Leviticus 4:18 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
တဲ​တော်​အ​တွင်း​ရှိ​နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ပလ္လင်​၏​ထောင့်​များ​ရှိ​အ​တက်​တို့​တွင် နွား​သွေး အ​နည်း​ငယ်​ကို​သုတ်​ရ​မည်။ ကျန်​သော​နွား သွေး​ကို​တဲ​တော်​တံ​ခါး​ဝ​၌​ရှိ​သော​မီး​ရှို့ ပူ​ဇော်​ရာ​ပလ္လင်​ခြေ​ရင်း​တွင်​လောင်း​ရ​မည်။-
Burmese 1835 Version Judson
တဖန် ယဇ်ပုရောဟိတ်သည်၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာ ရှိသော ပလ္လင်ဦးချိုတို့၌ အသွေးကို ထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။
Burmese 1928
အ သွေး ကို ခု နစ် ကြိမ် ဖျန်း ခြင်း၊ ထာ ဝ ရ ဘု ရား မျက် မှောက် တွေ့ ဆုံ ရာ တဲ တော် ရှိ ပ လ္လင် တော် စိန် တောင် များ၌ အ သွေး သုတ် ခြင်း၊ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး ရှိ မီး ရှို့ ပူ ဇော် ရာ ပ လ္လင် တော် ခြေ ရင်း သို့ အ သွေး ကျန် သ မျှ ကို လောင်း ခြင်း၊
Burmese 2021
တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ရှိ​သော ပ​လ္လင်​ဦး​ချို​တို့၌ အ​သွေး​ကို​ထည့်၍၊ ကြွင်း​သော​အ​သွေး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌​ရှိ​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ သွန်​ရ​မည်။
Burmese JBZV
တစ္​ဖန္ ယဇ္​ပု​ေရာ​ဟိတ္​သည္၊ ပ​ရိတ္​သတ္​စည္း​ေဝး​ရာ​တဲ​ေတာ္​အ​တြင္း၊ ထာ​ဝ​ရ​ဘု​ရား​ေရွ႕​ေတာ္​မွာ​ရွိ​ေသာ ပ​လႅင္​ဦး​ခ်ိဳ​တို႔၌ အ​ေသြး​ကို​ထည့္၍၊ ႂကြင္း​ေသာ​အ​ေသြး​ကို၊ ပ​ရိ​သတ္​စည္း​ေဝး​ရာ တဲ​ေတာ္​တံ​ခါး​ေရွ႕၌​ရွိ​ေသာ မီး​ရွို႔​ရာ​ယဇ္​ပ​လႅင္​ေျခ​ရင္း​နား​မွာ သြန္​ရ​မည္။
Burmese MCLZV
တဲ​ေတာ္​အ​တြင္း​ရွိ​နံ့​သာ​ေပါင္း​မီး​ရွို႔​ရာ ပလႅင္​၏​ေထာင့္​မ်ား​ရွိ​အ​တက္​တို႔​တြင္ ႏြား​ေသြး အ​နည္း​ငယ္​ကို​သုတ္​ရ​မည္။ က်န္​ေသာ​ႏြား ေသြး​ကို​တဲ​ေတာ္​တံ​ခါး​ဝ​၌​ရွိ​ေသာ​မီး​ရွို႔ ပူ​ေဇာ္​ရာ​ပလႅင္​ေျခ​ရင္း​တြင္​ေလာင္း​ရ​မည္။-
Burmese MSBU
ထာဝရဘုရား​ရှေ့​တော်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲ၌​ရှိ​သည့် ယဇ်ပလ္လင်​ချို​များ​ကို​လည်း ထို​သွေး​ဖြင့်​သုတ်လိမ်း​ရ​မည်​။ ကျန်​သွေး​အားလုံး​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌​ရှိ​သော မီးရှို့​ရာ​ယဇ်ပလ္လင်​၏​အောက်ခြေ​၌ သွန်း​ရ​မည်​။
Burmese MSBZ
ထာဝရဘုရား​ေရွ႕​ေတာ္​၊ ေတြ႕ဆုံစည္းေဝးရာ​တဲ​ေတာ္​ထဲ၌​ရွိ​သည့္ ယဇ္ပလႅင္​ခ်ိဳ​မ်ား​ကို​လည္း ထို​ေသြး​ျဖင့္​သုတ္လိမ္း​ရ​မည္​။ က်န္​ေသြး​အားလုံး​ကို ေတြ႕ဆုံစည္းေဝးရာ​တဲ​ေတာ္​အဝင္ဝ​၌​ရွိ​ေသာ မီးရႈိ႕​ရာ​ယဇ္ပလႅင္​၏​ေအာက္ေျခ​၌ သြန္း​ရ​မည္​။