Leviticus 16:15 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို​နောက်​သူ​သည် လူ​တို့​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော် သ​ကာ​ဖြစ်​သော​ဆိတ်​ကို​သတ်​၍ သွေး​ကို​အ​လွန် သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​ယူ​ခဲ့​ရ​မည်။ နွား ၏​သွေး​ကို​ဖျန်း​သည့်​နည်း​တူ​ဆိတ်​၏​သွေး​ကို ပ​ဋိ​ညာဉ်​သေတ္တာ​ဖုံး​ပေါ်​တွင်​လည်း​ကောင်း၊ သေတ္တာ​အ​ရှေ့​တွင်​လည်း​ကောင်း​ဖျန်း​ရ မည်။-
Burmese 1835 Version Judson
ထိုနောက် လူများနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ဆိတ်ကိုသတ်၍၊ အသွေးကို ကုလားကာအတွင်း သို့ ဆောင်ခဲ့ပြီးလျှင်၊ နွားအသွေးကို ဖြန်းသကဲ့သို့၊ သေတ္တာဖုံးအပေါ်၌၎င်း၊ ရှေ့၌၎င်း ဖြန်းရမည်။
Burmese 1928
ထို နောက် လူ ပ ရိ သတ် ဆိုင် သော အ ပြစ် ဖြေ ရာ သ က္ကာ ဆိတ် ကို စီ ရင်၍ အ သွေး ကို ကန့် လန့် ကာ အ တွင်း သို့ ဆောင် ယူ ပြီး လျှင် နွား သွေး ဖြင့် ဖျန်း သည့် နည်း တူ ဆိတ် သွေး ဖြင့် လည်း အ ပြစ် ဖြေ ရာ ပ လ္လင် တော် ပေါ် တွင် လည်း ကောင်း၊
Burmese 2021
ထို​နောက် လူ​များ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​ဆိတ်​ကို​သတ်၍၊ အ​သွေး​ကို ကု​လား​ကာ​အ​တွင်း​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ နွား​အ​သွေး​ကို ဖျန်း​သ​ကဲ့​သို့၊ သေ​တ္တာ​ဖုံး​အ​ပေါ်၌​လည်း​ကောင်း၊ ရှေ့၌​လည်း​ကောင်း ဖျန်း​ရ​မည်။
Burmese JBZV
ထို​ေနာက္ လူ​မ်ား​ႏွင့္​ဆိုင္​ေသာ အ​ျပစ္​ေျဖ​ရာ​ယဇ္​ဆိတ္​ကို​သတ္၍၊ အ​ေသြး​ကို ကု​လား​ကာ​အ​တြင္း​သို႔​ေဆာင္​ခဲ့​ၿပီး​လၽွင္၊ ႏြား​အ​ေသြး​ကို ဖ်န္း​သ​ကဲ့​သို႔၊ ေသ​တၱာ​ဖုံး​အ​ေပၚ၌​လည္း​ေကာင္း၊ ေရွ႕၌​လည္း​ေကာင္း ဖ်န္း​ရ​မည္။
Burmese MCLZV
ထို​ေနာက္​သူ​သည္ လူ​တို႔​အ​ျပစ္​ေျဖ​ရာ​ပူ​ေဇာ္ သ​ကာ​ျဖစ္​ေသာ​ဆိတ္​ကို​သတ္​၍ ေသြး​ကို​အ​လြန္ သန႔္​ရွင္း​ရာ​ဌာ​န​ေတာ္​ထဲ​သို႔​ယူ​ခဲ့​ရ​မည္။ ႏြား ၏​ေသြး​ကို​ဖ်န္း​သည့္​နည္း​တူ​ဆိတ္​၏​ေသြး​ကို ပ​ဋိ​ညာဥ္​ေသတၱာ​ဖုံး​ေပၚ​တြင္​လည္း​ေကာင္း၊ ေသတၱာ​အ​ေရွ႕​တြင္​လည္း​ေကာင္း​ဖ်န္း​ရ မည္။-
Burmese MSBU
ထို့နောက် လူ​တို့​အတွက် အပြစ်ဖြေရာယဇ်​ဖြစ်​သော ဆိတ်သငယ်​ကို​သတ်​၍ ၎င်း​၏​သွေး​ကို ကန့်လန့်ကာ​အတွင်း​ဘက်​သို့​ယူဆောင်​လာ​ရ​မည်​။ နွားထီး​၏​သွေး​ကို​ဖျန်း​သကဲ့သို့ ဆိတ်ထီးကလေး​၏​သွေး​ကို​လည်း ကရုဏာ​တော်​ပလ္လင် ​ပေါ်၌​လည်းကောင်း​၊ ကရုဏာ​တော်​ပလ္လင် ​ရှေ့​၌​လည်းကောင်း ဖျန်း​ရ​မည်​။
Burmese MSBZ
ထို႔ေနာက္ လူ​တို႔​အတြက္ အျပစ္ေျဖရာယဇ္​ျဖစ္​ေသာ ဆိတ္သငယ္​ကို​သတ္​၍ ၎​၏​ေသြး​ကို ကန႔္လန႔္ကာ​အတြင္း​ဘက္​သို႔​ယူေဆာင္​လာ​ရ​မည္​။ ႏြားထီး​၏​ေသြး​ကို​ဖ်န္း​သကဲ့သို႔ ဆိတ္ထီးကေလး​၏​ေသြး​ကို​လည္း က႐ုဏာ​ေတာ္​ပလႅင္ ​ေပၚ၌​လည္းေကာင္း​၊ က႐ုဏာ​ေတာ္​ပလႅင္ ​ေရွ႕​၌​လည္းေကာင္း ဖ်န္း​ရ​မည္​။