Luke 1:68 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​ပါ စေ​သော။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ ကြွ​လာ​၍​သူ​တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပြီ။
Burmese 1835 Version Judson
ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်းသောပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့ သည် ရန်သူဘေးနှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံးသန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကိုရဲရင့်စွာပြုရသောအခွင့်ကိုပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်း ဂတိတော်တည်း ဟူသောသန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်၎င်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူ သော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်း ကျေးဇူး ကိုပြုတော်မူ၍၊ ငါတို့ကိုရန်သူလက်မှ၎င်း၊ မုန်းသောသူရှိသမျှတို့လက်မှ၎င်း ကယ်လွှတ်မည်အကြောင်း၊ ကယ် လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အားပေါ်ထွန်းစေတော်မူပြီ။
Burmese 1928
လူ မျိုး တော် ကို အ ကြည့် အ ရှု ကြွ လာ လျက် ရွေး နုတ် ခြင်း အ မှု ကို စီ ရင် တော် မူ သော ဣ သ ရေ လ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၌ မင်္ဂ လာ ရှိ ပါ စေ သော။
Burmese 2021
ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အ​ကြောင်း​မူ​ကား၊ က​မ္ဘာ​ဦး​မှ​စ၍ ပေါ်​ထွန်း​သော မိ​မိ​သန့်​ရှင်း​သော ပ​ရော​ဖက်​တို့​နှုတ်​ဖြင့် ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ရန်​သူ​ဘေး​နှင့် ကင်း​လွတ်၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ တစ်​သက်​လုံး သန့်​ရှင်း​ဖြောင့်​မတ်​ခြင်း ပါ​ရ​မီ​အား​ဖြင့် ဘု​ရား​ဝတ်​ကို ရဲ​ရင့်​စွာ​ပြု​ရ​သော​အ​ခွင့်​ကို ပေး​မည်​ဟု ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​အား ကျိန်​ဆို​ခြင်း​က​တိ​တော်​တည်း​ဟူ​သော သန့်​ရှင်း​သော​ပ​ဋိ​ညာဉ်​တ​ရား​ကို အောက်​မေ့​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​တို့ ဘိုး​ဘေး​များ​နှင့် ဝန်​ခံ​တော်​မူ​သော သ​နား​ခြင်း​ကျေး​ဇူး​ကို ပြု​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ မိ​မိ​လူ​မျိုး​ကို အ​ကြည့်​အ​ရှု ကြွ​လာ​လျက် ရွေး​နုတ်​ခြင်း​ကျေး​ဇူး​ကို​ပြု​တော်​မူ၍၊ ငါ​တို့​ကို ရန်​သူ​လက်​မှ​လည်း​ကောင်း၊ မုန်း​သော​သူ​ရှိ​သ​မျှ​တို့ လက်​မှ​လည်း​ကောင်း ကယ်​လွှတ်​မည်​အ​ကြောင်း၊ ကယ်​လွှတ်​ခြင်း​ဦး​ချို​ကို မိ​မိ​ကျွန်​ဒါ​ဝိဒ်​အ​မျိုး​ထဲ၌ ငါ​တို့​အား ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။
Burmese JBZV
ဣ​သ​ေရ​လ​အ​မ်ိဳး၏ ဘု​ရား​သ​ခင္ ထာ​ဝ​ရ​ဘု​ရား​သည္ မဂၤ​လာ​ရွိ​ေတာ္​မူ​ေစ​သ​တည္း။ အ​ေၾကာင္း​မူ​ကား၊ က​မၻာ​ဦး​မွ​စ၍ ေပၚ​ထြန္း​ေသာ မိ​မိ​သန္႔​ရွင္း​ေသာ ပ​ေရာ​ဖက္​တို႔​ႏွုတ္​ျဖင့္ ဗ်ာ​ဒိတ္​ထား​ေတာ္​မူ​သည္​ႏွင့္​အ​ညီ၊ ငါ​တို႔​သည္ ရန္​သူ​ေဘး​ႏွင့္ ကင္း​လြတ္၍ ဘု​ရား​သ​ခင့္​ေရွ႕​ေတာ္၌ တစ္​သက္​လုံး သန္႔​ရွင္း​ေျဖာင့္​မတ္​ျခင္း ပါ​ရ​မီ​အား​ျဖင့္ ဘု​ရား​ဝတ္​ကို ရဲ​ရင့္​စြာ​ျပဳ​ရ​ေသာ​အ​ခြင့္​ကို ေပး​မည္​ဟု ငါ​တို႔​အ​ဘ​အာ​ျဗ​ဟံ​အား က်ိန္​ဆို​ျခင္း​က​တိ​ေတာ္​တည္း​ဟူ​ေသာ သန္႔​ရွင္း​ေသာ​ပ​ဋိ​ညာဥ္​တ​ရား​ကို ေအာက္​ေမ့​ေတာ္​မူ​သ​ျဖင့္​လည္း​ေကာင္း၊ ငါ​တို႔ ဘိုး​ေဘး​မ်ား​ႏွင့္ ဝန္​ခံ​ေတာ္​မူ​ေသာ သ​နား​ျခင္း​ေက်း​ဇူး​ကို ျပဳ​ေတာ္​မူ​သ​ျဖင့္​လည္း​ေကာင္း၊ မိ​မိ​လူ​မ်ိဳး​ကို အ​ၾကည့္​အ​ရွု ႂကြ​လာ​လ်က္ ေရြး​ႏုတ္​ျခင္း​ေက်း​ဇူး​ကို​ျပဳ​ေတာ္​မူ၍၊ ငါ​တို႔​ကို ရန္​သူ​လက္​မွ​လည္း​ေကာင္း၊ မုန္း​ေသာ​သူ​ရွိ​သ​မၽွ​တို႔ လက္​မွ​လည္း​ေကာင္း ကယ္​လႊတ္​မည္​အ​ေၾကာင္း၊ ကယ္​လႊတ္​ျခင္း​ဦး​ခ်ိဳ​ကို မိ​မိ​ကၽြန္​ဒါ​ဝိဒ္​အ​မ်ိဳး​ထဲ၌ ငါ​တို႔​အား ေပၚ​ထြန္း​ေစ​ေတာ္​မူ​ၿပီ။
Burmese MCLZV
``ဣ​သ​ေရ​လ​အ​မ်ိဳး​သား​တို႔​၏​ထာ​ဝ​ရ​အ​ရွင္ ဘု​ရား​သ​ခင္​ကို​ခ်ီး​မြမ္း​ေထာ​မ​နာ​ျပဳ​ၾက​ပါ ေစ​ေသာ။ ကိုယ္​ေတာ္​သည္​ဣ​သ​ေရ​လ​အ​မ်ိဳး​သား​တို႔​ထံ​သို႔ ႂကြ​လာ​၍​သူ​တို႔​ကို​လြတ္​ေျမာက္​ေစ​ေတာ္​မူ​ၿပီ။
Burmese MSBU
“အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် မင်္ဂလာရှိ​ပါစေသော။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​ကို အကြည့်အရှု​ကြွလာ​တော်မူ​၍ ရွေးနုတ်​ကယ်တင်​ခြင်း​ကျေးဇူး​ကို​ပြု​တော်မူ​ပြီး
Burmese MSBZ
“အစၥေရး​လူမ်ိဳး​၏​ဘုရားသခင္​ထာဝရ​ဘုရား​သည္ မဂၤလာရွိ​ပါေစေသာ။ အေၾကာင္းမူကား ကိုယ္ေတာ္​သည္ မိမိ​လူမ်ိဳး​ေတာ္​ကို အၾကည့္အရႈ​ႂကြလာ​ေတာ္မူ​၍ ေ႐ြးႏုတ္​ကယ္တင္​ျခင္း​ေက်းဇူး​ကို​ျပဳ​ေတာ္မူ​ၿပီး