့ လိုက်၍ ရှိ ခိုး ဝတ် ပြု ကြ သည့် ပြင် ကိုယ့် ကြမ်း တမ်း သော နည်း လမ်း နှင့် အ ကျင့် ဓ လေ့ များ ကို မ စွန့် မ ပယ် ကြ လေ။
Burmese 2021
တရားသူကြီးသေသောနောက်၊ သူတို့သည် တစ်ဖန် ဘိုးဘေးထက်သာ၍ ဆိုးသဖြင့်၊ အခြားတစ်ပါးသော ဘုရားတို့နောက်သို့လိုက်လျက် ဝတ်ပြု၍ ဦးညွှတ်ကြ၏။ မိမိတို့အကျင့်ဓလေ့နှင့် ကြမ်းတမ်းသောလမ်းကို မစွန့်မပယ်ကြ။
Burmese JBZV
တရားသူႀကီးေသေသာေနာက္၊ သူတို႔သည္ တစ္ဖန္ ဘိုးေဘးထက္သာ၍ ဆိုးသျဖင့္၊ အျခားတစ္ပါးေသာ ဘုရားတို႔ေနာက္သို႔လိုက္လ်က္ ဝတ္ျပဳ၍ ဦးညႊတ္ၾက၏။ မိမိတို႔အက်င့္ဓေလ့ႏွင့္ ၾကမ္းတမ္းေသာလမ္းကို မစြန္႔မပယ္ၾက။
Burmese MCLZV
သို႔ရာတြင္သူတို႔သည္မိမိတို႔၏ေခါင္းေဆာင္ ကြယ္လြန္သြားေသာအခါ၌မူ ဒုံရင္းသို႔ျပန္ လည္ဆိုက္ေရာက္ၾကလ်က္ ယခင္လူမ်ိဳးဆက္ မွလူတို႔ထက္ပင္ပိုမိုဆိုးရြားစြာျပဳမူက်င့္ ႀကံတတ္ၾက၏။ အျခားဘုရားမ်ားကိုကိုး ကြယ္ကာ မိမိတို႔၏ဆိုးညစ္သည့္လမ္းစဥ္ကို လိုက္ျမဲလိုက္ၾကကုန္သည္။-
Burmese MSBU
သို့သော် ထိုတရားသူကြီး သေလွန်သွားသောအခါ သူတို့သည် အခြားဘုရားများဘက်သို့ပြန်လှည့်၍ ထိုဘုရားများနောက်သို့လိုက်လျက် ထိုဘုရားများကို ဝတ်ပြုကိုးကွယ်ကြပြန်၏။ ဘိုးဘေးတို့ထက် သာ၍အကျင့်ပျက်ပြားကြ၏။ သူတို့၏အကျင့်စရိုက်၊ ဆိုးညစ်သောအပြုအမူများကို မစွန့်ပစ်ကြ။
Burmese MSBZ
သို႔ေသာ္ ထိုတရားသူႀကီး ေသလြန္သြားေသာအခါ သူတို႔သည္ အျခားဘုရားမ်ားဘက္သို႔ျပန္လွည့္၍ ထိုဘုရားမ်ားေနာက္သို႔လိုက္လ်က္ ထိုဘုရားမ်ားကို ဝတ္ျပဳကိုးကြယ္ၾကျပန္၏။ ဘိုးေဘးတို႔ထက္ သာ၍အက်င့္ပ်က္ျပားၾက၏။ သူတို႔၏အက်င့္စ႐ိုက္၊ ဆိုးညစ္ေသာအျပဳအမူမ်ားကို မစြန႔္ပစ္ၾက။