Mark 16:20 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
တပည့်တော်တို့သည်အရပ်တကာသို့သွားရောက် ၍ တရားဟောပြောကြ၏။ သခင်ဘုရားသည် သူတို့နှင့်အတူလုပ်ဆောင်၍ သူတို့ဟောပြောသော တရားတော်မှန်ကန်ကြောင်းကိုသက်သေပြရန် သူတို့အားနိမိတ်လက္ခဏာများပြနိုင်သော တန်ခိုးကိုပေးတော်မူ၏။] ရှင်မာကုခရစ်ဝင်ပြီး၏။
Burmese 1835 Version Judson
တပည့်တော်တို့သည်လည်း ထွက်သွား၍၊ သခင်ဘုရားသည် မစတော်မူသည်နှင့်၎င်း၊ ခပ်သိမ်းသော အရပ်တို့၌ တရားဟောကြ၏။
Burmese 1928
တ ပည့် တော် တို့ လည်း ထွက် သွား ပြီး လျှင် အ ရှင် ဘု ရား ခွန် အား ပေး တော် မူ လျက် ဖြစ် ပျက် သော နိ မိတ် လ က္ခ ဏာ များ အား ဖြင့် တ ရား တော် ကို အ တည် ပြု တော် မူ ရာ တွင် အ ရပ် ရပ်၌ ဟော ပြော ကြ ကုန်၏။
Burmese 2021
တပည့်တော်တို့သည်လည်း ထွက်သွား၍၊ သခင်ဘုရားသည် မစတော်မူသည်နှင့်လည်းကောင်း၊ သူတို့၌ဖြစ်သော နိမိတ်လက္ခဏာအားဖြင့် နှုတ်ကပတ်တရားတော်ကို တည်စေတော်မူသည်နှင့်လည်းကောင်း ခပ်သိမ်းသောအရပ်တို့၌ တရားဟောကြ၏။ ရှင်မာကုခရစ်ဝင်ပြီး၏။
Burmese JBZV
တပည့္ေတာ္တို႔သည္လည္း ထြက္သြား၍၊ သခင္ဘုရားသည္ မစေတာ္မူသည္ႏွင့္လည္းေကာင္း၊ သူတို႔၌ျဖစ္ေသာ နိမိတ္လကၡဏာအားျဖင့္ ႏွုတ္ကပတ္တရားေတာ္ကို တည္ေစေတာ္မူသည္ႏွင့္လည္းေကာင္း ခပ္သိမ္းေသာအရပ္တို႔၌ တရားေဟာၾက၏။ ရွင္မာကုခရစ္ဝင္ၿပီး၏။
Burmese MCLZV
တပည့္ေတာ္တို႔သည္အရပ္တကာသို႔သြားေရာက္ ၍ တရားေဟာေျပာၾက၏။ သခင္ဘုရားသည္ သူတို႔ႏွင့္အတူလုပ္ေဆာင္၍ သူတို႔ေဟာေျပာေသာ တရားေတာ္မွန္ကန္ေၾကာင္းကိုသက္ေသျပရန္ သူတို႔အားနိမိတ္လကၡဏာမ်ားျပနိုင္ေသာ တန္ခိုးကိုေပးေတာ္မူ၏။] ရွင္မာကုခရစ္ဝင္ၿပီး၏။
Burmese MSBU
ထိုအခါ တပည့်တော်တို့သည်ထွက်သွား၍ နေရာအနှံ့တရားဟောကြ၏။ သခင်ဘုရားသည်လည်း သူတို့နှင့်အတူလုပ်ဆောင်တော်မူ၍ နိမိတ်လက္ခဏာများကိုပူးတွဲပါဝင်စေခြင်းအားဖြင့် နှုတ်ကပတ်တရားတော်ကို တည်မြဲစေတော်မူ၏။]
Burmese MSBZ
ထိုအခါ တပည့္ေတာ္တို႔သည္ထြက္သြား၍ ေနရာအႏွံ႔တရားေဟာၾက၏။ သခင္ဘုရားသည္လည္း သူတို႔ႏွင့္အတူလုပ္ေဆာင္ေတာ္မူ၍ နိမိတ္လကၡဏာမ်ားကိုပူးတြဲပါဝင္ေစျခင္းအားျဖင့္ ႏႈတ္ကပတ္တရားေတာ္ကို တည္ၿမဲေစေတာ္မူ၏။]