Lamentations 2:15 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
မြို့​ကို​ဖြတ်​သန်း​သွား​လာ​သူ​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​ကာ​လက်​ခုပ်​တီး​ကြ​၏။ သူ​တို့​သည်​ဦး​ခေါင်း​ကို​ခါ​လျက်​ယေ​ရု​ရှ​လင် မြို့​ပျက်​ကို​ပြက်​ရယ်​ပြု​ကြ​၏။ ``နှစ်​လို​ဖွယ်​ကောင်း​သည့်​မြို့​ကား​ဤ​မြို့​ပေ​လော။ ကမ္ဘာ​၏​ဂုဏ်​အ​သ​ရေ​ကို​ဆောင်​သော​မြို့​ကား ဤ​မြို့​ပေ​လော'' ဟု​ပျက်​ရယ်​ပြု​ကြ​၏။
Burmese 1835 Version Judson
လမ်း၌ ရှောက်သွားသမျှသောသူတို့က၊ ဂုဏ်သရေအထွဋ်၊ မြေ တပြင်လုံး ရွှင်လန်းရာဘွဲ့ရှိသော မြို့ကားဤမြို့လောဟု၊ ယေရုရှလင်သတို့သမီးကို လက်ခုပ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊ ခေါင်းကို ညှိတ်လျက် မေးတတ်ကြ၏။
Burmese 1928
သီ သွား သူ အ ပေါင်း တို့ သည်၊ လက် ပမ်း ပေါက် ခတ် ခြင်း၊ ဦး ခေါင်း လှုပ် ခါ ခြင်း ပြု လျက်၊ အင်္ဂါ မ ယွင်း အ ဆင်း လှ ရာ၊ မြေ တ ပြင် လုံး ရွှင် လန်း ရာ ဟူ ၍၊ သ မုတ် ကြ သော မြို့ တော် ကား၊ ဤ မြို့ ပင် လော ဟု၊ သ တို့ သ မီး ယေ ရု ရှ လင် ကို ပြက် ရယ် ပြု ကြ လေ စွ။
Burmese 2021
လမ်း၌ လျှောက်​သွား​သ​မျှ​သော​သူ​တို့​က၊ ဂုဏ်​သ​ရေ​အထွတ်၊ မြေ​တစ်​ပြင်​လုံး ရွှင်​လန်း​ရာ​ဘွဲ့​ရှိ​သော မြို့​ကား ဤ​မြို့​လော​ဟု၊ ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​ကို လက်​ခုပ်​တီး​လျက်၊ ကဲ့​ရဲ့​သံ​ကို​ပြု​လျက်၊ ခေါင်း​ကို ညိတ်​လျက် မေး​တတ်​ကြ၏။
Burmese JBZV
လမ္း၌ ေလၽွာက္​သြား​သ​မၽွ​ေသာ​သူ​တို႔​က၊ ဂုဏ္​သ​ေရ​အ​ထြဋ္၊ ေျမ​တစ္​ျပင္​လုံး ရႊင္​လန္း​ရာ​ဘြဲ႕​ရွိ​ေသာ ၿမိဳ႕​ကား ဤ​ၿမိဳ႕​ေလာ​ဟု၊ ေယ​႐ု​ရွ​လင္​သ​တို႔​သ​မီး​ကို လက္​ခုပ္​တီး​လ်က္၊ ကဲ့​ရဲ့​သံ​ကို​ျပဳ​လ်က္၊ ေခါင္း​ကို ညိတ္​လ်က္ ေမး​တတ္​ၾက၏။
Burmese MCLZV
ၿမိဳ႕​ကို​ျဖတ္​သန္း​သြား​လာ​သူ​တို႔​သည္ မ​ထီ​မဲ့​ျမင္​ျပဳ​ကာ​လက္​ခုပ္​တီး​ၾက​၏။ သူ​တို႔​သည္​ဦး​ေခါင္း​ကို​ခါ​လ်က္​ေယ​႐ု​ရွ​လင္ ၿမိဳ႕​ပ်က္​ကို​ျပက္​ရယ္​ျပဳ​ၾက​၏။ ``ႏွစ္​လို​ဖြယ္​ေကာင္း​သည့္​ၿမိဳ႕​ကား​ဤ​ၿမိဳ႕​ေပ​ေလာ။ ကမၻာ​၏​ဂုဏ္​အ​သ​ေရ​ကို​ေဆာင္​ေသာ​ၿမိဳ႕​ကား ဤ​ၿမိဳ႕​ေပ​ေလာ'' ဟု​ပ်က္​ရယ္​ျပဳ​ၾက​၏။
Burmese MSBU
လမ်းသွားလမ်းလာ​အားလုံး သင့်​ကို​လက်ခုပ်တီး​၍ ကဲ့ရဲ့​ကြ​ပြီ​။ ထို​သူ​တို့​သည် ခေါင်း​ကို​ခါယမ်း​လျက် ဂျေရုဆလင်​သမီးပျို​အား “​လှပမှု​အပေါင်း​စုံလင်​ရာ​မြို့​၊ မြေကြီးသား​အားလုံး​ဝမ်းမြောက်​ရာ​မြို့​ကား ဤ​မြို့​ပေလော​”​ဟု ဆို​ကြ​ပြီ​။
Burmese MSBZ
လမ္းသြားလမ္းလာ​အားလုံး သင့္​ကို​လက္ခုပ္တီး​၍ ကဲ့ရဲ႕​ၾက​ၿပီ​။ ထို​သူ​တို႔​သည္ ေခါင္း​ကို​ခါယမ္း​လ်က္ ေဂ်႐ုဆလင္​သမီးပ်ိဳ​အား “​လွပမႈ​အေပါင္း​စုံလင္​ရာ​ၿမိဳ႕​၊ ေျမႀကီးသား​အားလုံး​ဝမ္းေျမာက္​ရာ​ၿမိဳ႕​ကား ဤ​ၿမိဳ႕​ေပေလာ​”​ဟု ဆို​ၾက​ၿပီ​။