Lamentations 2:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယေရုရှလင်မြို့၏အသက်ကြီးသူတို့သည် လျှော်တေကိုဝတ်၍ မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့်များတင် ပြီးလျှင် မြေပေါ်၌ဆိတ်ငြိမ်စွာထိုင်နေကြ၏။ မြို့သူကညာများသည်လည်းခေါင်းကို ငိုက်စိုက်ညွှတ်လျက်နေကြလေသည်။
Burmese 1835 Version Judson
ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကိုမိမိတို့ ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေ အဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ် စွာ နေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်း ကိုငိုက်ဆိုက်ညွှတ်လျက်နေကြ၏။
Burmese 1928
ဦး ခေါင်း ထက် မြေ မှုန့် ကို ကြဲ၍၊ လျှော် တေ ဝတ် ဆင် သော သ တို့ သ မီး ဇိ အုန်၏ လူ ကြီး တို့ သည်၊ မြေ ပေါ် တွင် ဆိတ် ဆိတ် ထိုင် လျက်၊ ယေ ရု ရှ လင် မြို့ သူ အ ပျို တို့ လည်း၊ မြေ သို့ ဦး စိုက် လျက် နေ ကြ ၏။
Burmese 2021
ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ်စွာနေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်းကို ငိုက်ဆိုက်ညွှတ်လျက် နေကြ၏။
Burmese JBZV
ဇိအုန္သတို႔သမီး၏ အသက္ႀကီးသူတို႔သည္ ေျမမွုန္႔ကို မိမိတို႔ေခါင္းေပၚမွာပစ္တင္လ်က္၊ ေလၽွာ္ေတအဝတ္ကို ဝတ္စည္းလ်က္၊ ေျမေပၚမွာထိုင္၍ တိတ္ဆိတ္စြာေနၾက၏။ ေယ႐ုရွလင္ၿမိဳ႕သူကညာတို႔သည္ ေခါင္းကို ငိုက္ဆိုက္ညႊတ္လ်က္ ေနၾက၏။
Burmese MCLZV
ေယ႐ုရွလင္ၿမိဳ႕၏အသက္ႀကီးသူတို႔သည္ ေလၽွာ္ေတကိုဝတ္၍ မိမိတို႔ဦးေခါင္းေပၚသို႔ေျမမွုန႔္မ်ားတင္ ၿပီးလၽွင္ ေျမေပၚ၌ဆိတ္ၿငိမ္စြာထိုင္ေနၾက၏။ ၿမိဳ႕သူကညာမ်ားသည္လည္းေခါင္းကို ငိုက္စိုက္ညႊတ္လ်က္ေနၾကေလသည္။
Burmese MSBU
ဇိအုန်သမီးပျို၏သက်ကြီးဝါကြီးတို့သည် လျှော်တေအဝတ်ကိုဝတ်လျက်၊ မြေကြီးပေါ်၌ တိတ်ဆိတ်စွာထိုင်လျက်၊ မိမိတို့ခေါင်းပေါ်သို့ မြေမှုန့်ကိုပစ်တင်ကြပြီ။ ဂျေရုဆလင်အပျိုကညာတို့သည် မြေကြီးသို့ ခေါင်းငိုက်စိုက်ကျလေပြီ။
Burmese MSBZ
ဇိအုန္သမီးပ်ိဳ၏သက္ႀကီးဝါႀကီးတို႔သည္ ေလွ်ာ္ေတအဝတ္ကိုဝတ္လ်က္၊ ေျမႀကီးေပၚ၌ တိတ္ဆိတ္စြာထိုင္လ်က္၊ မိမိတို႔ေခါင္းေပၚသို႔ ေျမမႈန႔္ကိုပစ္တင္ၾကၿပီ။ ေဂ်႐ုဆလင္အပ်ိဳကညာတို႔သည္ ေျမႀကီးသို႔ ေခါင္းငိုက္စိုက္က်ေလၿပီ။