Lamentations 2:22 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကိုယ်​တော်​ရှင်​သည်​ရန်​သူ​များ​ကို​ကျွန်​တော်​မျိုး​၏ ပတ်​လည်​တွင်​ကြောက်​မက်​ဖွယ်​သော​ပျော်​ပွဲ​သ​ဘင် ဆင်​ယင်​ရန်​ဖိတ်​ခေါ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​ရာ ထို​နေ့​ရက်​ကာ​လ​၌​အ​ဘယ်​သူ​မျှ​ချမ်း​သာ​ရာ ရ​လိမ့်​မည်​မဟုတ်​ပါ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​ချစ်​မြတ်​နိုး​၍ ကျွေး​မွေး​ပြု​စု​ခဲ့​သည့်​သား​သ​မီး​များ​ကို သတ်​ဖြတ်​ကြ​ပါ​၏။
Burmese 1835 Version Judson
ပွဲသဘင်နေ့၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ်ပတ်လည်၌ ကြောက်မက်ဘွယ်သော အရာတို့ကို ခေါ်ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက်တော် ထွက် သောနေ့၌ အဘယ်သူမျှမလွတ်၊ မကျန်ကြွင်းရပါ။ အကျွန်ုပ်ချီပိုက်ကျွေးမွေးသော သူတို့ကို အကျွန်ုပ်၏ ရန်သူသည် ဖျက်ဆီးပါပြီ။
Burmese 1928
ကိုယ် တော် သည်၊ အ ဘက် ဘက် က ကြောက် လန့် ဖွယ် ရာ ဘေး များ ကို၊ ပွဲ သ ဘင် နေ့ ဖိတ် သ ကဲ့ သို့၊ ခေါ် တော် မူ သည့် အ တိုင်း၊ ထာ ဝ ရ ဘု ရား အ မျက် တော် ထား ရာ နေ့၌၊ ဘေး လွတ်၍ ကြွင်း ကြံ သူ တစ် ဦး မျှ မ ရှိ ချေ။ အ ကျွန်ုပ် ချီ ပွေ့ ကျွေး မွေး သော သူ ငယ် တို့ ကို ပင်၊ ရန် သူ တို့ ကုန် ဆုံး စေ ကြ ပြီ တ ကား။
Burmese 2021
ပွဲ​သ​ဘင်​နေ့၌ လူ​တို့​ကို​ခေါ်​ဖိတ်​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​ပတ်​လည်၌ ကြောက်​မက်​ဖွယ်​သော အ​ရာ​တို့​ကို ခေါ်​ဖိတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ထွက်​သော​နေ့၌ အ​ဘယ်​သူ​မျှ​မ​လွတ်၊ မ​ကျန်​ကြွင်း​ရ​ပါ။ အ​ကျွန်ုပ် ချီ​ပိုက်​ကျွေး​မွေး​သော သူ​တို့​ကို အ​ကျွန်ုပ်၏​ရန်​သူ​သည် ဖျက်​ဆီး​ပါ​ပြီ။
Burmese JBZV
Burmese MCLZV
Burmese MSBU
ပွဲတော်​နေ့​၌ လူ​တို့​ကို​ဖိတ်ခေါ်​သကဲ့သို့ ကြောက်လန့်ဖွယ်​ရာ​တို့​ကို အဘက်ဘက်​မှ ကိုယ်တော်​ဖိတ်ခေါ်​တော်မူ​ပြီ​။ ထာဝရဘုရား​အမျက်ထွက်​တော်မူ​သော​နေ့​၌ လွတ်မြောက်​သော​သူ​၊ အသက်ရှင်​ကျန်ရစ်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။ အကျွန်ုပ်​ချီပိုက်​၍​ကျွေးမွေးစောင့်ရှောက်​သော​သူ​တို့​ကို ရန်သူ​တို့ အကုန်အစင်​ဖျက်ဆီး​လေ​ပြီ​။
Burmese MSBZ

Recommended Reading