Mark 6:48 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
လေကိုဆန်၍ခက်ခဲစွာလှော်ခတ်ရကြသဖြင့် တပည့်တော်တို့သည်ဒုက္ခရောက်လျက်ရှိကြသည် ကိုမြင်တော်မူသောအခါ ကိုယ်တော်သည်ရေပေါ် မှာလျှောက်၍သူတို့ထံသို့ကြွတော်မူ၏။ အချိန် ကားမိုးသောက်ယံအချိန်ဖြစ်၏။ ကိုယ်တော်သည် သူတို့အနီးမှဖြတ်ကျော်၍ကြွမည်ပြု၏။-
Burmese 1835 Version Judson
လေမသင့်သောကြောင့် တပည့်တော်တို့သည် တက်ခတ်၍ပင်ပန်းကြသည်ကို မြင်တော်မူ၏။ ညသုံး ချက်တီးကျော်အချိန်၌ အိုင်ပေါ်မှ စက်တော်ဖြန့်လျက်၊ သူတို့ရှိရာသို့ကြွ၍ အနားမှာ ရှောက်သွားမည် ပြု တော်မူ၏။
Burmese 1928
လေ မ သင့်၍ ပင် ပန်း စွာ ခတ် လျက် ရှိ နေ ကြ သည် ကို မြင် တော် မူ သော် သန်း ခေါင် ကျော် သုံး နာ ရီ ခန့် အ ချိန်၌ အိုင် ရေ ပေါ် တွင် စက် တော် ဖြန့် လျက် တ ပည့် တော် တို့ ထံ ကြွ ရာ လွန် သွား မည် ပြု တော် မူ၏။
Burmese 2021
လေမသင့်သောကြောင့် တပည့်တော်တို့သည် တက်ခတ်၍ ပင်ပန်းကြသည်ကို မြင်တော်မူ၏။ ညသုံးချက်တီးကျော်အချိန်၌ အိုင်ပေါ်မှ စက်တော်ဖြန့်လျက်၊ သူတို့ရှိရာသို့ကြွ၍ အနားမှာ လျှောက်သွားမည် ပြုတော်မူ၏။-
Burmese JBZV
ေလမသင့္ေသာေၾကာင့္ တပည့္ေတာ္တို႔သည္ တက္ခတ္၍ ပင္ပန္းၾကသည္ကို ျမင္ေတာ္မူ၏။ ညသုံးခ်က္တီးေက်ာ္အခ်ိန္၌ အိုင္ေပၚမွ စက္ေတာ္ျဖန္႔လ်က္၊ သူတို႔ရွိရာသို႔ႂကြ၍ အနားမွာ ေလၽွာက္သြားမည္ ျပဳေတာ္မူ၏။-
Burmese MCLZV
ေလကိုဆန္၍ခက္ခဲစြာေလွာ္ခတ္ရၾကသျဖင့္ တပည့္ေတာ္တို႔သည္ဒုကၡေရာက္လ်က္ရွိၾကသည္ ကိုျမင္ေတာ္မူေသာအခါ ကိုယ္ေတာ္သည္ေရေပၚ မွာေလၽွာက္၍သူတို႔ထံသို႔ႂကြေတာ္မူ၏။ အခ်ိန္ ကားမိုးေသာက္ယံအခ်ိန္ျဖစ္၏။ ကိုယ္ေတာ္သည္ သူတို႔အနီးမွျဖတ္ေက်ာ္၍ႂကြမည္ျပဳ၏။-
Burmese MSBU
လေဆန်သောကြောင့် လှော်ခတ်၍ ပင်ပန်းနေကြသောတပည့်တော်တို့ကို ကိုယ်တော်မြင်တော်မူလျှင် မိုးသောက်ယံအချိန်ဝန်းကျင်၌ ပင်လယ်ပေါ်တွင်လမ်းလျှောက်လျက် သူတို့ထံသို့ကြွတော်မူပြီး သူတို့ကိုကျော်ဖြတ်သွားမည်ပြုလေ၏။
Burmese MSBZ
ေလဆန္ေသာေၾကာင့္ ေလွာ္ခတ္၍ ပင္ပန္းေနၾကေသာတပည့္ေတာ္တို႔ကို ကိုယ္ေတာ္ျမင္ေတာ္မူလွ်င္ မိုးေသာက္ယံအခ်ိန္ ဝန္းက်င္၌ ပင္လယ္ေပၚတြင္လမ္းေလွ်ာက္လ်က္ သူတို႔ထံသို႔ႂကြေတာ္မူၿပီး သူတို႔ကိုေက်ာ္ျဖတ္သြားမည္ျပဳေလ၏။