Matthew 21:12 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သခင်ယေရှုသည်ဗိမာန်တော်သို့ဝင်တော်မူ၍ ဗိမာန်တော်အတွင်းမှရောင်းဝယ်နေသူတို့ကို နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏စားပွဲ များနှင့်ချိုးငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်ပစ်တော်မူ၏။-
Burmese 1835 Version Judson
ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကို၎င်း တွန်းလှဲတော်မူလျက်၊
Burmese 1928
ယေ ရှု သည် ဗိ မာန် တော် အ တွင်း ဝင် ပြီး လျှင် ရောင်း ဝယ် ရှိ နေ သူ အ ပေါင်း တို့ ကို နှင် ထုတ်၍ ကြေး ငွေ လဲ လှယ် သူ တို့ ၏ စား ပွဲ များ နှင့် ချိုး ရောင်း သော သူ တို့၏ ထိုင် ခုံ များ ကို မှောက် လှန် တော် မူ လျက်
Burmese 2021
ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကိုလည်းကောင်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကိုလည်းကောင်း တွန်းလှဲတော်မူလျက်၊-
Burmese JBZV
ေယရွုသည္ ဘုရားသခင္၏ဗိမာန္ေတာ္သို႔ ဝင္ေတာ္မူၿပီးလၽွင္၊ ဗိမာန္ေတာ္၌ေရာင္းဝယ္ေသာသူ အေပါင္းတို႔ကို ႏွင္ထုတ္၍၊ ေငြလဲေသာသူတို႔၏ ခုံမ်ားကိုလည္းေကာင္း၊ ခ်ိဳးငွက္ေရာင္းေသာသူတို႔၏ ထိုင္ေနရာကိုလည္းေကာင္း တြန္းလွဲေတာ္မူလ်က္၊-
Burmese MCLZV
သခင္ေယရွုသည္ဗိမာန္ေတာ္သို႔ဝင္ေတာ္မူ၍ ဗိမာန္ေတာ္အတြင္းမွေရာင္းဝယ္ေနသူတို႔ကို ႏွင္ထုတ္ေတာ္မူ၏။ ေငြလဲလွယ္သူတို႔၏စားပြဲ မ်ားႏွင့္ခ်ိဳးငွက္ေရာင္းသူတို႔၏ထိုင္ခုံမ်ားကို ေမွာက္လွန္ပစ္ေတာ္မူ၏။-
Burmese MSBU
ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်နေသောသူအပေါင်းတို့ကို နှင်ထုတ်ပြီး ငွေကြေးလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းနေသောသူတို့၏ထိုင်ခုံများကို မှောက်လှန်တော်မူကာ
Burmese MSBZ
ေယရႈသည္ ဗိမာန္ေတာ္ ထဲသို႔ဝင္၍ ဗိမာန္ေတာ္၌ ေရာင္းဝယ္ေနေသာသူအေပါင္းတို႔ကို ႏွင္ထုတ္ၿပီး ေငြေၾကးလဲလွယ္သူတို႔၏စားပြဲမ်ားႏွင့္ ခ်ိဳးငွက္ေရာင္းေနေသာသူတို႔၏ထိုင္ခုံမ်ားကို ေမွာက္လွန္ေတာ္မူကာ