Matthew 22:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မင်းကြီးက `ငါ၏ညစာစားပွဲအသင့်ရှိပြီ။ နွား အစရှိသည့်ဆူဖြိုးသောတိရစ္ဆာန်များကိုလည်း သတ်ပြီးပြီ။ အားလုံးအဆင်သင့်ရှိပြီဖြစ်၍ မင်္ဂလာဆောင်ပွဲသို့ကြွရောက်ကြပါ' ဟုဖိတ် ကြားထားသူတို့အားပြောကြလော့ဟူ၍ အခြားမင်းစေတို့အားလွှတ်တော်မူ၏။-
Burmese 1835 Version Judson
တဖန် အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကို ငါပြင်ဆင်ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန် များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဘိတ်ပြီးသောသူတို့အား ပြောကြဟု မှာလိုက်ပြန်၏။
Burmese 1928
အ ခြား သော မင်း စေ များ ကို လွှတ် ပြန်၍ ပွဲ တော် ပြင် ဆင် ပြီး နွား စ သော ဆူ ဖြိုး သည့် ဟင်း လျာ များ ကို စီ ရင် ပြီ။ အ ရာ ခပ် သိမ်း အ သင့် ရှိ ပြီ။ မင်္ဂ လာ ဆောင် ပွဲ သို့ လာ ရောက် ကြ ပါ ဟု ဖိတ် ထား သူ တို့ အား ကြား ပြော စေ ရန် မှာ လိုက် သော် လည်း။၊
Burmese 2021
တစ်ဖန် အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကို ငါပြင်ဆင်ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန်များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဖိတ်ပြီးသောသူတို့အား ပြောကြဟု မှာလိုက်ပြန်၏။-
Burmese JBZV
တစ္ဖန္ အျခားေသာလုလင္တို႔ကို ေစလႊတ္၍ ငါ့ပြဲကို ငါျပင္ဆင္ၿပီ။ ႏြားမွစေသာ ဆူၿဖိဳးေသာ တိရစၧာန္မ်ားကို သတ္၍ၿပီးၿပီ။ အလုံးစုံတို႔သည္ အသင့္ရွိၿပီ။ မဂၤလာေဆာင္ပြဲသို႔ လာၾကပါဟု ဖိတ္ၿပီးေသာသူတို႔အား ေျပာၾကဟု မွာလိုက္ျပန္၏။-
Burmese MCLZV
မင္းႀကီးက `ငါ၏ညစာစားပြဲအသင့္ရွိၿပီ။ ႏြား အစရွိသည့္ဆူၿဖိဳးေသာတိရစၧာန္မ်ားကိုလည္း သတ္ၿပီးၿပီ။ အားလုံးအဆင္သင့္ရွိၿပီျဖစ္၍ မဂၤလာေဆာင္ပြဲသို႔ႂကြေရာက္ၾကပါ' ဟုဖိတ္ ၾကားထားသူတို႔အားေျပာၾကေလာ့ဟူ၍ အျခားမင္းေစတို႔အားလႊတ္ေတာ္မူ၏။-
Burmese MSBU
တစ်ဖန် သူသည် အခြားသောအစေအပါးတို့အား ‘ငါ၏ဧည့်ခံပွဲကို ငါပြင်ဆင်ထားပြီ။ ငါ၏နွားလားနှင့် ဆူဖြိုးသောတိရစ္ဆာန်များကို သတ်ပြီးပြီ။ အားလုံးအဆင်သင့်ဖြစ်ပြီ။ မင်္ဂလာဆောင်ပွဲသို့ ကြွကြပါဟု ဖိတ်ခေါ်ထားသောသူတို့ကို ပြောကြလော့’ဟူ၍ မှာကြားလျက် စေလွှတ်လေ၏။
Burmese MSBZ
တစ္ဖန္ သူသည္ အျခားေသာအေစအပါးတို႔အား ‘ငါ၏ဧည့္ခံပြဲကို ငါျပင္ဆင္ထားၿပီ။ ငါ၏ႏြားလားႏွင့္ ဆူၿဖိဳးေသာတိရစာၦန္မ်ားကို သတ္ၿပီးၿပီ။ အားလုံးအဆင္သင့္ျဖစ္ၿပီ။ မဂၤလာေဆာင္ပြဲသို႔ ႂကြၾကပါဟု ဖိတ္ေခၚထားေသာသူတို႔ကို ေျပာၾကေလာ့’ဟူ၍ မွာၾကားလ်က္ ေစလႊတ္ေလ၏။