Luke 8:29 — Compare Translations
7 translations compared side by side
Burmese (BCL) (Common Language Bible)
သို့လျှောက်ထားရသည့်အကြောင်းမှာကိုယ်တော် သည်ညစ်ညမ်းသောနတ်အားထိုသူ၏အထဲမှ ထွက်ခဲ့ရန်အမိန့်ပေးလိုက်သောကြောင့်ဖြစ်၏။ နတ်မိစ္ဆာသည်ထိုသူကိုကြိမ်ဖန်များစွာပူးကပ် ခဲ့၏။ သူ၏ခြေလက်တို့ကိုသံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်စောင့်ကြပ်ထားသော်လည်း သူသည်သံကြိုးများကိုချိုးဖြတ်၍တော ကန္တာရသို့ထွက်ပြေးတတ်၏။
Burmese 1835 Version Judson
လျှောက်သည်အကြောင်းကား၊ နတ်ဆိုးသည် ထိုလူကိုအဖန်များစွာဘမ်းဆီးလှပြီ။ ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း ခြေချင်းသံကြိုးကို ဆွဲဖြတ်၍ နတ်ဆိုးသည်တောအရပ်သို့ နှင်မြဲရှိကြောင်းကို ကိုယ် တော်သည်ထောက်၍၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။
Burmese 2021
လျှောက်သည်အကြောင်းကား၊ နတ်ဆိုးသည် ထိုလူကို အဖန်များစွာဖမ်းဆီးလှပြီ။ ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း ခြေချင်းသံကြိုးကိုဆွဲဖြတ်၍ နတ်ဆိုးသည် တောအရပ်သို့ နှင်မြဲရှိကြောင်းကို ကိုယ်တော်သည်ထောက်၍၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။-
Burmese JBZV
ေလၽွာက္သည္အေၾကာင္းကား၊ နတ္ဆိုးသည္ ထိုလူကို အဖန္မ်ားစြာဖမ္းဆီးလွၿပီ။ ေျခခ်င္းသံႀကိဳးႏွင့္ အက်ဥ္းထားေသာ္လည္း ေျခခ်င္းသံႀကိဳးကိုဆြဲျဖတ္၍ နတ္ဆိုးသည္ ေတာအရပ္သို႔ ႏွင္ျမဲရွိေၾကာင္းကို ကိုယ္ေတာ္သည္ေထာက္၍၊ ညစ္ညဴးေသာနတ္၊ ထိုလူမွ ထြက္သြားေလာ့ဟု မိန္႔ေတာ္မူခဲ့ၿပီ။-
Burmese MCLZV
သို႔ေလၽွာက္ထားရသည့္အေၾကာင္းမွာကိုယ္ေတာ္ သည္ညစ္ညမ္းေသာနတ္အားထိုသူ၏အထဲမွ ထြက္ခဲ့ရန္အမိန႔္ေပးလိုက္ေသာေၾကာင့္ျဖစ္၏။ နတ္မိစၧာသည္ထိုသူကိုႀကိမ္ဖန္မ်ားစြာပူးကပ္ ခဲ့၏။ သူ၏ေျခလက္တို႔ကိုသံႀကိဳးမ်ားျဖင့္ ခ်ည္ေႏွာင္ဖမ္းခ်ဳပ္ေစာင့္ၾကပ္ထားေသာ္လည္း သူသည္သံႀကိဳးမ်ားကိုခ်ိဳးျဖတ္၍ေတာ ကႏၲာရသို႔ထြက္ေျပးတတ္၏။
Burmese MSBU
ထိုသို့လျှောက်ထားခြင်းမှာ ကိုယ်တော်သည် ညစ်ညူးသောနတ်အား ထိုသူ့အထဲမှထွက်သွားရန် အမိန့်ပေးတော်မူသောကြောင့်ဖြစ်၏။ ထိုနတ်သည် သူ့ကိုကြိမ်ဖန်များစွာဝင်ပူးသဖြင့် သူ့ကို သံကြိုးနှင့်ခြေချင်းတို့ဖြင့် ချည်နှောင်ဖမ်းချုပ်လျက် စောင့်ကြပ်ထားသော်လည်း သူသည် ထိုအရာများကိုချိုးဖြတ်ကာ တောကန္တာရသို့ နတ်ဆိုး၏နှင်ခြင်းကိုခံရ၏။
Burmese MSBZ
ထိုသို႔ေလွ်ာက္ထားျခင္းမွာ ကိုယ္ေတာ္သည္ ညစ္ညဴးေသာနတ္အား ထိုသူ႔အထဲမွထြက္သြားရန္ အမိန႔္ေပးေတာ္မူေသာေၾကာင့္ျဖစ္၏။ ထိုနတ္သည္ သူ႔ကိုႀကိမ္ဖန္မ်ားစြာဝင္ပူးသျဖင့္ သူ႔ကို သံႀကိဳးႏွင့္ေျခခ်င္းတို႔ျဖင့္ ခ်ည္ေႏွာင္ဖမ္းခ်ဳပ္လ်က္ ေစာင့္ၾကပ္ထားေသာ္လည္း သူသည္ ထိုအရာမ်ားကိုခ်ိဳးျဖတ္ကာ ေတာကႏၲာရသို႔ နတ္ဆိုး၏ႏွင္ျခင္းကိုခံရ၏။