Mark 14:53 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို​သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို ယဇ်​ပု​ရော​ဟိတ် မင်း​၏​ကျောင်း​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ထို​ကျောင်း​တော်​တွင်​စု​ရုံး​လျက်​ရှိ​နေ​ကြ သည်။-
Burmese 1835 Version Judson
ထိုသူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ဆောင်သွားကြ၏။ ထိုမင်းထံ၌ ယဇ်ပုရောဟိတ် အကြီး၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာအပေါင်းတို့သည် စည်းဝေးကြ၏။
Burmese 1928
ယေ ရှု ကို ပ ရော ဟိတ် မင်း ထံ ယူ သွား ကြ သော် ပ ရော ဟိတ် ကြီး များ၊ လူ ကြီး များ နှင့် ကျမ်း တတ် ဆ ရာ ရှိ သ မျှ တို့ လည်း စု ရုံး လာ ရောက် ကြ၏။
Burmese 2021
ထို​သူ​တို့​သည် ယေ​ရှု​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ​သို့ ဆောင်​သွား​ကြ၏။ ထို​မင်း​ထံ၌ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ​အ​ပေါင်း​တို့​သည် စည်း​ဝေး​ကြ၏။-
Burmese JBZV
ထို​သူ​တို႔​သည္ ေယ​ရွု​ကို ယဇ္​ပု​ေရာ​ဟိတ္​မင္း​ထံ​သို႔ ေဆာင္​သြား​ၾက၏။ ထို​မင္း​ထံ၌ ယဇ္​ပု​ေရာ​ဟိတ္​အ​ႀကီး၊ လူ​အ​ႀကီး​အ​ကဲ၊ က်မ္း​ျပဳ​ဆ​ရာ​အ​ေပါင္း​တို႔​သည္ စည္း​ေဝး​ၾက၏။-
Burmese MCLZV
ထို​သူ​တို႔​သည္​သ​ခင္​ေယ​ရွု​ကို ယဇ္​ပု​ေရာ​ဟိတ္ မင္း​၏​ေက်ာင္း​ေတာ္​သို႔​ေခၚ​ေဆာင္​သြား​ၾက​၏။ ယဇ္​ပု​ေရာ​ဟိတ္​ႀကီး​မ်ား၊ ဘာ​သာ​ေရး​ေခါင္း ေဆာင္​မ်ား​ႏွင့္​က်မ္း​တတ္​ဆ​ရာ​မ်ား​သည္ ထို​ေက်ာင္း​ေတာ္​တြင္​စု​႐ုံး​လ်က္​ရွိ​ေန​ၾက သည္။-
Burmese MSBU
ထို့နောက် သူ​တို့​သည် ယေရှု​ကို ယဇ်ပုရောဟိတ်​မင်း​ထံသို့ ခေါ်ဆောင်​သွား​ကြ​ရာ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ သက်ကြီးဝါကြီး​များ​နှင့်​ကျမ်းပြု​ဆရာ​များ​အားလုံး​သည် စုဝေး​လာ​ကြ​၏။
Burmese MSBZ
ထို႔ေနာက္ သူ​တို႔​သည္ ေယရႈ​ကို ယဇ္ပုေရာဟိတ္​မင္း​ထံသို႔ ေခၚေဆာင္​သြား​ၾက​ရာ ယဇ္ပုေရာဟိတ္​အႀကီးအကဲ​မ်ား၊ သက္ႀကီးဝါႀကီး​မ်ား​ႏွင့္​က်မ္းျပဳ​ဆရာ​မ်ား​အားလုံး​သည္ စုေဝး​လာ​ၾက​၏။