Lamentations 2:11 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ငါ၏မျက်စိများသည်ငိုရလွန်းသဖြင့် နွမ်းနယ်လျက်နေပါ၏။ ငါ၏စိတ်ဝိညာဉ်သည်လည်းပူဆွေးလျက်ရှိပါ၏။ ငါသည်မိမိအမျိုးသားတို့ဆုံးပါးပျက်စီး ကြသည့်အတွက်ဝမ်းနည်းကြေကွဲမှုဖြင့် အားအင်ကုန်ခန်းလျက်နေပေသည်။ သူငယ်နှင့်နို့စို့ကလေးတို့သည်မြို့တွင်းရှိ လမ်းများပေါ်တွင်မေ့မြော၍နေကြ၏။
Burmese 1835 Version Judson
ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ ငါသည် မျက်ရည်ကျ၍မျက်စိပျက်လေပြီ။ ဝမ်း၌ဆူလှိုက် ခြင်းရှိ၍ အသည်းလည်းမြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း၌အား ပျက်လျက်နေကြ၏။
Burmese 1928
နို့ စို့ နို့ ညှာ သူ ငယ် တို့ သည်၊ မြို့ လမ်း များ၌ မြော နေ ကြ သော ကြောင့်၊ လူ မျိုး ချင်း သ တို့ သ မီး၏ အ နာ ကို ထောက်၍၊ ငါ သည် မျက် ရည် ကျ လျက် စ က္ခု ကွယ် ခြင်း၊ ဝမ်း နည်း ခြင်း၊ အ သည်း အ ဆုပ် အ ရည် ပျော် ဆင်း ခြင်း ခံ ရ ပြီ တ ကား။
Burmese 2021
ငါ၏လူမျိုး သတို့သမီးပျက်စီးသောကြောင့်၊ ငါသည်မျက်ရည်ကျ၍ မျက်စိပျက်လေပြီ။ ဝမ်း၌ ဆူလှိုက်ခြင်းရှိ၍ အသည်းလည်း မြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့် နို့စို့ကလေးတို့သည် မြို့လမ်း၌ အားပျက်လျက်နေကြ၏။
Burmese JBZV
ငါ၏လူမ်ိဳး သတို႔သမီးပ်က္စီးေသာေၾကာင့္၊ ငါသည္မ်က္ရည္က်၍ မ်က္စိပ်က္ေလၿပီ။ ဝမ္း၌ ဆူလွိုက္ျခင္းရွိ၍ အသည္းလည္း ေျမေပၚမွာ သြန္းလ်က္ရွိ၏။ အေၾကာင္းမူကား၊ သူငယ္ႏွင့္ နို႔စို႔ကေလးတို႔သည္ ၿမိဳ႕လမ္း၌ အားပ်က္လ်က္ေနၾက၏။
Burmese MCLZV
ငါ၏မ်က္စိမ်ားသည္ငိုရလြန္းသျဖင့္ ႏြမ္းနယ္လ်က္ေနပါ၏။ ငါ၏စိတ္ဝိညာဥ္သည္လည္းပူေဆြးလ်က္ရွိပါ၏။ ငါသည္မိမိအမ်ိဳးသားတို႔ဆုံးပါးပ်က္စီး ၾကသည့္အတြက္ဝမ္းနည္းေၾကကြဲမွုျဖင့္ အားအင္ကုန္ခန္းလ်က္ေနေပသည္။ သူငယ္ႏွင့္နို႔စို႔ကေလးတို႔သည္ၿမိဳ႕တြင္းရွိ လမ္းမ်ားေပၚတြင္ေမ့ေျမာ၍ေနၾက၏။
Burmese MSBU
ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသောကြောင့်၊ နို့စို့နို့ညှာကလေးငယ်တို့ မြို့လမ်းမများပေါ်၌ လဲကျသောကြောင့် ငိုရလွန်း၍ မျက်စိမှုန်ဝေကုန်ပြီ။ ငါ့အထဲ၌ ပွက်ပွက်ဆူနေပြီ။ ငါ့အသည်းနှလုံးလည်း မြေပေါ်ကြွေကျလေပြီ။
Burmese MSBZ
ငါ့လူမ်ိဳးသမီးပ်ိဳတို႔ ပ်က္စီးေသာေၾကာင့္၊ ႏို႔စို႔ႏို႔ညႇာကေလးငယ္တို႔ ၿမိဳ႕လမ္းမမ်ားေပၚ၌ လဲက်ေသာေၾကာင့္ ငိုရလြန္း၍ မ်က္စိမႈန္ေဝကုန္ၿပီ။ ငါ့အထဲ၌ ပြက္ပြက္ဆူေနၿပီ။ ငါ့အသည္းႏွလုံးလည္း ေျမေပၚေႂကြက်ေလၿပီ။
Recommended Reading