Matthew 10:8 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မကျန်းမာသူတို့ကိုကျန်းမာစေကြလော့။ သေသူ တို့အားပြန်၍ရှင်စေကြလော့။ အရေပြားရောဂါ သည်တို့ကိုသန့်စင်စေကြလော့။ နတ်မိစ္ဆာတို့ကိုနှင် ထုတ်ကြလော့။ သင်တို့သည်ကျေးဇူးတော်ကိုအခ မဲ့ခံစားရကြပြီဖြစ်၍ သူတစ်ပါးတို့အားအခ မယူဘဲပေးကမ်းကြလော့။-
Burmese 1835 Version Judson
နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူ တို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဘိုးမပေးဘဲ ကျေးဇူးတော် ကို ခံရကြပြီဖြစ်၍ အဘိုးမခံဘဲ ပေးကမ်းကြလော့။
Burmese 1928
နာ သူ တို့ ကို ကျန်း မာ စေ ကြ လော့၊ သေ သူ တို့ ကို ရှင် ပြန် စေ ကြ လော့၊ နူ သူ တို့ ကို သန့် စေ ကြ လော့။ နတ် များ ကို နှင် ထုတ် ကြ လော့၊ အ ဖိုး မဲ့ ရ ကြ သည့် အ လျောက် အ ခ မဲ့ ပေး ကြ လော့။
Burmese 2021
နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးမပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီဖြစ်၍ အဖိုးမခံဘဲ ပေးကမ်းကြလော့။-
Burmese JBZV
နာေသာသူတို႔အား ခ်မ္းသာေပးၾကေလာ့။ ေသေသာသူတို႔ကို ထေျမာက္ေစၾကေလာ့။ ႏူေသာသူတို႔ကို သန္႔ရွင္းေစၾကေလာ့။ နတ္ဆိုးတို႔ကိုလည္း ႏွင္ထုတ္ၾကေလာ့။ သင္တို႔သည္ အဖိုးမေပးဘဲ ေက်းဇူးေတာ္ကို ခံရၾကၿပီျဖစ္၍ အဖိုးမခံဘဲ ေပးကမ္းၾကေလာ့။-
Burmese MCLZV
မက်န္းမာသူတို႔ကိုက်န္းမာေစၾကေလာ့။ ေသသူ တို႔အားျပန္၍ရွင္ေစၾကေလာ့။ အေရျပားေရာဂါ သည္တို႔ကိုသန႔္စင္ေစၾကေလာ့။ နတ္မိစၧာတို႔ကိုႏွင္ ထုတ္ၾကေလာ့။ သင္တို႔သည္ေက်းဇူးေတာ္ကိုအခ မဲ့ခံစားရၾကၿပီျဖစ္၍ သူတစ္ပါးတို႔အားအခ မယူဘဲေပးကမ္းၾကေလာ့။-
Burmese MSBU
နာမကျန်းဖြစ်သူတို့ကို ကျန်းမာစေကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ အနာကြီးရောဂါသည်တို့ကို စင်ကြယ်စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အခမဲ့ရရှိကြသည့်အလျောက် အခမဲ့ပေးကြလော့။
Burmese MSBZ
နာမက်န္းျဖစ္သူတို႔ကို က်န္းမာေစၾကေလာ့။ ေသေသာသူတို႔ကို ထေျမာက္ေစၾကေလာ့။ အနာႀကီးေရာဂါသည္တို႔ကို စင္ၾကယ္ေစၾကေလာ့။ နတ္ဆိုးမ်ားကို ႏွင္ထုတ္ၾကေလာ့။ သင္တို႔သည္ အခမဲ့ရရွိၾကသည့္အေလ်ာက္ အခမဲ့ေပးၾကေလာ့။