Mark 14:49 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ငါသည်နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင် သင်တို့ ရှေ့မှာဟောပြောသွန်သင်ခဲ့၏။ သင်တို့ငါ့ကို မဖမ်းမဆီးခဲ့ကြ။ သို့ရာတွင်ကျမ်းစာလာ သည်အတိုင်းဖြစ်ပျက်ရမည်'' ဟုထိုသူတို့ အားမိန့်တော်မူ၏။
Burmese 1835 Version Judson
ငါသည် ဗိမာန်တော်၌ နေ့တိုင်းဆုံးမဩဝါဒပေးလျက်၊ သင်တို့အလယ်၌ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဘမ်းမဆီးကြ။ ဤအကြောင်းအရာကား၊
Burmese 1928
ငါ သည် သင် တို့ ရှေ့ ဗိ မာန် တော် တွင် နေ့ တိုင်း ဒေ သ နာ ပေး လျက် ထိုင် နေ စဉ် မ ဖမ်း ကြ ပါ တ ကား၊ ဤ အ ခြင်း အ ရာ မှာ ကျမ်း ချက် များ ပြည့် စုံ စေ ခြင်း ငှာ တည်း ဟု မိန့် တော် မူ၏။
Burmese 2021
ငါသည် ဗိမာန်တော်၌ နေ့တိုင်း ဆုံးမဩဝါဒပေးလျက်၊ သင်တို့အလယ်၌ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဖမ်းမဆီးကြ။ ဤအကြောင်းအရာကား၊-
Burmese JBZV
ငါသည္ ဗိမာန္ေတာ္၌ ေန႔တိုင္း ဆုံးမဩဝါဒေပးလ်က္၊ သင္တို႔အလယ္၌ ရွိေနစဥ္အခါ သင္တို႔သည္ ငါ့ကို မဖမ္းမဆီးၾက။ ဤအေၾကာင္းအရာကား၊-
Burmese MCLZV
ငါသည္ေန႔စဥ္ေန႔တိုင္းဗိမာန္ေတာ္တြင္ သင္တို႔ ေရွ႕မွာေဟာေျပာသြန္သင္ခဲ့၏။ သင္တို႔ငါ့ကို မဖမ္းမဆီးခဲ့ၾက။ သို႔ရာတြင္က်မ္းစာလာ သည္အတိုင္းျဖစ္ပ်က္ရမည္'' ဟုထိုသူတို႔ အားမိန႔္ေတာ္မူ၏။
Burmese MSBU
ငါသည် နေ့တိုင်း သင်တို့နှင့်အတူရှိလျက် ဗိမာန်တော်၌သွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ဤသို့ဖြစ်ခြင်းမှာ ကျမ်းစာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း” ဟု မိန့်တော်မူ၏။
Burmese MSBZ
ငါသည္ ေန႔တိုင္း သင္တို႔ႏွင့္အတူရွိလ်က္ ဗိမာန္ေတာ္၌သြန္သင္ေနခဲ့ေသာ္လည္း သင္တို႔သည္ ငါ့ကိုမဖမ္းဆီးၾက။ သို႔ေသာ္ ဤသို႔ျဖစ္ျခင္းမွာ က်မ္းစာျပည့္စုံျခင္းသို႔ေရာက္မည့္အေၾကာင္းတည္း” ဟု မိန႔္ေတာ္မူ၏။