Lamentations 1:14 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
``ကိုယ်​တော်​သည်​ငါ​၏​အ​ပြစ်​မှန်​သ​မျှ​ကို မှတ်​သား​ထား​တော်​မူ​ပါ​၏။ ယင်း​တို့​ကို​စု​စည်း​ပြီး​လျှင်​ငါ​၏​လည်​တွင် ဆွဲ​ထား​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​အ​ပြစ်​ဝန်​ထုပ်​လေး​လံ​မှု​ဖြင့် အား​အင်​ချည့်​နဲ့​ရ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ရန်​သူ​များ လက်​သို့​အပ်​တော်​မူ​ပါ​၏။ ငါ့​မှာ​လည်း​သူ​တို့​အား​ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ပါ။''
Burmese 1835 Version Judson
ငါပြစ်မှားသော အပြစ်ထမ်းဘိုးကို လက်တော် နှင့် ငါ့လည်ပင်းပေါ်၌တပ်၍ချည်နှောင်ပြီးမှ၊ ထာဝရ ဘုရားသည် ငါ့ကိုအားလျော့စေ၍၊ ငါမဆီးတားနိုင်သော သူ့တို့လက်သို့ ရောက်စေတော်မူပြီ။
Burmese 1928
အ ရှင် ဘု ရား သည် လက် တော် ဖြင့် ငါ့ လွန် ကျူး မှု များ ကို၊ ထမ်း ပိုး သ ဖွယ် ကုပ် ပေါ် တွင် ကျစ် လိမ် ဖွဲ့ တင် လျက်၊ အား လျော့ စေ သည့် ပြင်၊ ခံ ရပ်၍ မ ရ သော သူ တို့ လက် အ တွင်း သို့၊ ငါ့ ကို အပ် နှင်း တော် မူ လေ ပြီ။
Burmese 2021
ငါ​ပြစ်​မှား​သော အ​ပြစ်​ထမ်း​ပိုး​ကို လက်​တော်​နှင့် ငါ့​လည်​ပင်း​ပေါ်၌​တပ်၍ ချည်​နှောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​အား​လျော့​စေ၍၊ ငါ​မ​ဆီး​တား​နိုင်​သော သူ့​တို့​လက်​သို့ ရောက်​စေ​တော်​မူ​ပြီ။
Burmese JBZV
ငါ​ျပစ္​မွား​ေသာ အ​ျပစ္​ထမ္း​ပိုး​ကို လက္​ေတာ္​ႏွင့္ ငါ့​လည္​ပင္း​ေပၚ၌​တပ္၍ ခ်ည္​ေႏွာင္​ၿပီး​မွ၊ ထာ​ဝ​ရ​ဘု​ရား​သည္ ငါ့​ကို​အား​ေလ်ာ့​ေစ၍၊ ငါ​မ​ဆီး​တား​နိုင္​ေသာ သူ႔​တို႔​လက္​သို႔ ေရာက္​ေစ​ေတာ္​မူ​ၿပီ။
Burmese MCLZV
``ကိုယ္​ေတာ္​သည္​ငါ​၏​အ​ျပစ္​မွန္​သ​မၽွ​ကို မွတ္​သား​ထား​ေတာ္​မူ​ပါ​၏။ ယင္း​တို႔​ကို​စု​စည္း​ၿပီး​လၽွင္​ငါ​၏​လည္​တြင္ ဆြဲ​ထား​ေတာ္​မူ​သည္​ျဖစ္​၍ ငါ​သည္​အ​ျပစ္​ဝန္​ထုပ္​ေလး​လံ​မွု​ျဖင့္ အား​အင္​ခ်ည့္​နဲ႔​ရ​ေလ​ၿပီ။ ထာ​ဝ​ရ​ဘု​ရား​သည္​ငါ့​အား​ရန္​သူ​မ်ား လက္​သို႔​အပ္​ေတာ္​မူ​ပါ​၏။ ငါ့​မွာ​လည္း​သူ​တို႔​အား​ခု​ခံ​နိုင္​စြမ္း​မ​ရွိ​ပါ။''
Burmese MSBU
ဘုရားသခင်​သည် လက်​တော်​ဖြင့် ငါ့​အပြစ်​ထမ်းပိုး​ကို ငါ့​လည်ပင်း​ပေါ် တင်​တော်မူ​ပြီ​။ ချည်နှောင်​တော်မူ​ပြီ​။ ငါ့​ခွန်အား​ကို​ချည့်နဲ့​စေ​တော်မူ​၍ ငါ​မ​တွန်းလှန်​နိုင်​သော​သူ​တို့​၏​လက်​ထဲသို့ ငါ့​ကို​အပ်လိုက်​တော်မူ​ပြီ​။
Burmese MSBZ
ဘုရားသခင္​သည္ လက္​ေတာ္​ျဖင့္ ငါ့​အျပစ္​ထမ္းပိုး​ကို ငါ့​လည္ပင္း​ေပၚ တင္​ေတာ္မူ​ၿပီ​။ ခ်ည္ေႏွာင္​ေတာ္မူ​ၿပီ​။ ငါ့​ခြန္အား​ကို​ခ်ည့္နဲ႔​ေစ​ေတာ္မူ​၍ ငါ​မ​တြန္းလွန္​ႏိုင္​ေသာ​သူ​တို႔​၏​လက္​ထဲသို႔ ငါ့​ကို​အပ္လိုက္​ေတာ္မူ​ၿပီ​။