Leviticus 25:10 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဤ​နည်း​အား​ဖြင့်​ငါး​ဆယ်​မြောက်​နှစ်​ကို သီး​သန့်​သတ်​မှတ်​လျက် တိုင်း​ပြည်​တွင်​နေ ထိုင်​သူ​အ​ပေါင်း​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ကို​ကြေ​ညာ​ရ​မည်။ အ​ရောင်း​အ​ဝယ်​ပြု လုပ်​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ​ကို ဤ​နှစ်​၌​မူ​လ ပိုင်​ရှင်​သို့​မ​ဟုတ်​သူ​၏​အ​ဆက်​အ​နွယ် များ​ထံ​ပြန်​လည်​ပေး​အပ်​ရ​မည်။ ငွေ​ဝယ် ကျွန်​များ​ကို​သူ​တို့​၏​မိ​သား​စု​များ​ထံ သို့​ပြန်​စေ​ရ​မည်။-
Burmese 1835 Version Judson
ငါးဆယ်မြောက်သောနှစ်ကို သန့်ရှင်းစေသဖြင့်၊ တပြည်လုံး၌ ပြည်သားအပေါင်းတို့အား၊ လွတ်ရာ အခွင့်ကို ကြွေးကြော်ရမည်။ ယုဘိလနှစ်ဖြစ်၍၊ လူတိုင်း မိမိပိုင်သောမြေ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။
Burmese 1928
ပြည် လုံး နှံ့ တံ ပိုး မှုတ် စေ၍ ငါး ဆယ် မြောက် သော နှစ် ကို သီး သန့် ထား လျက် ပြည် သူ ပြည် သား အ ပေါင်း တို့ အား လွတ် ခွင့် ကြော် ငြာ ကြ ရ မည်။ သင် တို့ အ ဖို့ မင်္ဂ လာ နှစ် ဖြစ် သ ဖြင့် အ သီး အ သီး တို့ သည် ကိုယ့် ပိုင် မြေ သို့ လည်း ကောင်း၊ ကိုယ့် အ မျိုး သား ချင်း ရှိ ရာ သို့ လည်း ကောင်း ပြန် နေ ခွင့် ရှိ ကြ မည်။
Burmese 2021
ငါး​ဆယ်​မြောက်​သော​နှစ်​ကို သန့်​ရှင်း​စေ​သ​ဖြင့်၊ တစ်​ပြည်​လုံး၌ ပြည်​သား​အ​ပေါင်း​တို့​အား၊ လွတ်​ရာ​အ​ခွင့်​ကို​ကြွေး​ကြော်​ရ​မည်။ ယု​ဘိ​လ​နှစ်​ဖြစ်၍၊ လူ​တိုင်း​မိ​မိ​ပိုင်​သော​မြေ၊ မိ​မိ​အ​ဆွေ​အ​မျိုး​ထံ​သို့ ပြန်​ရ​မည်။
Burmese JBZV
ငါး​ဆယ္​ေျမာက္​ေသာ​ႏွစ္​ကို သန္႔​ရွင္း​ေစ​သ​ျဖင့္၊ တစ္​ျပည္​လုံး၌ ျပည္​သား​အ​ေပါင္း​တို႔​အား၊ လြတ္​ရာ​အ​ခြင့္​ကို​ေႂကြး​ေၾကာ္​ရ​မည္။ ယု​ဘိ​လ​ႏွစ္​ျဖစ္၍၊ လူ​တိုင္း​မိ​မိ​ပိုင္​ေသာ​ေျမ၊ မိ​မိ​အ​ေဆြ​အ​မ်ိဳး​ထံ​သို႔ ျပန္​ရ​မည္။
Burmese MCLZV
ဤ​နည္း​အား​ျဖင့္​ငါး​ဆယ္​ေျမာက္​ႏွစ္​ကို သီး​သန႔္​သတ္​မွတ္​လ်က္ တိုင္း​ျပည္​တြင္​ေန ထိုင္​သူ​အ​ေပါင္း​တို႔​အား​လြတ္​ၿငိမ္း​ခ်မ္း​သာ ခြင့္​ကို​ေၾက​ညာ​ရ​မည္။ အ​ေရာင္း​အ​ဝယ္​ျပဳ လုပ္​ခဲ့​ေသာ​ပစၥည္း​ရွိ​သ​မၽွ​ကို ဤ​ႏွစ္​၌​မူ​လ ပိုင္​ရွင္​သို႔​မ​ဟုတ္​သူ​၏​အ​ဆက္​အ​ႏြယ္ မ်ား​ထံ​ျပန္​လည္​ေပး​အပ္​ရ​မည္။ ေငြ​ဝယ္ ကၽြန္​မ်ား​ကို​သူ​တို႔​၏​မိ​သား​စု​မ်ား​ထံ သို႔​ျပန္​ေစ​ရ​မည္။-
Burmese MSBU
သင်​တို့​သည် ငါးဆယ်​မြောက်​နှစ်​ကို သန့်ရှင်း​စေ​၍ ထို​ပြည်​၌​နေထိုင်​သော​သူ​အပေါင်း​တို့ လွတ်လပ်ခွင့်​ရ​ကြောင်း တစ်ပြည်လုံး​ကြေညာ​ရ​မည်​။ ထို​နှစ်​သည် သင်​တို့​အဖို့ မင်္ဂလာရတု​နှစ်​ဖြစ်​၍ သင်​တို့​အသီးသီး မိမိ​ပိုင်ဆိုင်​ရာ​မြေ​သို့​လည်းကောင်း​၊ မိမိ​မျိုးနွယ်စု​ထံသို့​လည်းကောင်း ပြန်​ရ​မည်​။
Burmese MSBZ
သင္​တို႔​သည္ ငါးဆယ္​ေျမာက္​ႏွစ္​ကို သန႔္ရွင္း​ေစ​၍ ထို​ျပည္​၌​ေနထိုင္​ေသာ​သူ​အေပါင္း​တို႔ လြတ္လပ္ခြင့္​ရ​ေၾကာင္း တစ္ျပည္လုံး​ေၾကညာ​ရ​မည္​။ ထို​ႏွစ္​သည္ သင္​တို႔​အဖို႔ မဂၤလာရတု​ႏွစ္​ျဖစ္​၍ သင္​တို႔​အသီးသီး မိမိ​ပိုင္ဆိုင္​ရာ​ေျမ​သို႔​လည္းေကာင္း​၊ မိမိ​မ်ိဳးႏြယ္စု​ထံသို႔​လည္းေကာင္း ျပန္​ရ​မည္​။