Luke 6:49 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သို့​ရာ​တွင်​ငါ့​တ​ရား​စ​ကား​ကို​ကြား​နာ​ပြီး နောက်​မ​လိုက်​လျှောက်​သော​သူ​မူ​ကား​အုတ်​မြစ် မ​ချ​ဘဲ​မြေ​ပေါ်​မှာ​အိမ်​ကို​တည်​ဆောက်​သူ နှင့်​တူ​၏။ မြစ်​ရေ​လျှံ​၍​ထို​အိမ်​ကို​တိုက်​ခတ် လျှင်​ချက်​ချင်း​ပြို​လဲ​သွား​၏။ ထို​အိမ်​၏ အ​ပျက်​အ​စီး​ကား​ကြီး​လှ​စွာ​တ​ကား'' ဟု မိန့်​တော်​မူ​၏။
Burmese 1835 Version Judson
ငါ့စကားကိုကြား၍ နားထောင်သောသူမူကား၊ အခုအခံမရှိဘဲ မြေပေါ်မှာ တိုက်ကိုတည်သောသူနှင့် တူ၏။ ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ၊ ချက်ခြင်းလဲ၍ အကုန်အစင်ပြိုပျက်လေသည်ဟု ဟောတော်မူ ၏။
Burmese 1928
ကြား လျက် မ လိုက် မ နာ သော သူ မူ ကား အ မြစ် မ ချ ဘဲ မြေ မျက် နှာ ပြင် ပေါ် တွင် အိမ် ဆောက် သော သူ နှင့် တူ၏။ ရေ တက်၍ တိုက် ခတ် သော် ရုတ် ခြင်း ပြို လဲ ပေါက် ကွဲ ဆုံး ပါး လေ စွ တ ကား ဟု မိန့် တော် မူ၏။
Burmese 2021
ငါ့​စ​ကား​ကို​ကြား၍ နား​မ​ထောင်​သော​သူ​မူ​ကား၊ အ​ခု​အ​ခံ​မ​ရှိ​ဘဲ မြေ​ပေါ်​မှာ တိုက်​ကို​တည်​သော​သူ​နှင့် တူ၏။ ရေ​စီး၍ ထို​တိုက်​ကို​ရိုက်​ခတ်​သော​အ​ခါ၊ ချက်​ချင်း​လဲ၍ အ​ကုန်​အ​စင်​ပြို​ပျက်​လေ​သည်​ဟု ဟော​တော်​မူ၏။
Burmese JBZV
ငါ့​စ​ကား​ကို​ၾကား၍ နား​မ​ေထာင္​ေသာ​သူ​မူ​ကား၊ အ​ခု​အ​ခံ​မ​ရွိ​ဘဲ ေျမ​ေပၚ​မွာ တိုက္​ကို​တည္​ေသာ​သူ​ႏွင့္ တူ၏။ ေရ​စီး၍ ထို​တိုက္​ကို​ရိုက္​ခတ္​ေသာ​အ​ခါ၊ ခ်က္​ခ်င္း​လဲ၍ အ​ကုန္​အ​စင္​ၿပိဳ​ပ်က္​ေလ​သည္​ဟု ေဟာ​ေတာ္​မူ၏။
Burmese MCLZV
သို႔​ရာ​တြင္​ငါ့​တ​ရား​စ​ကား​ကို​ၾကား​နာ​ၿပီး ေနာက္​မ​လိုက္​ေလၽွာက္​ေသာ​သူ​မူ​ကား​အုတ္​ျမစ္ မ​ခ်​ဘဲ​ေျမ​ေပၚ​မွာ​အိမ္​ကို​တည္​ေဆာက္​သူ ႏွင့္​တူ​၏။ ျမစ္​ေရ​လၽွံ​၍​ထို​အိမ္​ကို​တိုက္​ခတ္ လၽွင္​ခ်က္​ခ်င္း​ၿပိဳ​လဲ​သြား​၏။ ထို​အိမ္​၏ အ​ပ်က္​အ​စီး​ကား​ႀကီး​လွ​စြာ​တ​ကား'' ဟု မိန႔္​ေတာ္​မူ​၏။
Burmese MSBU
သို့သော် ကြား​၍ မ​ကျင့်သုံး​သော​သူ​မူကား အုတ်မြစ်​မ​ချ​ဘဲ မြေ​ပေါ်၌​အိမ်​ဆောက်​သော​သူ​နှင့်​တူ​၏။ မြစ်​ရေ​သည် ထို​အိမ်​ကို​ရိုက်ခတ်​သောအခါ ချက်ချင်း​ပြိုလဲ​သွား​လေ​၏။ ထို​အိမ်​၏​ပျက်စီး​မှု​သည်​လည်း ကြီးမား​လှ​ပေ​၏” ​ဟု မိန့်​တော်မူ​၏။
Burmese MSBZ
သို႔ေသာ္ ၾကား​၍ မ​က်င့္သုံး​ေသာ​သူ​မူကား အုတ္ျမစ္​မ​ခ်​ဘဲ ေျမ​ေပၚ၌​အိမ္​ေဆာက္​ေသာ​သူ​ႏွင့္​တူ​၏။ ျမစ္​ေရ​သည္ ထို​အိမ္​ကို​႐ိုက္ခတ္​ေသာအခါ ခ်က္ခ်င္း​ၿပိဳလဲ​သြား​ေလ​၏။ ထို​အိမ္​၏​ပ်က္စီး​မႈ​သည္​လည္း ႀကီးမား​လွ​ေပ​၏” ​ဟု မိန႔္​ေတာ္မူ​၏။