Luke 3:4 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​တွင်​ပါ​ရှိ​သည်​နှင့် အ​ညီ၊ တော​ကန္တာ​ရ​တွင်​လူ​တစ်​ယောက်​သည် ကြွေး ကြော်​လျက်​နေ​သည်​မှာ၊ `ကိုယ်​တော်​ရှင်​ကြွ​တော်​မူ​ရာ​လမ်း​ကို အ​သင့်​ပြင်​ဆင်​ကြ​လော့။ ကိုယ်​တော်​၏​လမ်း​ကို​ဖြောင့်​တန်း​အောင်​ပြု​ကြ​လော့။
Burmese 1835 Version Judson
လမ်းခရီးတော်ကို ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရ မည်။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။
Burmese 1928
ဟော ပြော ခြင်း ကား သဲ တော၌ ကြွေး ကြော် သူ၏ စ ကား သံ မှာ ထာ ဝ ရ ဘု ရား ကြွ တော် မူ ရာ လမ်း ကို ပြု ပြင် ကြ လော့။ လမ်း တော် များ ကို ညီ ညွတ် စေ ကြ လော့။ ချိုင့် ရှိ သ မျှ သည် ဖို့ ခြင်း၊ တောင် ကုန်း ရှိ သ မျှ သည် ဖြို ခြင်း၊ ကောက် ရာ သည် ဖြောင့် ခြင်း၊ ကြမ်း ရာ သည် ချော ခြင်း များ ကို ခံ ရ သ ဖြင့် ဘု ရား သ ခင်၏ ကယ် တင် မှု ကို လူ အ ပေါင်း တို့ ဖူး မြင် ရ ကြ လ တ္တံ့ ဟူ၍ ပ ရော ဖက် ဟေ ရှာ ယ ကျမ်း တွင် ပါ ရှိ သည် နှင့် အ ညီ ဖြစ် သ တည်း။
Burmese 2021
လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့။ ချိုင့်​ဝှမ်း​ရာ​ရှိ​သ​မျှ​တို့​ကို ဖို့​ရ​မည်။ တောင်​ကြီး​တောင်​ငယ် ရှိ​သ​မျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်​စေ​ရ​မည်။
Burmese JBZV
လမ္း​ခ​ရီး​ေတာ္​ကို ေျဖာင့္​ေစ​ၾက​ေလာ့။ ခ်ိဳင့္​ဝွမ္း​ရာ​ရွိ​သ​မၽွ​တို႔​ကို ဖို႔​ရ​မည္။ ေတာင္​ႀကီး​ေတာင္​ငယ္ ရွိ​သ​မၽွ​တို႔​ကို ၿဖိဳ​ရ​မည္။ ေကာက္​ေသာ​လမ္း​မ်ား​ကို ေျဖာင့္​ေစ​ရ​မည္။
Burmese MCLZV
ပ​ေရာ​ဖက္​ေဟ​ရွာ​ယ​က်မ္း​တြင္​ပါ​ရွိ​သည္​ႏွင့္ အ​ညီ၊ ေတာ​ကႏၲာ​ရ​တြင္​လူ​တစ္​ေယာက္​သည္ ေႂကြး ေၾကာ္​လ်က္​ေန​သည္​မွာ၊ `ကိုယ္​ေတာ္​ရွင္​ႂကြ​ေတာ္​မူ​ရာ​လမ္း​ကို အ​သင့္​ျပင္​ဆင္​ၾက​ေလာ့။ ကိုယ္​ေတာ္​၏​လမ္း​ကို​ေျဖာင့္​တန္း​ေအာင္​ျပဳ​ၾက​ေလာ့။-
Burmese MSBU
ဤသည်ကား “တော​ကန္တာရ​၌​ဟစ်ကြော်​သော​အသံ​မှာ ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ပြင်ဆင်​ကြ​လော့။ ကိုယ်တော်​၏​လမ်းကြောင်း​များ​ကို ဖြောင့်တန်း​စေ​ကြ​လော့။
Burmese MSBZ
ဤသည္ကား “ေတာ​ကႏၲာရ​၌​ဟစ္ေၾကာ္​ေသာ​အသံ​မွာ ထာဝရ​ဘုရား​၏​လမ္း​ေတာ္​ကို ျပင္ဆင္​ၾက​ေလာ့။ ကိုယ္ေတာ္​၏​လမ္းေၾကာင္း​မ်ား​ကို ေျဖာင့္တန္း​ေစ​ၾက​ေလာ့။