Mark 11:15 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင်မြို့ သို့ရောက်ကြသောအခါ ကိုယ်တော်သည်ဗိမာန်တော် သို့ဝင်တော်မူ၍ ဗိမာန်တော်အတွင်းမှာရောင်းဝယ်နေ သူတို့ကိုနှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏ စားပွဲများနှင့်ချိုးငှက်ရောင်းသူများ၏ထိုင်ခုံများ ကိုမှောက်လှန်ပစ်တော်မူ၏။-
Burmese 1835 Version Judson
ယေရုရှလင်မြို့သို့ ရောက်သောအခါ ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်၍ ပွဲစားခုံတို့ကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်ရာကို၎င်း တွန်းလှဲ တော်မူ၍၊
Burmese 1928
ယေ ရု ရှ လင် မြို့ သို့ ရောက် ကြ သော် ကိုယ် တော် သည် ဗိ မာန် တော် အ တွင်း ဝင် ပြီး လျှင် ရောင်း ဝယ် ရှိ နေ သူ တို့ ကို နှင် ထုတ်၍ ကြေး ငွေ လဲ လှယ် သူ တို့၏ စား ပွဲ များ နှင့်၊ ချိုး ရောင်း သူ တို့၏ ထိုင် ခုံ များ ကို မှောက် လှန် တော် မူ သည့် ပြင်၊
Burmese 2021
ယေရုရှလင်မြို့သို့ ရောက်ကြသောအခါ ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်၍ ပွဲစားခုံတို့ကိုလည်းကောင်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်ရာကိုလည်းကောင်း တွန်းလှဲတော်မူ၍၊-
Burmese JBZV
ေယ႐ုရွလင္ၿမိဳ႕သို႔ ေရာက္ၾကေသာအခါ ေယရွုသည္ ဗိမာန္ေတာ္သို႔ ဝင္ေတာ္မူၿပီးလၽွင္၊ ဗိမာန္ေတာ္၌ ေရာင္းဝယ္ေသာသူတို႔ကို ႏွင္ထုတ္၍ ပြဲစားခုံတို႔ကိုလည္းေကာင္း၊ ခ်ိဳးငွက္ေရာင္းေသာသူတို႔၏ ထိုင္ရာကိုလည္းေကာင္း တြန္းလွဲေတာ္မူ၍၊-
Burmese MCLZV
ကိုယ္ေတာ္ႏွင့္တပည့္ေတာ္တို႔သည္ေယ႐ုရွလင္ၿမိဳ႕ သို႔ေရာက္ၾကေသာအခါ ကိုယ္ေတာ္သည္ဗိမာန္ေတာ္ သို႔ဝင္ေတာ္မူ၍ ဗိမာန္ေတာ္အတြင္းမွာေရာင္းဝယ္ေန သူတို႔ကိုႏွင္ထုတ္ေတာ္မူ၏။ ေငြလဲလွယ္သူတို႔၏ စားပြဲမ်ားႏွင့္ခ်ိဳးငွက္ေရာင္းသူမ်ား၏ထိုင္ခုံမ်ား ကိုေမွာက္လွန္ပစ္ေတာ္မူ၏။-
Burmese MSBU
သူတို့သည် ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်နေသောသူတို့ကိုနှင်ထုတ်ကာ ငွေကြေးလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်တော်မူ၏။
Burmese MSBZ
သူတို႔သည္ ေဂ်႐ုဆလင္ၿမိဳ႕သို႔ေရာက္ၾကေသာအခါ ကိုယ္ေတာ္သည္ ဗိမာန္ေတာ္ထဲသို႔ဝင္၍ ဗိမာန္ေတာ္၌ ေရာင္းဝယ္ေနေသာသူတို႔ကိုႏွင္ထုတ္ကာ ေငြေၾကးလဲလွယ္သူတို႔၏စားပြဲမ်ားႏွင့္ ခ်ိဳးငွက္ေရာင္းသူတို႔၏ထိုင္ခုံမ်ားကို ေမွာက္လွန္ေတာ္မူ၏။