Luke 7:21 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို​အ​ခါ​၌​ကိုယ်​တော်​သည်​လူ​တို့​၏​ရော​ဂါ ဝေ​ဒ​နာ​များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။ နတ် မိစ္ဆာ​များ​ကို​နှင်​ထုတ်​၍​မျက်​မ​မြင်​များ​ကို မျက်​စိ​မြင်​စေ​တော်​မူ​၏။-
Burmese 1835 Version Judson
ထိုအချိန်နာရီ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး၊ နတ်ဆိုးဘေးနှင့် ကင်းလွတ်စေ တော်မူ၏။ မျက်စိကန်းသောသူများတို့ကိုလည်း မျက်စိမြင်စေခြင်းငှါ ကျေးဇူးပြုတော်မူ၏။
Burmese 1928
ထို အ ချိန် နာ ရီ၌ အ နာ ရော ဂါ အ မျိုး မျိုး စွဲ ကပ် သူ နတ် ဆိုး ပူး သူ အ များ တို့ ကို ကျန်း မာ စေ သည့် ပြင် မျက် မ မြင် အ များ ကို လည်း မြင် ခွင့် သ နား တော် မူ ပြီး လျှင်၊
Burmese 2021
ထို​အ​ချိန်​နာ​ရီ၌ ယေ​ရှု​သည် လူ​များ​တို့​ကို အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​ဘေး၊ နတ်​ဆိုး​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။ မျက်​စိ​ကန်း​သော သူ​များ​တို့​ကို​လည်း မျက်​စိ​မြင်​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​တော်​မူ၏။-
Burmese JBZV
ထို​အ​ခ်ိန္​နာ​ရီ၌ ေယ​ရွု​သည္ လူ​မ်ား​တို႔​ကို အ​နာ​ေရာ​ဂါ​ေဝ​ဒ​နာ​ေဘး၊ နတ္​ဆိုး​ေဘး​ႏွင့္ ကင္း​လြတ္​ေစ​ေတာ္​မူ၏။ မ်က္​စိ​ကန္း​ေသာ သူ​မ်ား​တို႔​ကို​လည္း မ်က္​စိ​ျမင္​ေစ​ျခင္း​ငွာ ေက်း​ဇူး​ျပဳ​ေတာ္​မူ၏။-
Burmese MCLZV
ထို​အ​ခါ​၌​ကိုယ္​ေတာ္​သည္​လူ​တို႔​၏​ေရာ​ဂါ ေဝ​ဒ​နာ​မ်ား​ကို​ေပ်ာက္​ကင္း​ေစ​ေတာ္​မူ​၏။ နတ္ မိစၧာ​မ်ား​ကို​ႏွင္​ထုတ္​၍​မ်က္​မ​ျမင္​မ်ား​ကို မ်က္​စိ​ျမင္​ေစ​ေတာ္​မူ​၏။-
Burmese MSBU
ထို​အချိန်​တွင် ကိုယ်တော်​သည် လူ​များစွာ​တို့​ကို ရောဂါ​ဝေဒနာ​များ​နှင့် နတ်​ဆိုး​တို့​ဘေး​မှ လွတ်ငြိမ်း​ချမ်းသာ​စေ​၍ မျက်မမြင်​တို့​ကို မျက်စိ​မြင်​ရ​သော​အခွင့်​ပေး​တော်မူ​၏။
Burmese MSBZ
ထို​အခ်ိန္​တြင္ ကိုယ္ေတာ္​သည္ လူ​မ်ားစြာ​တို႔​ကို ေရာဂါ​ေဝဒနာ​မ်ား​ႏွင့္ နတ္​ဆိုး​တို႔​ေဘး​မွ လြတ္ၿငိမ္း​ခ်မ္းသာ​ေစ​၍ မ်က္မျမင္​တို႔​ကို မ်က္စိ​ျမင္​ရ​ေသာ​အခြင့္​ေပး​ေတာ္မူ​၏။