Leviticus 22:25 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
လူ​မျိုး​ခြား​ထံ​မှ ရ​ရှိ​သော​တိ​ရစ္ဆာန်​ကို ပူ​ဇော်​သကာ​အ​ဖြစ်​မ​ပူ​ဇော်​ရ။ ထို​ကဲ့​သို့ သော​တိ​ရစ္ဆာန်​သည် အ​နာ​အ​ဆာ​ရှိ​သည်​ဟု ယူ​ဆ​ရ​မည်​ဖြစ်​သော​ကြောင့်​ယင်း​ကို​မ​ပူ ဇော်​ရ။
Burmese 1835 Version Judson
ထိုသို့သောအကောင်ကို တပါးအမျိုးသား ဆက်သော်လည်း ပျက်သောအပြစ်ပါသောကြောင့်၊ သင်တို့၏ ဘုရားသခင့်ပွဲတော်ဘို့ မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့ဟု မိန့်တော်မူ၏။
Burmese 1928
အ ကယ်၍ လူ မျိုး ခြား တို့ ပေး ကမ်း လျှင် ထို သို့ သော အ ကောင် များ အ နက် သင် တို့ ဘု ရား သ ခင် ဆိုင် ရာ အ စာ အာ ဟာ ရ ကို မ တင် မ သွင်း ကြ ရ။ ကြန် အင် ယွင်း သည့် အ လျောက် ပျက် စီး ခြင်း လ က္ခ ဏာ ပါ သော ကြောင့် သင် တို့ အ ဖို့ လက် ခံ ဖွယ် မ ဟုတ် ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။
Burmese 2021
ထို​သို့​သော​အ​ကောင်​ကို တစ်​ပါး​အ​မျိုး​သား​ဆက်​သော်​လည်း ပျက်​သော​အ​ပြစ်​ပါ​သော​ကြောင့်၊ သင်​တို့၏​ဘု​ရား​သ​ခင့်​ပွဲ​တော်​ဖို့ မ​ပူ​ဇော်​ရ။ ပူ​ဇော်​လျှင်​စိတ်​တော်​နှင့်​မ​တွေ့​ဟု မိန့်​တော်​မူ၏။
Burmese JBZV
ထို​သို႔​ေသာ​အ​ေကာင္​ကို တစ္​ပါး​အ​မ်ိဳး​သား​ဆက္​ေသာ္​လည္း ပ်က္​ေသာ​အ​ျပစ္​ပါ​ေသာ​ေၾကာင့္၊ သင္​တို႔၏​ဘု​ရား​သ​ခင့္​ပြဲ​ေတာ္​ဖို႔ မ​ပူ​ေဇာ္​ရ။ ပူ​ေဇာ္​လၽွင္​စိတ္​ေတာ္​ႏွင့္​မ​ေတြ႕​ဟု မိန္႔​ေတာ္​မူ၏။
Burmese MCLZV
လူ​မ်ိဳး​ျခား​ထံ​မွ ရ​ရွိ​ေသာ​တိ​ရစၧာန္​ကို ပူ​ေဇာ္​သကာ​အ​ျဖစ္​မ​ပူ​ေဇာ္​ရ။ ထို​ကဲ့​သို႔ ေသာ​တိ​ရစၧာန္​သည္ အ​နာ​အ​ဆာ​ရွိ​သည္​ဟု ယူ​ဆ​ရ​မည္​ျဖစ္​ေသာ​ေၾကာင့္​ယင္း​ကို​မ​ပူ ေဇာ္​ရ။
Burmese MSBU
ထိုသို့သော​အကောင်​ကို တိုင်းတစ်ပါးသား​တို့​ထံမှ​လက်ခံ​ယူ​၍ သင်​တို့​ဘုရားသခင်​အဖို့ စားဖွယ်ရာ​အဖြစ် မ​ပူဇော်​ရ​။ ထို​အကောင်​တို့​သည် ပုံပန်းပျက်​၍ အနာအဆာ​ရှိ​နေ​သောကြောင့် သင်​တို့​ကို လက်ခံ​တော်မူ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။
Burmese MSBZ
ထိုသို႔ေသာ​အေကာင္​ကို တိုင္းတစ္ပါးသား​တို႔​ထံမွ​လက္ခံ​ယူ​၍ သင္​တို႔​ဘုရားသခင္​အဖို႔ စားဖြယ္ရာ​အျဖစ္ မ​ပူေဇာ္​ရ​။ ထို​အေကာင္​တို႔​သည္ ပုံပန္းပ်က္​၍ အနာအဆာ​ရွိ​ေန​ေသာေၾကာင့္ သင္​တို႔​ကို လက္ခံ​ေတာ္မူ​မည္​မ​ဟုတ္​”​ဟု မိန႔္​ေတာ္မူ​၏​။