Matthew 20:30 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သခင်ယေရှုကြွသွားတော်မူကြောင်းကို လမ်း အနီးတွင်ထိုင်နေသောမျက်မမြင်နှစ်ယောက်တို့ ကြားသိသောအခါ ``အရှင်၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ'' ဟုဟစ်အော် ကြ၏။
Burmese 1835 Version Judson
ယေရှုသည် ကြွသွားတော်မူကြောင်းကို လမ်းနားမှာထိုင်နေသော လူကန်းနှစ်ယောက်တို့သည် ကြားရ လျှင်။ ဒါဝိဒ်၏သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။
Burmese 1928
လမ်း နံ ဘေး တွင် ထိုင် နေ သော သူ ကန်း နှစ် ယောက် သည် ယေ ရှု လျှောက် ကြွ တော် မူ သည် ကို ကြား သော် ဒါ ဝိဒ် မင်း သား တော် အ ရှင် ဘု ရား သ နား တော် မူ ပါ ဟု အော် ဟစ် သည့် ကာ လ ဆိတ် ဆိတ် နေ စေ ရန် လူ ပ ရိ သတ် ဆုံး မ ကြ သော် လည်း၊
Burmese 2021
ယေရှုသည် ကြွသွားတော်မူကြောင်းကို လမ်းနားမှာထိုင်နေသော လူကန်းနှစ်ယောက်တို့သည် ကြားရလျှင် ဒါဝိဒ်၏သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။
Burmese JBZV
ေယရွုသည္ ႂကြသြားေတာ္မူေၾကာင္းကို လမ္းနားမွာထိုင္ေနေသာ လူကန္းႏွစ္ေယာက္တို႔သည္ ၾကားရလၽွင္ ဒါဝိဒ္၏သားေတာ္အရွင္၊ အကၽြန္ုပ္တို႔ကို ကယ္မသနားေတာ္မူပါဟု ဟစ္ေၾကာ္ေလ၏။
Burmese MCLZV
သခင္ေယရွုႂကြသြားေတာ္မူေၾကာင္းကို လမ္း အနီးတြင္ထိုင္ေနေသာမ်က္မျမင္ႏွစ္ေယာက္တို႔ ၾကားသိေသာအခါ ``အရွင္၊ ဒါဝိဒ္၏သားေတာ္၊ အကၽြန္ုပ္တို႔ကိုသနားေတာ္မူပါ'' ဟုဟစ္ေအာ္ ၾက၏။
Burmese MSBU
ထိုစဉ် လမ်းဘေးတွင် ထိုင်နေသော မျက်မမြင်နှစ်ဦးသည် ယေရှုဖြတ်သွားတော်မူကြောင်းကြား၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု အော်ဟစ်ကြ၏။
Burmese MSBZ
ထိုစဥ္ လမ္းေဘးတြင္ ထိုင္ေနေသာ မ်က္မျမင္ႏွစ္ဦးသည္ ေယရႈျဖတ္သြားေတာ္မူေၾကာင္းၾကား၍ “သခင္ဘုရား၊ ဒါဝိဒ္၏သားေတာ္၊ အကြၽႏ္ုပ္တို႔ကို သနားေတာ္မူပါ”ဟု ေအာ္ဟစ္ၾက၏။