Mark 13:34 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဥ​ပ​မာ​ဆို​သော်​နိုင်​ငံ​ရပ်​ခြား​သို့​သွား​သူ​လူ တစ်​ယောက်​သည် မိ​မိ​၏​အိမ်​ကို​ငယ်​သား​များ လက်​တွင်​အပ်​ထား​ခဲ့​၏။ သူ​တို့​အား​ကိုယ်​စီ ကိုယ်​ငှ​လုပ်​ဆောင်​ရန်​တာ​ဝန်​ဝတ္တ​ရား​များ ကို​ပေး​အပ်​ခဲ့​၏။ တံ​ခါး​မှူး​အား​သ​တိ​နှင့် စောင့်​နေ​ရန်​မှာ​ထား​ခဲ့​၏။-
Burmese 1835 Version Judson
ဥပမာကား၊ လူတဦးသည် အခြားသောပြည်သို့ သွားမည်အကြံရှိသည်နှင့် မိမိအိမ်ကို ငယ်သားတို့ လက်သို့အပ်၍၊ သူတို့ဆောင်ရွက်စရာအမှုကို အသီးအသီးခွဲခန့်စီမံ၍၊ တံခါးမှူးကိုစောင့်နေစေဟု မှာထားပြီးမှ သွားသည်ဖြစ်၍၊
Burmese 1928
အိမ် ကို ထား ခဲ့၍ အ ခြား ပြည် သို့ ထွက် သွား သော် ကျွန် တို့ အား အ သီး အ သီး တာ ဝန် ဆိုင် ရာ အ ခွင့် အာ ဏာ အပ် နှင်း သည့် ပြင် တံခါး စောင့် အား လည်း စောင့် နေ စေ ရန် မှာ ထား သူ နှင့် တူ သည် ဖြစ်၍၊
Burmese 2021
ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် အ​ခြား​သော​ပြည်​သို့ သွား​မည်​အ​ကြံ​ရှိ​သည်​နှင့် မိ​မိ​အိမ်​ကို ငယ်​သား​တို့ လက်​သို့​အပ်၍၊ သူ​တို့​ဆောင်​ရွက်​စ​ရာ​အ​မှု​ကို အ​သီး​အ​သီး ခွဲ​ခန့်​စီ​မံ၍၊ တံ​ခါး​မှူး​ကို စောင့်​နေ​စေ​ဟု မှာ​ထား​ပြီး​မှ သွား​သည်​ဖြစ်၍၊-
Burmese JBZV
ဥ​ပ​မာ​ကား၊ လူ​တစ္​ဦး​သည္ အ​ျခား​ေသာ​ျပည္​သို႔ သြား​မည္​အ​ႀကံ​ရွိ​သည္​ႏွင့္ မိ​မိ​အိမ္​ကို ငယ္​သား​တို႔ လက္​သို႔​အပ္၍၊ သူ​တို႔​ေဆာင္​ရြက္​စ​ရာ​အ​မွု​ကို အ​သီး​အ​သီး ခြဲ​ခန္႔​စီ​မံ၍၊ တံ​ခါး​မွူး​ကို ေစာင့္​ေန​ေစ​ဟု မွာ​ထား​ၿပီး​မွ သြား​သည္​ျဖစ္၍၊-
Burmese MCLZV
ဥ​ပ​မာ​ဆို​ေသာ္​နိုင္​ငံ​ရပ္​ျခား​သို႔​သြား​သူ​လူ တစ္​ေယာက္​သည္ မိ​မိ​၏​အိမ္​ကို​ငယ္​သား​မ်ား လက္​တြင္​အပ္​ထား​ခဲ့​၏။ သူ​တို႔​အား​ကိုယ္​စီ ကိုယ္​ငွ​လုပ္​ေဆာင္​ရန္​တာ​ဝန္​ဝတၱ​ရား​မ်ား ကို​ေပး​အပ္​ခဲ့​၏။ တံ​ခါး​မွူး​အား​သ​တိ​ႏွင့္ ေစာင့္​ေန​ရန္​မွာ​ထား​ခဲ့​၏။-
Burmese MSBU
ဤသည်ကား ခရီးထွက်​မည့်​လူ​တစ်​ဦး​သည် မိမိ​အိမ်​မှ​ထွက်ခွာ​ရာ​တွင် မိမိ​အစေအပါး​အသီးသီး​တို့​အား သူ​တို့​လုပ်ဆောင်​ရ​မည့်​အမှု​နှင့်တကွ အခွင့်​အာဏာ​ကို​ပေး​၍ တံခါးမှူး​ကို​လည်း သတိ​နှင့်​စောင့်​နေ​ရန် မှာကြား​သည်​နှင့်​တူ​၏။
Burmese MSBZ
ဤသည္ကား ခရီးထြက္​မည့္​လူ​တစ္​ဦး​သည္ မိမိ​အိမ္​မွ​ထြက္ခြာ​ရာ​တြင္ မိမိ​အေစအပါး​အသီးသီး​တို႔​အား သူ​တို႔​လုပ္ေဆာင္​ရ​မည့္​အမႈ​ႏွင့္တကြ အခြင့္​အာဏာ​ကို​ေပး​၍ တံခါးမႉး​ကို​လည္း သတိ​ႏွင့္​ေစာင့္​ေန​ရန္ မွာၾကား​သည္​ႏွင့္​တူ​၏။