Luke 4:20 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုနောက်ကျမ်းစာတော်ကိုလိပ်၍ဇရပ်မှူးအား ပြန်ပေးပြီးနောက်ထိုင်တော်မူ၏။ တရားဇရပ် ထဲမှာရှိသောလူအပေါင်းတို့သည်ကိုယ်တော် အားစိုက်ကြည့်နေကြ၏။-
Burmese 1835 Version Judson
ကျမ်းစာကိုလိပ်၍ စရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ စရပ်၌ရှိသောသူအပေါင်းတို့သည် ကိုယ် တော်ကိုစေ့စေ့ကြည့်လျက်နေကြ၏။
Burmese 1928
ကျမ်း စာ ကို ပိတ်၍ အ မှု ဆောင် အား ပေး လိုက် ပြီး နောက် ထိုင် တော် မူ ရာ ဓ မ္မာ ရုံ တွင် ရှိ သ မျှ သော သူ တို့ စိုက် ကြည့် ကြ စဉ်၊
Burmese 2021
ကျမ်းစာကိုလိပ်၍ ဇရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ ဇရပ်၌ရှိသော သူအပေါင်းတို့သည် ကိုယ်တော်ကို စေ့စေ့ကြည့်လျက်နေကြ၏။
Burmese JBZV
က်မ္းစာကိုလိပ္၍ ဇရပ္ေစာင့္အားေပးၿပီးမွ ထိုင္ေတာ္မူ၏။ ဇရပ္၌ရွိေသာ သူအေပါင္းတို႔သည္ ကိုယ္ေတာ္ကို ေစ့ေစ့ၾကည့္လ်က္ေနၾက၏။
Burmese MCLZV
ထိုေနာက္က်မ္းစာေတာ္ကိုလိပ္၍ဇရပ္မွူးအား ျပန္ေပးၿပီးေနာက္ထိုင္ေတာ္မူ၏။ တရားဇရပ္ ထဲမွာရွိေသာလူအေပါင္းတို႔သည္ကိုယ္ေတာ္ အားစိုက္ၾကည့္ေနၾက၏။-
Burmese MSBU
ထို့နောက် ကိုယ်တော်သည် ထိုကျမ်းစာလိပ်ကို လိပ်၍ အစောင့်တာဝန်ခံအားပြန်ပေးပြီး ထိုင်တော်မူလျှင် ဝတ်ပြုစည်းဝေးကျောင်းတွင်ရှိသောသူအားလုံးတို့သည် ကိုယ်တော်ကိုစေ့စေ့ကြည့်ကြ၏။
Burmese MSBZ
ထို႔ေနာက္ ကိုယ္ေတာ္သည္ ထိုက်မ္းစာလိပ္ကို လိပ္၍ အေစာင့္တာဝန္ခံအားျပန္ေပးၿပီး ထိုင္ေတာ္မူလွ်င္ ဝတ္ျပဳစည္းေဝးေက်ာင္း တြင္ရွိေသာသူအားလုံးတို႔သည္ ကိုယ္ေတာ္ကိုေစ့ေစ့ၾကည့္ၾက၏။