Mark 10:46 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရိခေါ မြို့သို့ရောက်ကြပြီးနောက် လူပရိသတ်ကြီး နှင့်အတူထိုမြို့မှထွက်ခွာကြ၏။ ယင်းသို့ ထွက်ခွာချိန်၌တိမဲ၏သားဗာတိမဲဆိုသူ မျက်မမြင်သူတောင်းစားတစ်ယောက်သည် လမ်းအနီးတွင်ထိုင်လျက်နေ၏။-
Burmese 1835 Version Judson
ယေရိခေါမြို့သို့ရောက်ကြလျှင်၊ တပည့်တော်တို့မှစ၍ များစွားသောလူအပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ်တွင်၊ တိမဲ၏သား ဗာတိမဲအမည်ရှိသော လူကန်းသည် လမ်းနားမှာထိုင်၍ တောင်းစားလေ ၏။
Burmese 1928
ယေ ရိ ခေါ မြို့ သို့ ဝင် ကြ ပြီး နောက် တ ပည့် တော် တို့ နှင့် ကြီး စွာ သော လူ ပ ရိ သတ် ပါ ထွက် ကြွ တော် မူ စဉ် လမ်း နံ ဘေး တွင် ထိုင် သော မျက် မ မြင် သူ တောင်း စား ဖြစ် သူ တိ မဲ ၏ သား ဗာ တိ မဲ သည်၊
Burmese 2021
ယေရိခေါမြို့သို့ ရောက်ကြလျှင်၊ တပည့်တော်တို့မှစ၍ များစွာသော လူအပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ်တွင်၊ တိမဲ၏သား ဗာတိမဲအမည်ရှိသော လူကန်းသည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။-
Burmese JBZV
ေယရိေခါၿမိဳ႕သို႔ ေရာက္ၾကလၽွင္၊ တပည့္ေတာ္တို႔မွစ၍ မ်ားစြာေသာ လူအေပါင္းတို႔ႏွင့္တကြ ထိုၿမိဳ႕မွ ထြက္ႂကြေတာ္မူစဥ္တြင္၊ တိမဲ၏သား ဗာတိမဲအမည္ရွိေသာ လူကန္းသည္ လမ္းနားမွာထိုင္၍ ေတာင္းစားေလ၏။-
Burmese MCLZV
ကိုယ္ေတာ္ႏွင့္တပည့္ေတာ္တို႔သည္ေယရိေခါ ၿမိဳ႕သို႔ေရာက္ၾကၿပီးေနာက္ လူပရိသတ္ႀကီး ႏွင့္အတူထိုၿမိဳ႕မွထြက္ခြာၾက၏။ ယင္းသို႔ ထြက္ခြာခ်ိန္၌တိမဲ၏သားဗာတိမဲဆိုသူ မ်က္မျမင္သူေတာင္းစားတစ္ေယာက္သည္ လမ္းအနီးတြင္ထိုင္လ်က္ေန၏။-
Burmese MSBU
ထို့နောက် သူတို့သည် ဂျေရိခေါမြို့သို့ရောက်လာကြ၏။ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ များစွာသောလူထုပရိသတ်ပါလျက် ဂျေရိခေါမြို့မှထွက်ခွာတော်မူစဉ် တိမဲ၏သား ဗာတိမဲအမည်ရှိသော မျက်မမြင် သူတောင်းစားတစ်ဦးသည် လမ်းဘေးတွင်ထိုင်လျက်နေ၏။
Burmese MSBZ
ထို႔ေနာက္ သူတို႔သည္ ေဂ်ရိေခါၿမိဳ႕သို႔ေရာက္လာၾက၏။ ကိုယ္ေတာ္သည္ တပည့္ေတာ္တို႔ႏွင့္အတူ မ်ားစြာေသာလူထုပရိသတ္ပါလ်က္ ေဂ်ရိေခါၿမိဳ႕မွထြက္ခြာေတာ္မူစဥ္ တိမဲ၏သား ဗာတိမဲအမည္ရွိေသာ မ်က္မျမင္ သူေတာင္းစား တစ္ဦးသည္ လမ္းေဘးတြင္ထိုင္လ်က္ေန၏။
Recommended Reading