Luke 5:29 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုနောက်လေဝိသည်မိမိ၏အိမ်တွင်ကိုယ်တော် အတွက်ဧည့်ခံပွဲကြီးကျင်းပ၏။ ဧည့်သည်များ တွင်အခွန်ခံသူနှင့်အခြားသူအမြောက်အမြား ပါဝင်ကြ၏။-
Burmese 1835 Version Judson
ထိုနောက်မှလေဝိသည် ကိုယ်တော်အဘို့အလို့ငှါ မိမိအိမ်၌ကြီးစွာသောပွဲကိုခံ၍၊ အခွန်ခံသောသူများ နှင့် အခြားသောသူအပေါင်းတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။
Burmese 1928
လေ ဝိ သည် ကိုယ့် အိမ် တွင် ကိုယ် တော့် အ ဖို့ ခမ်း နား သော စား သောက် ပွဲ ကျင်း ပ ရာ အ ခွန် ကောက် များ၊ အ ခြား သူ များ တို့ နှင့် အ တူ စား ပွဲ ထိုင် ကြ သ ဖြင့်၊
Burmese 2021
ထိုနောက်မှလေဝိသည် ကိုယ်တော်အဖို့အလို့ငှာ မိမိအိမ်၌ ကြီးစွာသောပွဲကိုခံ၍၊ အခွန်ခံသောသူများနှင့် အခြားသောသူအပေါင်းတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။-
Burmese JBZV
ထိုေနာက္မွေလဝိသည္ ကိုယ္ေတာ္အဖို႔အလို႔ငွာ မိမိအိမ္၌ ႀကီးစြာေသာပြဲကိုခံ၍၊ အခြန္ခံေသာသူမ်ားႏွင့္ အျခားေသာသူအေပါင္းတို႔သည္ ကိုယ္ေတာ္မွစေသာ တပည့္ေတာ္တို႔ႏွင့္တကြ စားပြဲ၌ ေလ်ာင္းၾက၏။-
Burmese MCLZV
ထိုေနာက္ေလဝိသည္မိမိ၏အိမ္တြင္ကိုယ္ေတာ္ အတြက္ဧည့္ခံပြဲႀကီးက်င္းပ၏။ ဧည့္သည္မ်ား တြင္အခြန္ခံသူႏွင့္အျခားသူအေျမာက္အျမား ပါဝင္ၾက၏။-
Burmese MSBU
လေဝိသည် မိမိ၏အိမ်၌ ကိုယ်တော်အတွက် ဧည့်ခံပွဲကြီးကိုကျင်းပလေရာ အခွန်ကောက်ခံသူအစုအဝေးနှင့်အခြားသောသူများစွာတို့သည် သူတို့နှင့်အတူထိုင်၍ စားသောက်နေကြ၏။
Burmese MSBZ
ေလဝိသည္ မိမိ၏အိမ္၌ ကိုယ္ေတာ္အတြက္ ဧည့္ခံပြဲႀကီးကိုက်င္းပေလရာ အခြန္ေကာက္ခံသူအစုအေဝးႏွင့္အျခားေသာသူမ်ားစြာတို႔သည္ သူတို႔ႏွင့္အတူထိုင္ ၍ စားေသာက္ေနၾက၏။