Leviticus 7:15 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မိတ်သဟာယယဇ်ကောင်ကိုပူဇော်သောနေ့ ၌ အသားကိုအကုန်စားရမည်။ နောက်တစ်နေ့ နံနက်အထိ အသားအကြွင်းအကျန်မရှိ စေရ။
Burmese 1835 Version Judson
ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်သော မိဿဟာယယဇ်အသားကို၊ ပူဇော်သော နေ့ခြင်းတွင် စားရမည်။ နံနက်တိုင်အောင် မကြွင်းစေရ။
Burmese 1928
ချီး မွမ်း ရာ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ၏ အ သား ကို နံ နက် တိုင် မ ချန် ဘဲ လှူ ဒါန်း သော နေ့ ချင်း စား ရ မည်။
Burmese 2021
ကျေးဇူးတော်ဝန်ခံဖို့ရာ ပူဇော်သော မိတ်သဟာယယဇ်အသားကို၊ ပူဇော်သောနေ့ချင်းတွင်စားရမည်။ နံနက်တိုင်အောင် မကြွင်းစေရ။
Burmese JBZV
ေက်းဇူးေတာ္ဝန္ခံဖို႔ရာ ပူေဇာ္ေသာ မိတ္သဟာယယဇ္အသားကို၊ ပူေဇာ္ေသာေန႔ခ်င္းတြင္စားရမည္။ နံနက္တိုင္ေအာင္ မႂကြင္းေစရ။
Burmese MCLZV
မိတ္သဟာယယဇ္ေကာင္ကိုပူေဇာ္ေသာေန႔ ၌ အသားကိုအကုန္စားရမည္။ ေနာက္တစ္ေန႔ နံနက္အထိ အသားအႂကြင္းအက်န္မရွိ ေစရ။
Burmese MSBU
ကျေးဇူးတော်ချီးမွမ်းခြင်းအတွက်ပူဇော်သော မိတ်သဟာယယဇ်အသားကို ပူဇော်သောနေ့၌ပင် စားရမည်။ ထိုအသားကို နံနက်တိုင်အောင် မချန်ထားရ။
Burmese MSBZ
ေက်းဇူးေတာ္ခ်ီးမြမ္းျခင္းအတြက္ပူေဇာ္ေသာ မိတ္သဟာယယဇ္အသားကို ပူေဇာ္ေသာေန႔၌ပင္ စားရမည္။ ထိုအသားကို နံနက္တိုင္ေအာင္ မခ်န္ထားရ။