Lamentations 2:1 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ ဇိအုန်မြို့ကိုအမှောင်ဖုံးစေတော်မူလေပြီ။ ထိုမြို့၏ခမ်းနားကြီးကျယ်မှုသည် ကောင်းကင်မှမြေကြီးသို့ကျဆင်းယိုယွင်းလေပြီ။ ကိုယ်တော်သည်အမျက်ထွက်တော်မူသောကာလ၌ မိမိ၏ဗိမာန်တော်ကိုပင်စွန့်ပစ်တော်မူ၏။
Burmese 1835 Version Judson
ထာဝရဘုရားသည် ဇိအုန်သတို့သမီးကို အမျက် တော် မိုဃ်းတိမ်ဖြင့် ဖုံးလွှမ်းတော်မူပြီ။ ဣသရေလအမျိုး ၏ ဂုဏ်အသရေကို ကောင်းကင်မှမြေကြီးတိုင်အောင် ချတော်မူပြီ။ အမျက်တော်ထွက်ချိန်၌ ခြေတော်တင် ရာခုံကို မအောက်မေ့ဘဲနေတော်မူပါပြီတကား။
Burmese 1928
အ ရှင် ဘု ရား သည်၊ သ တို့ သ မီး ဇိ အုန် ကို အ မျက် တော် တိမ် တိုက် ဖြင့် ဖုံး လွှမ်း တော် မူ လေ စွ။ အ မျက် တော် ထား ရာ နေ့ ရက်၌၊ ခြေ တော် တင် ရာ ကို သ တိ မ ရ ဘဲ၊ ဣ သ ရေ လ လူ မျိုး၏ တင့် တယ် ခြင်း ကို၊ မိုး မှ မြေ သို့ ပစ် ချ တော် မူ လေ ပြီ။
Burmese 2021
ထာဝရဘုရားသည် ဇိအုန်သတို့သမီးကို အမျက်တော်မိုးတိမ်ဖြင့် ဖုံးလွှမ်းတော်မူပြီ။ ဣသရေလအမျိုး၏ ဂုဏ်အသရေကို ကောင်းကင်မှမြေကြီးတိုင်အောင် ချတော်မူပြီ။ အမျက်တော်ထွက်ချိန်၌ ခြေတော်တင်ရာခုံကို မအောက်မေ့ဘဲ နေတော်မူပါပြီတကား။
Burmese JBZV
ထာဝရဘုရားသည္ ဇိအုန္သတို႔သမီးကို အမ်က္ေတာ္မိုးတိမ္ျဖင့္ ဖုံးလႊမ္းေတာ္မူၿပီ။ ဣသေရလအမ်ိဳး၏ ဂုဏ္အသေရကို ေကာင္းကင္မွေျမႀကီးတိုင္ေအာင္ ခ်ေတာ္မူၿပီ။ အမ်က္ေတာ္ထြက္ခ်ိန္၌ ေျခေတာ္တင္ရာခုံကို မေအာက္ေမ့ဘဲ ေနေတာ္မူပါၿပီတကား။
Burmese MCLZV
ထာဝရဘုရားသည္အမ်က္ထြက္ေတာ္မူ၍ ဇိအုန္ၿမိဳ႕ကိုအေမွာင္ဖုံးေစေတာ္မူေလၿပီ။ ထိုၿမိဳ႕၏ခမ္းနားႀကီးက်ယ္မွုသည္ ေကာင္းကင္မွေျမႀကီးသို႔က်ဆင္းယိုယြင္းေလၿပီ။ ကိုယ္ေတာ္သည္အမ်က္ထြက္ေတာ္မူေသာကာလ၌ မိမိ၏ဗိမာန္ေတာ္ကိုပင္စြန႔္ပစ္ေတာ္မူ၏။
Burmese MSBU
ဘုရားရှင်သည် ဇိအုန်သမီးပျိုကို အမျက်တော်မိုးတိမ်ဖြင့် ဖုံးအုပ်တော်မူပြီတကား။ မိုးထိမြင့်သောအစ္စရေးလူမျိုး၏ဂုဏ်ကျက်သရေကို မြေသို့တိုင် ရှုတ်ချတော်မူပြီ။ အမျက်တော်ထွက်ရာနေ့၌ မိမိ၏ခြေတင်ခုံကို မေ့ပစ်တော်မူပြီ။
Burmese MSBZ
ဘုရားရွင္သည္ ဇိအုန္သမီးပ်ိဳကို အမ်က္ေတာ္မိုးတိမ္ျဖင့္ ဖုံးအုပ္ေတာ္မူၿပီတကား။ မိုးထိျမင့္ေသာအစၥေရးလူမ်ိဳး၏ဂုဏ္က်က္သေရကို ေျမသို႔တိုင္ ရႈတ္ခ်ေတာ္မူၿပီ။ အမ်က္ေတာ္ထြက္ရာေန႔၌ မိမိ၏ေျခတင္ခုံကို ေမ့ပစ္ေတာ္မူၿပီ။