Luke 8:24 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သူ​တို့​သည်​ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင် ``အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​သေ​ကြ​ပါ​တော့​မည်'' ဟု ဆို​ကြ​၏။ ကိုယ်​တော်​သည်​အိပ်​စက်​ရာ​က​ထ​တော်​မူ​၍ လေ​နှင့်​လှိုင်း​များ​ကို​ဟန့်​တား​တော်​မူ​သ​ဖြင့် လေ​နှင့်​လှိုင်း​များ​သည်​ငြိမ်​သက်​သွား​လေ​၏။-
Burmese 1835 Version Judson
တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးပြီးလျှင်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီး ခြင်းသို့ ရောက်ပါ၏ဟုလျှောက်ကြသော်၊ ကိုယ်တော်သည် ထ၍ လေနှင့်လှိုင်းတံပိုးကို ဆုံးမတော်မူသဖြင့်၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း၍သာယာလေ၏။
Burmese 1928
တ ပည့် တော် တို့ ချဉ်း ကပ် ပြီး လျှင် သ ခင်၊ သ ခင်၊ သေ ဆုံး ရ ပါ တော့ မည် ဟု လျှောက် ဆို လျက် နှိုး ကြ သော် ကိုယ် တော် သည် ထ၍ လေ နှင့် လှိုင်း တံ ပိုး ကို ဆုံး မ တော် မူ သ ဖြင့် ရပ် စဲ ငြိမ် ဝပ် ရ လေ ၏။
Burmese 2021
တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင်၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ကိုယ်​တော်​သည် ထ၍ လေ​နှင့် လှိုင်း​တံ​ပိုး​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ လေ​နှင့် လှိုင်း​တံ​ပိုး​သည် ငြိမ်း၍​သာ​ယာ​လေ၏။-
Burmese JBZV
တ​ပည့္​ေတာ္​တို႔​သည္ ခ်ဥ္း​ကပ္၍ ကိုယ္​ေတာ္​ကို​ႏွိုး​ၿပီး​လၽွင္၊ သ​ခင္၊ သ​ခင္၊ အ​ကၽြန္ုပ္​တို႔​သည္ ပ်က္​စီး​ျခင္း​သို႔ ေရာက္​ပါ၏​ဟု ေလၽွာက္​ၾက​ေသာ္၊ ကိုယ္​ေတာ္​သည္ ထ၍ ေလ​ႏွင့္ လွိုင္း​တံ​ပိုး​ကို ဆုံး​မ​ေတာ္​မူ​သ​ျဖင့္၊ ေလ​ႏွင့္ လွိုင္း​တံ​ပိုး​သည္ ၿငိမ္း၍​သာ​ယာ​ေလ၏။-
Burmese MCLZV
သူ​တို႔​သည္​ကိုယ္​ေတာ္​ကို​ႏွိုး​ၿပီး​လၽွင္ ``အ​ရွင္၊ အ​ရွင္၊ အ​ကၽြန္ုပ္​တို႔​ေသ​ၾက​ပါ​ေတာ့​မည္'' ဟု ဆို​ၾက​၏။ ကိုယ္​ေတာ္​သည္​အိပ္​စက္​ရာ​က​ထ​ေတာ္​မူ​၍ ေလ​ႏွင့္​လွိုင္း​မ်ား​ကို​ဟန႔္​တား​ေတာ္​မူ​သ​ျဖင့္ ေလ​ႏွင့္​လွိုင္း​မ်ား​သည္​ၿငိမ္​သက္​သြား​ေလ​၏။-
Burmese MSBU
တပည့်​တော်​တို့​သည်​ချဉ်းကပ်​၍ ကိုယ်တော်​ကို​နှိုး​လျက် “သခင်၊ သခင်၊ အကျွန်ုပ်​တို့​သေ​ရ​ပါ​တော့မည်”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​သည်​ထ​၍ လေ​နှင့်​လှိုင်းတံပိုး​တို့​ကို​ဆုံးမ​တော်မူ​ရာ ၎င်း​တို့​သည်​ရပ်တန့်​ကြ​ပြီး ငြိမ်သက်​သာယာ​သွား​လေ​၏။
Burmese MSBZ
တပည့္​ေတာ္​တို႔​သည္​ခ်ဥ္းကပ္​၍ ကိုယ္ေတာ္​ကို​ႏႈိး​လ်က္ “သခင္၊ သခင္၊ အကြၽႏ္ုပ္​တို႔​ေသ​ရ​ပါ​ေတာ့မည္”​ဟု ေလွ်ာက္​ၾက​၏။ ကိုယ္ေတာ္​သည္​ထ​၍ ေလ​ႏွင့္​လႈိင္းတံပိုး​တို႔​ကို​ဆုံးမ​ေတာ္မူ​ရာ ၎​တို႔​သည္​ရပ္တန႔္​ၾက​ၿပီး ၿငိမ္သက္​သာယာ​သြား​ေလ​၏။