Luke 5:25 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ချက်ချင်းပင်ထိုသူသည်လူတို့ရှေ့တွင်ထ၍ မိမိလဲလျောင်းနေခဲ့သောထမ်းစင်ကိုထမ်း ပြီးလျှင် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော် ကိုချီးကူးလျက်အိမ်သို့ပြန်လေ၏။-
Burmese 1835 Version Judson
ထိုသူသည်လည်း လူအများရှေ့မှာ ချက်ချင်းထ၍ အိမ်ယာကိုဆောင်လျက်၊ ဘုရားသခင်၏ ဂုဏ် တော်ကို ချီးမွမ်းလျက် မိမိအိမ်သို့သွားလေ၏။
Burmese 1928
သူ တို့ ရှေ့ ချက် ချင်း ထ ပြီး လျှင် အိပ် ခဲ့ ရာ ထမ်း စင် ကို ဆောင်၍ ဘု ရား သ ခင်၏ ဘုန်း တော် ကို ချီး မြှောက် လျက် အိမ် သို့ ပြန် သွား လေ၏။
Burmese 2021
ထိုသူသည်လည်း လူအများရှေ့မှာ ချက်ချင်းထ၍ အိပ်ရာကိုဆောင်လျက်၊ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလျက် မိမိအိမ်သို့သွားလေ၏။-
Burmese JBZV
ထိုသူသည္လည္း လူအမ်ားေရွ႕မွာ ခ်က္ခ်င္းထ၍ အိပ္ရာကိုေဆာင္လ်က္၊ ဘုရားသခင္၏ ဂုဏ္ေတာ္ကို ခ်ီးမြမ္းလ်က္ မိမိအိမ္သို႔သြားေလ၏။-
Burmese MCLZV
ခ်က္ခ်င္းပင္ထိုသူသည္လူတို႔ေရွ႕တြင္ထ၍ မိမိလဲေလ်ာင္းေနခဲ့ေသာထမ္းစင္ကိုထမ္း ၿပီးလၽွင္ ဘုရားသခင္၏ဂုဏ္ေက်းဇူးေတာ္ ကိုခ်ီးကူးလ်က္အိမ္သို႔ျပန္ေလ၏။-
Burmese MSBU
ထိုအခါ လေဖြတ်သောသူသည် လူတို့ရှေ့တွင် ချက်ချင်းထ၍ မိမိလဲလျောင်းခဲ့သောအိပ်ရာကို ဆောင်ယူပြီးလျှင် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် မိမိအိမ်သို့ပြန်သွားလေ၏။
Burmese MSBZ
ထိုအခါ ေလျဖတ္ေသာသူသည္ လူတို႔ေရွ႕တြင္ ခ်က္ခ်င္းထ၍ မိမိလဲေလ်ာင္းခဲ့ေသာအိပ္ရာကို ေဆာင္ယူၿပီးလွ်င္ ဘုရားသခင္၏ဘုန္းေတာ္ကိုခ်ီးမြမ္းလ်က္ မိမိအိမ္သို႔ျပန္သြားေလ၏။