Matthew 18:12 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``သင်တို့သည်အဘယ်သို့ထင်မှတ်ကြသနည်း။ လူတစ်ယောက်သည်မိမိမှာရှိသည့်သိုးတစ်ရာ အနက်တစ်ကောင်ပျောက်သွားလျှင်ကိုးဆယ် ကိုးကောင်ကိုတောင်ပေါ်စားကျက်တွင်ထားခဲ့ ပြီးလျှင်ပျောက်သောသိုးကိုလိုက်၍မရှာဘဲ နေပါမည်လော။-
Burmese 1835 Version Judson
အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည်လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူ သည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။
Burmese 1928
မည် သို့ ထင် ကြ သ နည်း။ လူ တစ် ယောက် မှာ သိုး တစ် ရာ ရှိ၍ တစ် ကောင် လမ်း လွဲ လျှင် ကျန် ကိုး ဆယ့် ကိုး ကောင် ကို တောင် တန်း ပေါ် တွင် ထား ခဲ့ ပြီး သော် လမ်း လွဲ သော သိုး ကို ရှာ ရန် သွား မည် မ ဟုတ် လော။
Burmese 2021
အဘယ်သို့ ထင်ကြသနည်း။ သိုးတစ်ရာရှိသောသူ၌ သိုးတစ်ကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတစ်ကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။-
Burmese JBZV
အဘယ္သို႔ ထင္ၾကသနည္း။ သိုးတစ္ရာရွိေသာသူ၌ သိုးတစ္ေကာင္သည္ လမ္းလြဲ၍ေပ်ာက္လၽွင္၊ ထိုသူသည္ ကိုးဆယ္ကိုးေကာင္ေသာ သိုးတို႔ကို ေတာင္ေပၚမွာထားခဲ့ၿပီးမွ၊ လမ္းလြဲ၍ေပ်ာက္ေသာ သိုးတစ္ေကာင္ကို သြား၍ရွာတတ္သည္ မဟုတ္ေလာ။-
Burmese MCLZV
``သင္တို႔သည္အဘယ္သို႔ထင္မွတ္ၾကသနည္း။ လူတစ္ေယာက္သည္မိမိမွာရွိသည့္သိုးတစ္ရာ အနက္တစ္ေကာင္ေပ်ာက္သြားလၽွင္ကိုးဆယ္ ကိုးေကာင္ကိုေတာင္ေပၚစားက်က္တြင္ထားခဲ့ ၿပီးလၽွင္ေပ်ာက္ေသာသိုးကိုလိုက္၍မရွာဘဲ ေနပါမည္ေလာ။-
Burmese MSBU
သင်တို့မည်သို့ထင်ကြသနည်း။ တစ်စုံတစ်ယောက်သောသူ၌ သိုးအကောင်တစ်ရာရှိပြီး ၎င်းတို့ထဲမှ တစ်ကောင်သည် လမ်းလွဲပျောက်ဆုံးလျှင် သူသည် ကိုးဆယ့်ကိုးကောင်ကို တောင်ပေါ်၌ထားခဲ့၍ လမ်းလွဲပျောက်ဆုံးနေသောသိုးကို သွား၍ရှာမည်မဟုတ်လော။
Burmese MSBZ
သင္တို႔မည္သို႔ထင္ၾကသနည္း။ တစ္စုံတစ္ေယာက္ေသာသူ၌ သိုးအေကာင္တစ္ရာရွိၿပီး ၎တို႔ထဲမွ တစ္ေကာင္သည္ လမ္းလြဲေပ်ာက္ဆုံးလွ်င္ သူသည္ ကိုးဆယ့္ကိုးေကာင္ကို ေတာင္ေပၚ၌ထားခဲ့၍ လမ္းလြဲေပ်ာက္ဆုံးေနေသာသိုးကို သြား၍ရွာမည္မဟုတ္ေလာ။