Luke 24:12 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ရာတွင်ပေတရုသည်သင်္ချိုင်းတော်သို့ပြေး သွားပြီးလျှင်ငုံ့၍ကြည့်၏။ ပိတ်များမှတစ်ပါး အခြားအဘယ်အရာကိုမျှမတွေ့ရ။ သူသည် ထိုအခြင်းအရာကိုအံ့သြလျက်အိမ်သို့ပြန် လေသည်။
Burmese 1835 Version Judson
သို့သော်လည်း ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍ ပိတ် ပုဆိုးသာရှိရစ်သည်ကို မြင်လျှင်၊ ထိုအကြောင်းအရာကို အံ့ဩ၍ မိမိအိမ်သို့ ပြန်သွား၏။
Burmese 1928
ပေ တ ရု ထ လျက် သင်္ချိုင်း ဂူ တော် သို့ ပြေး သွား ငုံ့ ကြည့် ရာ ပိတ် ထည် ကို သာ မြင် သ ဖြင့် အ ဖြစ် အ ပျက် ကို အံ့ သြ လျက် အိမ် သို့ ပြန် လေ၏။
Burmese 2021
သို့သော်လည်း ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ ပြေးလေ၏။ ရောက်သောအခါ ငုံ့ကြည့်၍ ပိတ်ပုဆိုးသာရှိရစ်သည်ကို မြင်လျှင်၊ ထိုအကြောင်းအရာကို အံ့ဩ၍ မိမိအိမ်သို့ ပြန်သွား၏။
Burmese JBZV
သို႔ေသာ္လည္း ေပတ႐ုသည္ထ၍ သခၤ်ိဳင္းေတာ္သို႔ ေျပးေလ၏။ ေရာက္ေသာအခါ ငုံ႔ၾကည့္၍ ပိတ္ပုဆိုးသာရွိရစ္သည္ကို ျမင္လၽွင္၊ ထိုအေၾကာင္းအရာကို အံ့ဩ၍ မိမိအိမ္သို႔ ျပန္သြား၏။
Burmese MCLZV
သို႔ရာတြင္ေပတ႐ုသည္သခၤ်ိဳင္းေတာ္သို႔ေျပး သြားၿပီးလၽွင္ငုံ႔၍ၾကည့္၏။ ပိတ္မ်ားမွတစ္ပါး အျခားအဘယ္အရာကိုမၽွမေတြ႕ရ။ သူသည္ ထိုအျခင္းအရာကိုအံ့ၾသလ်က္အိမ္သို႔ျပန္ ေလသည္။
Burmese MSBU
သို့ရာတွင် ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ပြေးသွားပြီး ငုံ့ကြည့်လိုက်ရာ ပိတ်ထည်ကိုသာတွေ့သဖြင့်ထိုအဖြစ်အပျက်ကိုအံ့သြလျက် မိမိအိမ်သို့ပြန်သွားလေ၏။
Burmese MSBZ
သို႔ရာတြင္ ေပတ႐ုသည္ထ၍ သခ်ႋဳင္းေတာ္သို႔ေျပးသြားၿပီး ငုံ႔ၾကည့္လိုက္ရာ ပိတ္ထည္ ကိုသာေတြ႕သျဖင့္ထိုအျဖစ္အပ်က္ကိုအံ့ၾသလ်က္ မိမိအိမ္သို႔ျပန္သြားေလ၏။