Malachi 3:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဗိမာန်တော်တွင်စားနပ်ရိက္ခာအမြောက် အမြားရှိစေရန် သင်တို့၏ဆယ်ဖို့တစ်ဖို့ အလှူကိုအပြည့်အဝယူဆောင်ခဲ့ကြ လော့။ ငါ၏အကဲကိုစမ်း၍ကြည့်ကြလော့။ ထိုအခါငါသည်ကောင်းကင်ပြူတင်းပေါက် များကိုဖွင့်၍ သင်တို့အပေါ်သို့ကောင်းချီး မင်္ဂလာအမျိုးမျိုးသွန်းလောင်းတော်မူ သည်ကိုသင်တို့တွေ့မြင်ကြရလိမ့်မည်။-
Burmese 1835 Version Judson
ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း ၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ ပြုကြလော့။ ငါ သည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
Burmese 1928
ဗိ မာန် တော်၌ ရိ က္ခာ တော် ရှိ စေ ခြင်း ငှာ၊ ဆယ် ဖို့ တစ် ဖို့ အ လှူ ရှိ သ မျှ ကို၊ ကြက် သ ရေ တိုက် တွင်း သို့ တင် သွင်း က၊ ငါ လည်း မိုး ကောင်း ကင် ပြွန် ဝ များ ကို ဖွင့် လျက်၊ သင် တို့ အ ပေါ် တွင်၊ မ ကုန် နိုင် သော မင်္ဂ လာ သွန်း လောင်း တော် မူ မည် မ မူ မည် ကို စုံ စမ်း ကြ လော့ ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
Burmese 2021
ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှာ ပြုကြလော့။ ငါသည် မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
Burmese JBZV
ဆယ္ဖို႔တစ္ဖို႔ရွိသမၽွကို ဘ႑ာတိုက္ထဲသို႔ သြင္း၍၊ ငါ့အိမ္ေတာ္၌ စားစရာရွိေစျခင္းငွာ ျပဳၾကေလာ့။ ငါသည္ မိုးေကာင္းကင္ျပဴတင္းေပါက္တို႔ကိုဖြင့္၍ ေကာင္းႀကီးမဂၤလာကို အကုန္အစင္သြန္းေလာင္းမည္ မသြန္းေလာင္းမည္ကို ထိုသို႔ စုံစမ္းၾကေလာ့ဟု ေကာင္းကင္ဗိုလ္ေျခအရွင္ ထာဝရဘုရား မိန္႔ေတာ္မူ၏။
Burmese MCLZV
ဗိမာန္ေတာ္တြင္စားနပ္ရိကၡာအေျမာက္ အျမားရွိေစရန္ သင္တို႔၏ဆယ္ဖို႔တစ္ဖို႔ အလွူကိုအျပည့္အဝယူေဆာင္ခဲ့ၾက ေလာ့။ ငါ၏အကဲကိုစမ္း၍ၾကည့္ၾကေလာ့။ ထိုအခါငါသည္ေကာင္းကင္ျပဴတင္းေပါက္ မ်ားကိုဖြင့္၍ သင္တို႔အေပၚသို႔ေကာင္းခ်ီး မဂၤလာအမ်ိဳးမ်ိဳးသြန္းေလာင္းေတာ္မူ သည္ကိုသင္တို႔ေတြ႕ျမင္ၾကရလိမ့္မည္။-
Burmese MSBU
ငါ့အိမ်တော်၌စားစရာရှိနေစေရန် ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ ယူဆောင်လာကြလော့။ ငါသည် ကောင်းကင်တံခါးတို့ကိုဖွင့်၍ နေရာလပ်မကျန်သည့်တိုင်အောင် ကောင်းချီးမင်္ဂလာသွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ဤနည်းဖြင့် ငါ့ကို စမ်းသပ်ကြလော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
Burmese MSBZ
ငါ့အိမ္ေတာ္၌စားစရာရွိေနေစရန္ ဆယ္ဖို႔တစ္ဖို႔ရွိသမွ်ကို ဘ႑ာတိုက္ထဲသို႔ ယူေဆာင္လာၾကေလာ့။ ငါသည္ ေကာင္းကင္တံခါးတို႔ကိုဖြင့္၍ ေနရာလပ္မက်န္သည့္တိုင္ေအာင္ ေကာင္းခ်ီးမဂၤလာသြန္းေလာင္းမည္၊ မသြန္းေလာင္းမည္ကို ဤနည္းျဖင့္ ငါ့ကို စမ္းသပ္ၾကေလာ့”ဟု ေကာင္းကင္ဗိုလ္ေျခအရွင္ထာဝရဘုရားမိန႔္ေတာ္မူ၏။