Luke 12:24 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကျီး​ကန်း​များ​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ သူ​တို့​သည်​မျိုး​ကို​မ​ကြဲ၊ အ​သီး​အ​နှံ​များ ကို​မ​ရိတ်​မ​သိမ်း။ သူ​တို့​မှာ​ကုန်​လှောင်​ခန်း​များ၊ ကျီ​များ​မ​ရှိ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် သူ​တို့​အား​ကျွေး​မွေး​တော်​မူ​၏။ သင်​တို့ ကား​ငှက်​များ​ထက်​များ​စွာ​အ​ဖိုး​ထိုက်​သည် မ​ဟုတ်​လော။-
Burmese 1835 Version Judson
ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ စပါး ကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။
Burmese 1928
စိုက် ပျိုး ခြင်း၊ ရိတ် သိမ်း ခြင်း ကင်း၍ ကျီ ကျ မ ရှိ သော ကျီး များ ကို ဘု ရား သ ခင် ကျွေး မွေး တော် မူ ကြောင်း စဉ်း စား ကြ လော့။ သင် တို့ သည် ငှက် များ ထက် သာ၍ မြတ် သည် တ ကား။
Burmese 2021
ကျီး​ကန်း​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​ငှက်​တို့​သည် မျိုး​စေ့​ကို မ​စိုက်​မ​ကြဲ၊ စ​ပါး​ကို​မ​ရိတ်၊ စ​ပါး​ကျီ​မ​ရှိ၊ ဘ​ဏ္ဍာ​တိုက်​မ​ရှိ။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထို​ငှက်​တို့​ထက် သင်​တို့​သည် အ​လွန်​မြတ်​သည် မ​ဟုတ်​လော။-
Burmese JBZV
က်ီး​ကန္း​မ်ား​ကို ၾကည့္​ရွု​ဆင္​ျခင္​ၾက​ေလာ့။ ထို​ငွက္​တို႔​သည္ မ်ိဳး​ေစ့​ကို မ​စိုက္​မ​ၾကဲ၊ စ​ပါး​ကို​မ​ရိတ္၊ စ​ပါး​က်ီ​မ​ရွိ၊ ဘ​႑ာ​တိုက္​မ​ရွိ။ သို႔​ေသာ္​လည္း ဘု​ရား​သ​ခင္​သည္ သူ​တို႔​ကို ေကၽြး​ေမြး​ေတာ္​မူ၏။ ထို​ငွက္​တို႔​ထက္ သင္​တို႔​သည္ အ​လြန္​ျမတ္​သည္ မ​ဟုတ္​ေလာ။-
Burmese MCLZV
က်ီး​ကန္း​မ်ား​ကို​ၾကည့္​ရွု​ဆင္​ျခင္​ၾက​ေလာ့။ သူ​တို႔​သည္​မ်ိဳး​ကို​မ​ၾကဲ၊ အ​သီး​အ​ႏွံ​မ်ား ကို​မ​ရိတ္​မ​သိမ္း။ သူ​တို႔​မွာ​ကုန္​ေလွာင္​ခန္း​မ်ား၊ က်ီ​မ်ား​မ​ရွိ။ သို႔​ရာ​တြင္​ဘု​ရား​သ​ခင္​သည္ သူ​တို႔​အား​ေကၽြး​ေမြး​ေတာ္​မူ​၏။ သင္​တို႔ ကား​ငွက္​မ်ား​ထက္​မ်ား​စြာ​အ​ဖိုး​ထိုက္​သည္ မ​ဟုတ္​ေလာ။-
Burmese MSBU
ကျီးကန်း​များ​ကို​ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုးကြဲ​ခြင်း​မ​ရှိ။ ရိတ်သိမ်း​ခြင်း​လည်း​မ​ရှိ။ သိုလှောင်​ရုံ​များ​နှင့် ကျီ​များ​လည်း​မ​ရှိ။ သို့သော် ဘုရားသခင်​သည် ၎င်း​တို့​ကို​ကျွေးမွေး​တော်မူ​၏။ သင်​တို့​သည် ငှက်​တို့​ထက် များစွာ​အဖိုးထိုက်​ကြ​၏။
Burmese MSBZ
က်ီးကန္း​မ်ား​ကို​ၾကည့္ရႈ​ဆင္ျခင္​ၾက​ေလာ့။ ၎​တို႔​သည္ မ်ိဳးႀကဲ​ျခင္း​မ​ရွိ။ ရိတ္သိမ္း​ျခင္း​လည္း​မ​ရွိ။ သိုေလွာင္​႐ုံ​မ်ား​ႏွင့္ က်ီ​မ်ား​လည္း​မ​ရွိ။ သို႔ေသာ္ ဘုရားသခင္​သည္ ၎​တို႔​ကို​ေကြၽးေမြး​ေတာ္မူ​၏။ သင္​တို႔​သည္ ငွက္​တို႔​ထက္ မ်ားစြာ​အဖိုးထိုက္​ၾက​၏။