Luke 21:24 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အချို့သောသူတို့သည်ဋ္ဌားဘေးဖြင့်ကျဆုံး ကြလိမ့်မည်။ ကျန်သူတို့သည်သုံ့ပန်းများအဖြစ် ဖြင့် အတိုင်းတိုင်းအပြည်ပြည်သို့ဖမ်းသွားခြင်းခံ ရကြလိမ့်မည်။ လူမျိုးခြားတို့သည် မိမိတို့ကြီး စိုးသည့်ခေတ်မကုန်မချင်း ယေရုရှလင်မြို့ ကိုခြေဖြင့်နင်းကြလိမ့်မည်။
Burmese 1835 Version Judson
သူတို့သည် ထားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ်ရပ်သို့ ဘမ်း သွားကြလိမ့်မည်။ တပါးအမျိုးသားတို့သည် မိမိတို့ အချိန်ကာလမပြည့်စုံမှီတိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့် နင်းကြလိမ့်မည်။
Burmese 1928
ထို သူ တို့ သည် ဓား ဘေး ဖြင့် ကျ ဆုံး ခြင်း၊ လူ မျိုး ခြား တို့ ထံ သိမ်း သွား ခြင်း ခံ ရ သည့် အ လျောက် လူ မျိုး ခြား တို့ ခေတ် မ ကုန် မ ချင်း ယေ ရု ရှ လင် မြို့ ကို ကျော် နင်း ကြ လိမ့် မည်။
Burmese 2021
သူတို့သည် ဓားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းသွားကြလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် မိမိတို့ အချိန်ကာလ မပြည့်စုံမီတိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့် နင်းကြလိမ့်မည်။
Burmese JBZV
သူတို႔သည္ ဓားေဘးျဖင့္ ပ်က္စီးျခင္းသို႔ ေရာက္ၾကလိမ့္မည္။ အျခားေသာျပည္အရပ္ရပ္သို႔ ဖမ္းသြားၾကလိမ့္မည္။ တစ္ပါးအမ်ိဳးသားတို႔သည္ မိမိတို႔ အခ်ိန္ကာလ မျပည့္စုံမီတိုင္ေအာင္ ေယ႐ုရွလင္ၿမိဳ႕ကို ေျခႏွင့္ နင္းၾကလိမ့္မည္။
Burmese MCLZV
အခ်ိဳ႕ေသာသူတို႔သည္ဓားေဘးျဖင့္က်ဆုံး ၾကလိမ့္မည္။ က်န္သူတို႔သည္သုံ႔ပန္းမ်ားအျဖစ္ ျဖင့္ အတိုင္းတိုင္းအျပည္ျပည္သို႔ဖမ္းသြားျခင္းခံ ရၾကလိမ့္မည္။ လူမ်ိဳးျခားတို႔သည္ မိမိတို႔ႀကီး စိုးသည့္ေခတ္မကုန္မခ်င္း ေယ႐ုရွလင္ၿမိဳ႕ ကိုေျချဖင့္နင္းၾကလိမ့္မည္။
Burmese MSBU
သူတို့သည် ဓားဘေးဖြင့်ကျဆုံး၍ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ လူမျိုးခြားတို့သည်လည်း မိမိတို့အချိန်အခါများပြည့်စုံသည်အထိ ဂျေရုဆလင်မြို့ကို နင်းချေကြလိမ့်မည်။
Burmese MSBZ
သူတို႔သည္ ဓားေဘးျဖင့္က်ဆုံး၍ အျခားေသာျပည္အရပ္ရပ္သို႔ ဖမ္းဆီးေခၚေဆာင္သြားျခင္းခံရၾကလိမ့္မည္။ လူမ်ိဳးျခားတို႔သည္လည္း မိမိတို႔အခ်ိန္အခါမ်ားျပည့္စုံသည္အထိ ေဂ်႐ုဆလင္ၿမိဳ႕ကို နင္းေခ်ၾကလိမ့္မည္။